SarPhat Author
"မတည်မြဲတဲ့ လောကနိယာမအကြောင်းကို သိနာလည်ပြီဆိုရင် အဲဒီမမြဲတဲ့တရားကို ဖမ်းဆုပ်ဖို့ကြိုးစားလည်း အလကားပါပဲ " လို့ Lao Tzu ကဆိုခဲ့ဖူးတယ်။
မြတ်ဗုဒ္ဓကလည်း လောကမှာ သတ္တဝါတို့တွေဟာ တွယ်တာမှုသံယောဇဥ်ကို အကြောင်းပြု၍ ဘဝသံသရာမှာ အဖန်ဖန် လည်နေကြတယ်လို့ ဟောကြားခဲ့ပါတယ်။
ဒီအကြောင်းကို ကြားကြားချင်း ကျွန်မ တခစ်ခစ်ရယ်မိတယ်။ပြဿနာအားလုံးဟာ တွယ်တာမှု အစွဲအလန်းပေါ်မှာ အကြောင်းခံတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့။ ကိုယ့်ရဲ့ အဖြစ်သနစ်ကို စေ့စေ့တွေးကြည့်တော့မှ ဒါဟာ အမှန်တရားပဲလို့ နားလည်လာတယ်။ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို အခြားသောသူတွေနဲ့ အချေအတင်ပြောဆိုကြည့်တော့မှ တွယ်တာမှု အစွဲအလန်းကြောင့် ဖြစ်ရတယ်ဆိုတာ အထင်းသားတွေ့လာရတယ်။
မျော်လင့်သည့်အတိုင်း ဖြစ်မလာတဲ့ ရလဒ်အပေါ်မှာ တွယ်ငြိမ့်နေတာကြောင့်လည်း ဒေါသဖြစ်ရတယ်။ ကိုယ်ရည်ရွယ်ထားတဲ့ အရာတွေ ဆုံးရှုံးရတဲ့အခါမှာ ဝမ်းနည်းမှုတွေနဲ့လည်း ကြုံကြရတတ်တယ်။ ဒါဟာလည်း တွယ်တာမှု အစွဲအလန်းကြောင့် ဖြစ်လာရတဲ့ ရလဒ်တစ်ခုပါပဲ။ ဘဝမှာ ကိုယ်က ချစ်ခင်ရဆုံး သူတွေ ဆုံးရုံးလိုက်ရလို့ ပူဆွေး သောကရောက်ရတာဟာလည်း တွယ်တာမှု သံယောဇဉ်ကြောင့်ပါပဲ။
ဒီနေ့ခေါတ်မှာတော့ ရုပ်ဝတ္ထုတွေအပေါ် စွဲလမ်းမှုဟာ ကန့်သတ်နယ် ရှိတယ်လို တွေးကောင်းတွေးကြပါလိမ့်မယ်။ ဒါပေမယ့် မမှန်ပါဘူး။ အဲဒီရုပ်ဝထ္ထုအပေါ်စွဲလမ်းစိတ်ကပဲ လူတွေအပေါ် ကူးဆက်လာတတ်ကြပါတာပါ။ ပြောရမယ်ဆိုရင် ဒီသံယောဇဉ်ဆိုတာ အရမ်းကိုယ် အန္တာရယ်ကြီးတဲ့ သဘောရှိတယ်။ လူသားတွေဆိုတာက အတော်တော်ကိုယ် ပြောရအခက်သား၊ လူ့စိတ်ဆိုတာ အခြားဘယ်အရာတွေထက်မဆို အပြောင်းအလဲ မြန်လွယ်တတ်တဲ့ သဘောလည်း ရှိနေပါတယ်။
သံယောဇဥ်ဆိုတာ လူတွေမှာ ကြုံ့ရတဲ့ ဖြစ်မြဲဓမ္မာတာဆိုပေမည့်လည်း မကြခဏဆိုသလို အခြေအနေတွေက သိမ်သိမ်မွေ့မွေ့နဲ့ ပြောင်လဲသွားတတ်တယ်။
အရေးကြီးဆုံး နာလည်ထားရမှာက သံယောဇဉ်ဆိုတာ ချက်ချင်း ကြီးဖြစ်လာတာမျိုးမဟုတ်ပါဘူး။ တကယ်တော့ သံယောဇဥ်ဖြစ်ရတာဟာ တစ်ဦးနဲ့တစ်ဦး ဖက်လဲ တကင်း အနေများရင် သံယောဇဥ်တွေဖြစ်ကြရစမြဲပါပဲ။
အထူးသဖြင့်ကောင်းကောင်း၊ဆိုးဆိုး ကိုယ့်အပေါ် မှာ နှိုက်နှိုက်ကာကာ အနိတ်နာခံပေးနိုင်သူဆိုရင် ပိုပြီးတော့ သံယောဇဥ်ဖြစ်ကြရတယ်။ သံယောဇဉ်ဆိုတာ အမြစ်တွယ်လာပြီဆိုရင် မိမိတို့ရဲ့တွယ်တာချစ်ခင်ရသူတွေအပေါ်မှာ ဆုံးရုံးရမှာကို ကြောက်ကြရတာချည်းပဲ ။ တနည်းအားဖြင့် တွယ်တာမိနေတဲ့ စိတ်ခံစားချက်ကိုပါ ပျောက်ဆုံးသွားမှာကို စိုးရိမ်လာရတယ်။
တစ်ခါတလေမှာ ဥပေက္ခာပြုရမှာကို ချီတုံချတုံနဲ့ အရမ်းကြောက်ကြပါတယ်။ တကယ်ဆိုရင် ဒါဟာ ထင်သလောက် ကြောက်လန့် တုန် လှုပ် စရာတော့ မဟုတ်ပါဘူး။ တစ်စုံတယောက်အပေါ် တွယ်မိနေတဲ့ သံယောဇဥ်ကို ဥပေက္ခာပြုရတော့မယ်ဆိုရင် လုံးဝကို ဖြုတ်မရအောင် ဖြစ်ကြရပါတယ်။
တစ်စုံတစ်ယောက်နဲ့ သံယောဇဥ် ဖြတ်တော့မယ်ဆိုရင် အဲဒီလူထံမှ ဘာကိုမှ မမျော်လင့်တာ အကောင်းဆုံးပါပဲ။ဒါမှသာ ပျော်ရွင်မှု တကယ်အစစ်အမှန်ကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။ တကယ့် ပျော်ရွင်မှု အစစ်ကို အပြင်မှာရှာဖွယ်နေမည့်အစား ပြီးပြည့်စုံတဲ့ ပျော်ရွင်မှုအစစ်ဆိုတာ ကိုယ့်ရဲ့အပေါ်မှာပဲ ရရှိခံစားနိုင်တယ်ဆိုတာကိုလည်း နားလည်းထားရပါမယ်။ အပြင်မှရလာတဲ့ ပျော်ရွင်မှုဆိုတာဟာ မိမိတို့ရဲ့ နဂိုရှိပြီးသား အရင်းခံ ပျော်ရွင်မှုအပေါ်မှာ ထပ်လောက် ဖြည့်စွက် တာလောက်ပဲ ရှိတာပါ။ စိတ်ချမ်းသာမှု အစစ်ဆိုတာ ဘာရှိတယ်၊ ညာရှိတယ်၊ ဘယ်သူကမရှိ၊ ဘယ်ဝါကရှိတယ် ဆိုတာနဲ့ မသက်ဆိုင်ပါဘူး။
သံယောဇဉ် အတွယ်ခံနေရတဲ့သူမှာ သာယာတဲ့စိတ် ဖြစ်ပေါ်နေတတ်တာကို မမေ့ကြဖို့လိုပါတယ်။ ဘယ်သူ့ကိုမှ ကိုယ့်စိတ်တိုင်းကျ မျော်လင့်သလို အံဝင်ဂွင်ကျဖြစ်အောင် ဖိအားပေး ရိုက်သွင်းလို့ မရပါဘူး။ သူတို့က တတ်နိုင်သလောက်ပဲ
ဖြည့်ဆည်းပေးနိုင်တာဖြစ်လို့ မျော်လင့်သလောက် မရနိုင်ဘူးဆိုတာကိုလည်း နားလည်းထားရပါမယ်။ဒါကြောင့် လူတွေကို သံယောဇဥ်တွယ်တဲ့ အချစ်မျိုးထက် အသွင်မတူပဲ ပေးဆပ်ချင်တဲ့ မေတ္တာမျိုးနဲ့ ချစ်လို့ရနိုင်ရင် အကောင်းဆုံးပါပဲ။
တပါးသူအပေါ်မှာ တွယ်နေရတဲ့ သံယောဇဥ် ပယ်သတ်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်ကို အရင်ဦးဆုံး အတွင်းကျကျ ရှုမြင်သုံးသတ်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ကိုယ်ကို ပိုချစ်မြတ်နိုးကြောင်း တွေ့လာရမှာပါ။ တကယ်တော့ လူသားတွေဟာ ကိုယ့်ကိုယ်တွင်းမှာ လစ်လပ်နေတဲ့အရာတွေကို အခြားသူတပါးဆီမှာ အမြဲလိုလို ရှာဖွယ်တတ်ကြတယ်။ ဥပမာ ကိုယ့်ကိုယ်ကို ချစ်တတ်လာတာဟာ သူတစ်ပါး ချစ်တာကို မခံယူ ချင်လို့ ဆိုတာမျိုးလည်း အဓိပ္ပါယ် မသက်ရောက်ပါဘူး။
လူ့သဘာဝအရ အချစ်ကို ခံယူချင်ကြစမြဲပါပဲ။ ဒါပေမဲ့ သူ့အလိုလိုဖြစ်တည်လာရတဲ့ အချစ်ရဲ့ သဘောကိုလည်းပဲ တန်ဖိုးထားတတ်ရပါမယ်။ ဒါပေမဲ့လည်း အဲဒီ အချစ်ကို မပျက်စီအောင် ကိုင်တွယ်ထိမ်းသိမ်းဖို့ ကြိုးစားနေတာထက် ဘာတွေပဲ ဖြစ်လာ ဖြစ်လာ လက်ခံတတ်ဖို့လိုပါတယ်။ လက်ရှိ လူသားတွေ ကြုံနေကြရတဲ့ အချစ်ဆိုတာ မျော်လင့်သလောက် ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း ထည့်သွင်းစဥ်းစားတတ်ဖို့လိုပါတယ်။ အချစ်တစ်ခု တည်တံ့ဖို့ တိုက်ပွဲ ဝင်နေမည့်အစား ကြာရှည်မခံတတ်တဲ့ အချစ်ရဲ့သဘောကို နားလည်ကာ လက်ရှိ တည်ရှိနေတဲ့ အချစ်ကို ရိုးရှင်းစွာနဲ့ မွေ့လျှော်အောင် နေသွားတတ်ဖို့ အရေးကြီးပါတယ်။
အနိစ္စသဘောကို နားမလည်တာဟာလည်း လူသားတွေမှာ ရစ်ပတ်နှောင်ဖွဲ့နေတဲ့ သံယောဇဉ် ဆိုတာကို တားဆီတဲ့နေရာမှာ အဓိက ကြီးလေးတဲ့ ပြဿနာကြီးဖြစ်နေတယ်။ ဗုဒ္ဓဟောကြားခဲ့သလို အဲဒီမမြဲတဲ့ အနိစ္စသဘောကို အမှန်တကယ် အာရုံပြုနလုံးသွင်းနေမယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ဘယ်အရာတွေကိုပဲဖြစ်ဖြစ် တွယ်ငြိမ့်စရာဆိုလို့ ဘဝမှာ ဖြစ်လာစရာ အကြောင်းမရှိနိုင်တော့ဘူးဆိုတာကို ကောင်ကောင်းနားလည်သွားမှာပါ။
အကယ်၍ ရှေ့မှာရှိနေတဲ့ စားပွဲ့တစ်လုံဟာ မနက်ဖန် ပျက်စီးသွားမယ်လို့ သိနေရင် အဲဒီစာပွဲအပေါ်မှာ စွဲလန်းစိတ်ဖြစ်နေအုံ့မှာ မဟုတ်တော့တာကတော့ သေရှာပါတယ်။ အဲဒါဟာ ကျွန်မရဲ့ ခံယူချက်ပဲ။ အဲဒီ စားပွဲတစ်လုံအပေါ်မှာ စွဲလန်းစိတ်နဲ့
ကိုယ့်ရဲ့ စွမ်းအင်တွေကိုပြုန်းတီးနေမည့်အစား ဘာပဲဖြစ်ဖြစ် ကျန်တာတွေနဲ့ အဆင်ပြေအောင် နေသွားလို့လည်း ရနိုင်ပါတယ်။ဘဝမှာ အနိစ္စသဘောဟူသမျှတို့ကို နားလည်ခြင်သည်သာ အဲဒီ မမြဲတဲ့ အနိစ္စသဘောကို အဆုံးသတ်ဖို့ တိုက်ထုတ်ရာမှာ ကူညီရာ ရောက်မှာပါ။
Kyi San Khin
Ref: Lettting Go of Attachment to People—the Buddhist Way.
Keep Reading