မြသွန်း(တောင်ဒဂုံ)

?Skinwalkerတွေဆိုတာ ခွေးပုံသဏ္ဍာန်လိုမျိုးပဲဖြစ်ဖြစ်၊ ဝံပုလွေပုံစံပဲဖြစ်ဖြစ်ပြောင်းလဲပြီးတော့ ဟန်ဆောင်နေထိုင်တတ်တဲ့အကောင်တွေပါ။ ဒီအကောင်တွေအပြင် တစ်ခြားတိရိစ္ဆာန်လိုပုံစံမျိုးလဲ ပြောင်းလဲတတ်ကြပါတယ်။ အဓိကအားဖြင့် skinwalkerတွေက တိရိစ္ဆာန်လေးတွေကိုစားသောက်ပြီးတော့ အဲ့ဒီအကောင်လေးတွေအဖြစ် ပြန်ပြီးဟန်ဆောင်နေတတ်ကြတာပါ။ ဒါမယ့်သူတို့က လူတွေကိုတော့ သိပ်ပြီးအန္တရာယ်ပေးလေ့မရှိပါဘူး။ ဒီSkinwalkerတွေက အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာ ရေပန်းစားပြီးတော့ ပြောရမယ်ဆိုရင် ကျွန်မတို့မြန်မာနိုင်ငံက စုန်းအကောင်တွေလိုမျိုးပါပဲ။ တစ်ချို့ဆိုရင် Skinwalkerဆိုတဲ့ စကားအသံထွက်ပြီးတော့တောင် မပြောဝံ့ကြတဲ့အထိ တကယ်ကို serious ကြီးယုံကြည်ပြီး ကြောက်ရွံ့နေကြတာဖြစ်ပါတယ်။ ဒီလိုကြောက်နေရတာကလည်း အင်တာနက်ပေါ်မှာရေပန်းစားသွားခဲ့တဲ့ Skinwalkerတွေ အပြင်မှာတကယ်တွေ့နေရတယ်ဆိုတဲ့သတင်းတွေကြောင့်ပါ။ တစ်ရက်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ခွေးကရေချိုးခန်းတံခါးကို မတ်တတ်ရပ်အနေထားနဲ့ အထဲကနေဖွင့်နေတဲ့ပုံကို ဗီဒီယိုရိုက်ပြီး Tiktok မှာတင်ခဲ့ပါတယ်။ သူမလည်း ဒါကိုမြင်မြင်ချင်းမှာတင် အော်ဟစ်ကြောက်ရွံ့နေပြီး အဲ့ဒီခွေးကလည်း သူမကို တံခါးလေးဖွင့်၊ ချောင်းကြည့်ပြီးတော့ တံခါးကိုတောင်ပြန်ပိတ်သွားခဲ့တာပါ။ ဒီဗီဒီယိုကတစ်ခဏချည်းအတွင်းမှာပဲ အင်တာနက်ပေါ်မှာရေပန်းစားသွားပြီးတော့ ထောင်နဲ့ချီတဲ့ commentတွေထဲမှာ သူမရဲ့ခွေးကSkinwalkerဖြစ်တယ်ဆိုပြီးတော့ ပြောထားကြပါတယ်။ ရုတ်တရက်တွေးကြည့်ရင် ခွေးကအခုလို လူတစ်ယောက်လိုမျိုး တံခါးဖွင့်ပြီးခေါင်းလေးထွက် ချောင်းကြည့်တဲ့အပြင် တံခါးကိုပါပြန်ပိတ်သွားတယ်ဆိုတော့ Skinwalker အယောင်ဆောင်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဘယ်သူမဆိုထင်သွားနိုင်ပါတယ်။ ဒါမယ့် အဲ့ဒီတံခါးlockကလက်ကိုင်လေးကို အောက်တစ်ချက်ဆွဲချလိုက်ရုံနဲ့ပွင့်နိုင်တယ်ဆိုပြီး မကြာခင်မှာ owner ကပြန်လည်ပြောပြလာခဲ့ပါတယ်။ ဆိုတော့ အဲ့ဒီအိမ်ကအရာဝတ္ထုပစ္စည်းတွေ၊ နေ့စဉ်သုံးကိရိယာတွေနဲ့အကျွမ်းတဝင်ရင်းနှီးနေတဲ့ ခွေးတစ်ကောင်အဖို့တော့ ဒီလိုလက်ဆွဲတံခါးလေးကို ဖွင့်နိုင်တာက အံ့ဩစရာမရှိတော့ဘူးလို့ပဲပြောရမှာပါ။ အခုလိုမျိုးလိုင်းပေါ်က Skinwalkerအပြင်မှာတကယ်တွေ့ရတယ်ဆိုတဲ့ဗီဒီယိုတွေ၊ တောစပ်အမှောင်နားမှာ Skinwalkerလိုက်ရှာတယ်ဆိုတဲ့အကြောင်းရာတွေက အတုအပတွေများလာကြပါတယ်။ ဒါမယ့်လွန်ခဲ့တဲ့(၁၀)နှစ်လောက်က Northern New Mexico မှာနာမည်ကြီးသွားခဲ့တဲ့ Skinwalkerတစ်ကောင်ရဲ့ပုံကတော့ သတင်းထဲမှာတောင်ဖော်ပြခဲ့ရတဲ့အထိ နာမည်ကြီးသွားခဲ့ပါတယ်။ ဒီပုံက လေးဖက်ထောက်ပုံစံနဲ့ လူလိုလို၊အကောင်လိုလို ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ရဲ့ပုံပဲဖြစ်ပါတယ်။ ဒါကိုမြင်တော့ လူတွေအားလုံးလည်း အရမ်းကိုကြောက်လန့်ခဲ့ကြပြီးတော့ အဲ့ဒီpostကို တစ်နာရီအတွင်းမှာတင် ထောင်နဲ့ချီပြီးshareခဲ့ကြပါတယ်။ နောက်ပြီး လူတော်တော်များများကလည်း ဒီအကောင်ကိုSkinwalkerပါဆိုပြီး အသေအချာကိုပြောနေကြတာပါ။ ဒါမယ့်ဒီပုံကို Facebook ပေါ်မှာတင်ပြီး နောက်တော့ပြန်ဖျက်သွားခဲ့တဲ့ Mexican အမျိုးသမီးကတော့ ဒီpostကို သူလည်းတစ်ခြားသူတွေလိုမျိုး ပြန်shareထားတာဖြစ်ပြီး origin ကိုတော့မသိပါဘူးလို့ငြင်းဆိုခဲ့ပါတယ်။ နောက်ပြီး ဒီအကြောင်းနဲ့ပတ်သတ်ပြီးပြောထားကြတဲ့ comment တွေ၊ ဗီဒီယို၊ email တွေကလည်းအဲ့ဒီအချိန်တုန်းက အစအနမရှိဘဲပျောက်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီပုံကို ဘယ်သူကဘယ်နေရာမှာရိုက်ထားသလဲဆိုတာကိုတော့ အခုချိန်အထိ ဘယ်သူမှတိတိကျကျမသိကြသေးပါဘူး။ အခုလို skinwalker ဆိုပြီး စတင်နာမည်ကြီးလူသိများလာတဲ့အကြောင်းလေးကိုလည်း ပြောပြပေးချင်ပါတယ်။ ၁၉၈၆ခုနှစ်မှာ Tony Hillermanလို့ခေါ်တဲ့ စာရေးဆရာတစ်ဦးက Skinwalkerဆိုတဲ့ဝတ္ထုကို ပထမဦးဆုံးရေးသားလိုက်ချိန်ကစလို့ အခုချိန်အထိ ခေတ်တစ်ကျော့ပြီးတစ်ကျော့ ရေပန်းစားလာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Tonyရေးလိုက်တဲ့Skinwalkerဝတ္ထုက အရမ်းကိုနာမည်ကြီးသွားပြီးတော့ လူကြီးတွေက သူတို့ရဲ့ကလေးတွေကိုစနောက်တဲ့နေရာမှာ အတွေ့ရများလာပါတယ်။ ဒီလိုနဲ့အခုလိုစနောက်ဖန်များလာတော့ နောက်ပိုင်း generationတွေကလည်း Skinwalkerတွေက ဒဏ္ဍာန်ရီလာသတ္တဝါဖြစ်ပြီးတော့ အပြင်မှာတကယ်ရှိခဲ့ဖူးတယ်ဆိုပြီး ယုံကြည်လာကြပါတယ်။ ဒါမယ့် အခုချိန်အထိ သူတို့တွေတကယ်ရှိတယ်၊ မရှိဘူးဆိုတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အငြင်းပွားနေကြဆဲပါ။
Keep Reading