ယဥ်သီရိလှိုင်(ဆောင်း)
မိန်းကလေးတယောက်ကအသက်၂၀ကျော်ရင်စောင့်ရှောက်ပေးဖို့သူလိုလာပြီလို့ပြောကြတယ် အဲ့လိုဘဲယောက်ျားတယောက်မှာလည်းအထိန်းအကွပ်အနေနဲ့ရော ပြုစုပေးမယ့်သူမိန်းကလေးတယောက်လိုလာတယ်တဲ့ တချိုကြတော့လဲတယောက်ထဲနေကြတယ်ဒါတွေဟာအပိုတွေပေါ့ ဟုတ်တာဘဲ ဒါကြောင့်လည်းအပျိုကြီးလူပျိုကြီးတွေဆိုတာဖြစ်လာကြတာလေ ဆိုတော့အခုခေတ်မှာ ပြောင်းလဲလာတာတွေအများကြီးဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုကြတယ် စိတ်ရဲ့စေရာကိုလိုက်ပြီး ကိုယ့်နောင်ရေးကိုမတွေးဘဲ အိမ်ထောင်ပြုတယ်ဆိုတာဘာမှန်းမသိ ပြုခဲ့ကြတယ် ဒါတွေကြောင့်မိဘမဲ့ဂေဟာတွေများလာတာ ဒီတော့တွေးရမှာက ကိုယ်ကယောကျားလေးဆိုရင် ငါငွေရှာနိုင်ပြီလား ငါ့ဝမ်းတထွာအတွက်ငါရှာနိုင်ပြီလား ရှာနိုင်ပြီဆို ငါယူမယ့်မိန်းကလေးအတွက်ရောငါငွေရှာနိုင်ပြီလားတွေးရမယ် အဆုံးထိတွေးရင်မွေးလာမယ့်ကလေးတွေအတွက်ပါတွေးရမယ် နောက်တခု ကိုယ်ယူမယ့်မိန်းကလေးရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုလက်ခံနိုင်ပြီလားကိုယ့်ကိုကိုယ်ပြန်မေးကြည့် လက်ခံနိုင်ပြီဆိုရင်ယူ နောက်တခုကကိုယ့်အပေါ်ဇနီးတယောက်ရဲ့တာဝန်ကျေပွန်နိုင်မယ်လို့ကိုယ့်စိတ်ကထင်လား ယူပြီးမှအိမ်ထောင်ကျပြီးသွားမှသူကတော့ငါ့ကိုဂရုမစိုက်ပါလားမလုပ်နဲ့ ဒါကကိုယ်ဆန်းစစ်ရမှာ နောက်ထပ်အရေးကြီးတာက သဘောထားတူညီဖို့ဘဲ သဘောထားတွေအမြင်တွေအတွေးတွေမတူရင်ဒီအိမ်ထောင်ကဘယ်တော့မှ တည်ဆောက်လို့ရမှာမဟုတ်ဘူး ဒါကတော့ယောကျားလေးတွေအဓိကထားတွေးရမယ့်အချက်တွေ မိန်းကလေးတွေကရော ကိုယ်ယူမယ့်ယောကျား ခင်ပွန်းကောင်းတယောက်ဖြစ်နိုင်ပါ့မလား ကိုယ့်အပေါ်ရောကြင်နာမှာလားတွေးရမယ် အိမ်ထောင်ပြုတယ်ဆိုတာထီထိုးတာနဲ့တူတူဘဲ ကံကောင်းရင်တဘဝလုံးကောင်းစားလိမ့်မယ် ကံဆိုးရင်တော့ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့ နောက်ထပ်တခုကကိုယ့်ကကြီးဘဲအကောင်းလိုချင်လို့မရဘူး ယောကျားယူပြီဆိုရင်ကိုယ့်တဘဝလုံးအဲ့ယောကျားကိုပေးလိုက်ရတာမလား ဒီတော့သူ့အပေါ်လဲကိုယ်ကဇနီးတာဝန်ကျေပွန်ရမယ် တယောက်နဲ့တယောက်နားလည်မှုရှိရမယ် သမီးရည်းစားဘဝမှာကိုယ့်အပေါ်ကောင်းတယ် အိမ်ထောင်ပြုတာကတော့မတူဘူး အရမ်းကွဲတယ် မိန်းကလေးတွေအနေနဲ့တော့သေချာစဉ်းစားရမယ့်အချိန်ပါ အမှိုက်လိုက်ယူတဲ့အမေတွေတွေ့ပါတယ်ကလေးလေးကိုအမှိုက်လှည်းထဲထည့်ပြီး အမှိုက်လိုက်ယူတာ တခါတော့အိမ်ကအဒေါ်ကအကျီတွေခေါ်ပေးရင်းသူယောကျားဒီမှာမရှိတော့ကြောင်းသိလိုက်ရတယ် ကလေးမွေးပြီးချင်းထိုင်းကိုသွားမယ်ဆိုပြီးပြန်ပေါ်မလာတော့တာအခုကလေး၄နှစ်ကျော်ပြီတဲ့ ဒါတွေကသူတို့ရဲ့အတွေးတွေမပြည့်စုံသေးတဲ့ချိန်မှာအိမ်ထောင်ပြုခဲ့ကြလို့ဘဲမဟုတ်လား စာဖတ်သူလေးတွေကိုသိစေချင်တာကယောကျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် အိမ်ထောင်ပြုတာကိုပေါ့ပေါ့လေးမတွေးကြဖို့ပါ
ချစ်သောreadersလေးတွေ?
Keep Reading