ရိန်ဇော်
မှော်ရုံတောမှာ မောလှပြီ
Charles Gorham ရေးတဲ့ The Gold of their Bodies ကို မြသန်းတင့်က ဘာသာပြန်ထားပါတယ်။ ခုတလော ပန်းချီဆရာတွေရဲ့ ဘဝကို ဖတ်ဖြစ်နေတယ်။ ပြင်သစ်သား Post-impressionist (ဆန်းသစ်ပန်းချီ သို့မဟုတ် စိတ္တဇပန်းချီ)ရေးဆွဲသူ ဂေါ်ဂင်အကြောင်း။ ဗင်းဆင့်ဗန်ဂိုးတို့နဲ့ တခေတ်တည်းပဲ။ သူတို့ နှစ်ယောက်က သူငယ်ချင်းဆိုလည်း ဟုတ်တယ်။
ဂေါ်ဂင်ဆိုတဲ့လူက စိတ်ကြမ်း၊ လူကြမ်း။ ပုံမှန်ဝင်ငွေနဲ့ အဆင်ပြေနေတဲ့ ရွှေကုန်သည်ဘဝကနေ ပန်းချီလောကထဲ ခြေစုံပစ်ဝင်တဲ့သူ။ ခြေစုံပစ်ဝင်ပြီးတာနဲ့ သူ့ဘဝ အလဲလဲအပြိုပြို။ မိန်းမနဲ့ ကလေးတွေအပေါ် တာဝန်မကျေတဲ့သူ။ နောက်ကျ ကွဲပါလေရော။ ပန်းချီဆွဲပေမဲ့ ပန်းချီကားတွေ မရောင်းရတော့ အငတ်ငတ်အပြတ်ပြတ်။ ဒါပေမဲ့ သူလုပ်ချင်ရာပဲ လုပ်တဲ့ လူစားမျိုး။ ဘယ်လိုတောင်လုပ်လဲဆိုတော့ ကာရေဘီယံပင်လယ်ထဲက မာတီနီကျွန်းကို ပန်းချီဆွဲသွားမှာ။ သွားတာက သွားချင်၊ ပိုက်ဆံကလည်း မရှိတော့ ပမားနားတူးမြောင်းဖောက်နေတဲ့ ကာလလည်းဖြစ်တော့ မြေတူးသမားဝင်လုပ်သတဲ့။ ပြီးတော့ ရောက်အောင်သွားတယ်။
ထူးဆန်းတာက သူပန်းချီဆွဲပြီး နေချင်တဲ့နေရာက ပစိဖိတ် သမုဒ္ဒရာအလယ်က ကျွန်းကလေးတွေပေါ်။ နာမည်က တဟီတီကျွန်း။ အဲဒါပြီးတော့ တဟီတီနဲ့ မိုင် ၇၀၀ ဝေးတဲ့နေရာက မာကွီဆတ်ကျွန်း။ ဒီလိုကျွန်းတွေပေါ်မှာ ပန်းချီဆွဲရင်း၊ သူကိုယ်တိုင်ကလည်း ကျွန်းသူကျွန်းသားတွေလို နေထိုင်ရင်း ရှင်သန်သွားတဲ့ လူတယောက်။
ကျနော်တို့အတွက် ထူးဆန်းတဲ့ လူတယောက်အကြောင်း။
Keep Reading