Author's Profile Photo

ရိန်​ဇော်

11/05/2024

Lust for life ရမ္မက်မီး ​မောင်ထွန်းသူ (Book review by Reinzaw)

1 min read
Book Review
General Knowledge
Art
Lust for life ရမ္မက်မီး
​မောင်ထွန်းသူ
(Book review by Reinzaw)'s photo

Lust for life ရမ္မက်မီး

မူရင်း​ရေးသားသူက Ivring Stone ဖြစ်ပြီး မောင်ထွန်းသူက ဘာသာပြန်ထားပါတယ်။ ဆွဲ​ဆောင်မှုရှိမှပဲ ၆၇၇ မျက်နှာရှိတဲ့ စာအုပ်ကို ပြီး​အောင်ဖတ်နိုင်မှာပါ။ ဒတ်ချ်လူမျိုး ပန်းချီဆရာ "ဗင်းဆင့်ဗန်ဂိုး"အ​ကြောင်းဆို​တော့ စာဖတ်သူကို ဆွဲ​ခေါ်သွားနိုင်မယ် ထင်ပါတယ်။ ဗင်းဆင့်ဗန်ဂိုးဆိုတာကလည်း အထူးတလည်မိတ်ဆက်စရာမှ မလိုတာ။ ထူးအိမ်သင်ကလည်း သူ့အ​ကြောင်း ဆိုထားတယ်။ ကျ​နော်တို့ရဲ့ ​နေ့စဉ်စာမျက်နှာ​တွေမှာလည်း သူ့အ​ကြောင်းဟာ ထိထိခိုက်ခိုက်၊ ​ကြေ​ကြေကွဲကွဲအပိုင်းအစ​လေး​တွေအ​နေနဲ့ စိတ်ကို ခလုတ်တိုက်မိကြမှာပါ။

စာအုပ်အစပိုင်းမှာ လန်ဒန်က ပန်းချီကား အ​ရောင်းစာ​ရေးအဖြစ် စခဲ့တဲ့ ဗင်းဆင့်ဆိုတဲ့ လူတ​ယောက်ကို ​တွေ့ရမှာပါ။ ဒီလူတ​ယောက်က ကိုယ့်စိတ်ထဲက မှန်တယ်ထင်ရာကို ​ဖော်ပြတတ်လို့ တနည်းအားဖြင့် ကိုယ့်လိပ်ပြာကိုယ် မညာတတ်​တော့ ပုံမှန်လူ​တွေလို ​ဘောင်မဝင်​တော့ဘူး။ တ​လောကလုံးက ​ခေါ်တဲ့ အရှုံးသမား​ပေါ့။ အလုပ်​သစ်တခုစပြီး အဆင်​ပြေမလို့ ရှိတုန်း "ဟာ၊ ဗင်းဆင့် ဘာလုပ်လိုက်ပြန်တာလဲ"လို့ စာဖတ်သူတိုင်း ​ရေရွတ်မိမယ် ထင်ပါတယ်။ ​နောက်ဆုံး​တော့ သူ့ဘဝမှာ ပန်းချီဆွဲရင်း ရှင်သန်ဖို့ သူ​ရွေးချယ် သွားခဲ့ပါတယ်။ ယခု​ခေတ်မှာ သူပန်းချီတကား ​ဒေါ်လာသန်းချီတန်​နေ​ပေမဲ့ သူ့ သက်ရှိကာလမှာ ​​သေခါနီး နှစ်ကာလမှာမှ ပန်းချီတကားသာ ​ရောင်းရပါတယ်။ ဒါ​တောင် တကယ်ဝယ်သွားတာလား သို့မဟုတ် သူ့ညီ သီအို ဗန်ဂိုးက အရူး​ဆေးရုံ​ရောက်​နေတဲ့ ဗင်းဆင့်ကို အားတက်​စေချင်လို့ ​ရောင်းရတယ် ​ပြောတာလား မသဲကွဲဘူး။

ဗင်းဆင့်ကို Post-impressionist ပန်းချီဆရာအဖြစ် သတ်မှတ်ကြတယ်။ Impressionist တ​ယောက်က ပန်းချီဆွဲတယ် ဆိုပါစို့။ သဘာဝရဲ့ အ​ရောင်​တွေကို တူ​အောင်ပဲ ဆွဲမယ်။ Post-impressionist တ​ယောက်က ပန်းချီဆွဲရင်​တော့ သဘာဝကို ဆွဲတာပဲ။ ဒါ​ပေမဲ့ သဘာဝကို သူခံစားမိသလို အ​ရောင်​တွေကို high light လုပ်ချင်လုပ်မယ်။ နမူနာ, သူ​ပြောပြချင်တာ ​ပေါ်လွင်​အောင် အ​ရောင်​တွေကို စုတ်ချက်ကြမ်းကြမ်း​နဲ့ သုံးမယ်။ ဒါ ကျ​နော် သ​ဘော​ပေါက်သလို ​ပြောတာ။ ကျ​နော်အ​နေနဲ့ ပန်းချီနဲ့ ​တော့ ​ဝေးပါတယ်။ ဒီစာအုပ်ကို ဖတ်မိရင် ပန်းချီကိုလည်း မိတ်ဆက်​ပေးသလို ဖြစ်မယ် ထင်တယ်။ ဥပမာ ကျ​နော်တို့ ခေတ်​ပေါ်ကဗျာအချို့ကို ခံစားမရ​သေးခင် မိတ်ဆက်​ပေးသူအချို့​ကြောင့် ခံစားလို့ ရသွားသလိုမျိုး ဒီပန်းချီဆိုတဲ့ အလှမ်း​ဝေး​နေတဲ့ အရာကိုလည်း နားလည်ဖို့ ဒီစာအုပ်က လမ်း,​ကျောင်း​ပေးသလို ဖြစ်နိုင်ပါတယ်။

ဗင်းဆင့်ဗန်ဂိုး ​ပြောပြချင်တဲ့ ကမ္ဘာကြီးကို အရိပ်မျှ မြင်ရလည်း မဆိုးဘူး မဟုတ်လား။။

#reinzaw

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ