Author's Profile Photo

Kavi

10/05/2024

မသိစိတ်၏ နှိုးဆော်မှု

1 min read
General Knowledge
18 Again
မသိစိတ်၏ နှိုးဆော်မှု's photo

လူသားတွေရဲ့ စိတ်ရှိ သိစိတ်(consciousness mind) နဲ့ မသိစိတ်(subconscious mind + unconscious mind) ဆိုပြီး ၂မျိုးရှိပါတယ်။ သိစိတ်က လူတွေ သတိထားမိတဲ့ အတွေး နဲ့ လုပ်ဆောင်ချက် တို့ပဲ ဖြစ်ပါတယ်။ မသိစိတ်ကတော့ သေချာ စဥ်းစားမှသာ သတိထားမိတဲ့ လူတွေရဲ့ တုံ့ပြန်မှုတွေ နဲ့ အတွေ့အကြုံ၊ ခံစားချက်တွေကို သိမ်းထားပေးတဲ့ သိုလှောင်ရုံ တစ်ခုဖြစ်ပါတယ်။

ကိန်းဂဏန်း သဘောအရ တိတိကျကျ တိုင်းတာလို့ မရနိုင်ပေမဲ့ မသိစိတ် ၉၅%ခန့် နဲ့ သိစိတ် ၅%ခန့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ပါဝင်နေတယ် ဆိုပြီး ခန့်မှန်းထားကြပါတယ်။ (လူတစ်ဦး နှင့်တစ်ဦး ကွဲပြားနိုင်သည်)

မသိစိတ်သာ စာအုပ်တစ်အုပ် ဆိုရင် စာရေးသူ၊ စာဖတ်သူ ၂ဦးစလုံးဟာ သိစိတ်ပဲ ဖြစ်ပါတယ်။ လူတွေဟာ သိစိတ်နဲ့ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံ၊ ခံစားချက်တွေကို မသိစိတ်ထဲမှာ သိုလှောင် ထားကြပါတယ်။

ဥပမာ - ကကွက်အသစ်တစ်ခုကို သင်ယူပြီဆိုပါစို့။ အစမှာ ကိုယ့်ရဲ့သိစိတ်နဲ့ လှုပ်ရှားမှုတွေကို မှတ်ထားပါမယ်။ နောက်တော့ မသိစိတ်မှာ သွားပြီး မှတ်တမ်းတင်ထားပါမယ်။ အချိန်တစ်ခု ကြာလာတဲ့အခါမှာ လှုပ်ရှားမှုတွေကို ဘာပြီးဘာလာမယ်ဆိုတာ မတွေးလိုက်ခင်မှာဘဲ ခန္ဓာကိုယ်က လှုပ်ရှားနိုင်နေပါပြီ။ မသိစိတ်က နှိုးဆော်လမ်းညွှန်ပေးတာပဲ ဖြစ်ပါတယ်။

ဆိုတော့က 'ငါလုပ်နိုင်မှာ မဟုတ်ပါဘူး'၊ 'ငါ သူ့လို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး' ဆိုပြီး မကောင်းတဲ့ အရာတွေ တွေးမိနေပြီး မိမိကိုယ်ကို အခြားသူနဲ့ နှိုင်းယှဥ်မိနေရင် ဘာမှ သေသေချာချာ ရေရေရာရာ မလုပ်ဖြစ်ဘဲ စိတ်ထိုင်းမှိုင်းနေမိမှာပါ။ အဲ့ဒီ့ အစား 'ငါ ဒါကို လွယ်လွယ်နဲ့ ကျော်ဖြတ်နိုင်တယ်'၊ 'ငါဟာ အရင်တုန်းကထက် အများကြီး တိုးတက်လာပါလား' ဆိုပြီး ကောင်းတာတွေပဲတွေးပေး၊ ကောင်းတာတွေကိုပဲ လက်ခံပေးနေမယ်ဆို စိတ်ရောကိုယ်ပါ အဘက်ဘက်ကနေ တိုးတက်လာမှာ သေချာပါတယ်။

ကိုယ့်ရဲ့ ကောင်းမှုဆိုးမှုက ကိုယ့်ရဲ့ ရွေးချယ်မှု အပေါ်မှာပဲ မူတည်နေတာပါ။ ရွေးချယ်တဲ့ နေရာမှာလဲ ကိုယ်ကိုတိုင်ကသာ အခရာဖြစ်ပါတယ်။

ကောင်းတဲ့ စာကိုဖတ်နိုင်ဖို့ ကောင်းတဲ့ စာတွေပဲ ရေးနိုင်ကြဖို့က အဓိကပါပဲ။

Pic from Pinterest
Kavi(ကဝိ)

Keep Reading

ပျော်စရာနေ့Ernest Hemingway ဘဝဟာသများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ မိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးThe Gentleman in the Parlourဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ကမူး၏ကိုးကွယ်ရာအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။