SarPhat Author
မင်းသိပ်ကြိုက်တဲ့ နွေရာသီရဲ့ မနက်ခင်းတခုမှာ ကောင်းကင်ကြီးက ကြည်လင်နေတယ်။ ဟိုးအဝေးက ငှက်လေးတွေရဲ့ တေးသံနဲ့အတူ သစ်ရွက်ခြောက်တွေ လေယူရာ လွင့်လို့ပေါ့။
တချက်တချက် အာရုံထဲရောက်လာတဲ့ မပီဝိုးတဝါး ပုံရိပ်တခုက မင်းများလားဆိုပြီး အပြေးလိုက်ကြည့်ရတာအမော... လိုက်လေပြေးလေ လှမ်းလေဝေးလေနဲ့ပဲ အဆုံးသတ်ခဲ့ရခြင်းကို ခုထိ လက်မခံနိုင်တာ ကိုယ်ပါပဲ။
ငှက်တွေဟာ ပျံရင်းနဲ့ သက်တမ်းကုန်ကြရသတဲ့။ ကိုယ်ကတော့ ကျန်ရင်းနဲ့ပဲ မှတ်တမ်းတွေ ရေးခဲ့ရတာလည်း တောင်ပုံရာပုံ။ မတော်တဆ မင်းများပြန်လာခဲ့ရင် ဖတ်ချင်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
ကောင်းကင်ကြီးက တိမ်တွေအပြည့်နဲ့ သူ့အလုပ်သူ ပုံမှန်လုပ်တယ်။ နေမင်းကြီးလည်း သူထွန်းလင်းရမယ့်တာဝန်အတိုင်း ထွန်းလင်းနေတာပါပဲ။ နွေရာသီကလည်း သူ့ပုံစံအတိုင်း သစ်ရွက်ခြောက်တွေ ကျမြဲကျဆဲ။ မင်းမရှိတဲ့ ကိုယ့်ရဲ့နွေကတော့ သာမန်ထက်ကို ပိုပြီးပူလောင်လွန်းပါတယ်။
Keep Reading