Author's Profile Photo

ဧဝရ

5/05/2024

စမ်းသုံးကြည့်သင့်တဲ့ Telegram AI Bot (၅) ခု

1 min read
Software Development
Personal Development
General Knowledge
စမ်းသုံးကြည့်သင့်တဲ့ Telegram AI Bot (၅) ခု's photo

Telegram မှာ Bot တွေသုံးဖူးပါသလား။ တချို့ Bot တွေက အသုံးဝင်ပြီး တချို့ Bot တွေက သုံးရတာပျော်စရာကောင်းပါတယ်။ Telegram Bot တွေသုံးပြီး အားလပ်ချိန်တွေမှာ တချို့အကြောင်းအရာတွေကိုလေ့လာလို့ရပါတယ်။ ဒီဆောင်းပါးမှာဆိုရင်တော့ အသုံးလည်းဝင်၊ အပျင်းလည်းပြေစေမယ့် Telegram Bot (၅)ခုကို မျှဝေပေးမှာဖြစ်ပါတယ်။

1.ChatGPT & Midjourney | AI bot

ဒီ Bot ကတော့ Chat GPT နဲ့ Midjourney ကို တိုက်ရိုက်သုံးလို့ရမယ့် Bot ပါ။ Midjourney ကတော့ ပိုက်ဆံပေးပြီးမှသုံးလို့ရပေမယ့် ChatGPT ကတော့ တစ်နေ့ကို မေးခွန်းအခုနှစ်ဆယ် မေးလို့ရပါတယ်။ ဒါဆိုရင်ပဲ တော်တော်ကိုလုံလောက်နေပြီ။ ChatGPT ကို Telegram မှာသုံးလို့ရနေပြီဆိုတော့ Site ကို တကူးတက သွားနေစရာမလိုပဲ Telegram မှာပဲ ပေါ့ပေါ့ပါးပါး သုံးလို့ရမှာ ဖြစ်ပါတယ်။Bot လေးရဲ့ လိပ်စာကတော့ t.me/@GPT4Tbot ဖြစ်ပါတယ်။



2.Photify AI

ဒီ Bot ကတော့ ကိုယ့်ရဲ့ မျက်နှာနဲ့ အမိုက်စားပုံတွေ လုပ်ပေးမယ့် AI Bot ဖြစ်ပါတယ်။ ဒီ Bot က Prompt Engine နဲ့အလုပ်လုပ်တာဖြစ်ပြီး ကိုယ်လုပ်ချင်တဲ့ ပုံကို Prompt ထည့်ပေးရပါတယ်။ ဒါဆိုရင်တော့ သူ့ရဲ့ AI စနစ်ကနေ အမိုက်စားပုံတွေ ဖန်တီးပေးပါလိမ့်မယ်။ သိရသလောက်ကတော့ Photify ဟာ တရားဝင် အဖွဲ့အစည်းဖြစ်တာကြောင့် ကိုယ့်ရဲ့ Privacy Security အတွက် စိတ်ချရတယ်လို့ သိထားပါတယ်။ Bot လေးရဲ့ လိပ်စာကတော့ t.me/@botifyai_bot ဖြစ်ပါတယ်။



3.YouTube Downloader bot

YouTube ပေါ်က Video တွေကို ပေါ့ပေါ့ပါးပါး Download လုပ်ချင်လား။ Third Party App တွေကနေ Download ဆွဲရလို့ Malware နဲ့ Virus တွေဝင်မှာစိုးရိမ်နေလား။ ဒါဆိုရင်တော့ ဒီ Bot လေးသုံးကြည့်ပါ။ YouTube ပေါ်က Video တွေကို ပေါ့ပေါ့ပါးပါး Free Download လုပ်လို့ရမှာဖြစ်ပါတယ်။ Video အပြင် Audio ပုံစံနဲ့ပါ Download လုပ်ရတာကြောင့် Audio File နဲ့လိုချင်တဲ့သူတွေအတွက်လည်း ကွက်တိကစေမယ့် Bot ဖြစ်ပါတယ်။Bot လေးရဲ့ လိပ်စာကတော့ t.me/@YouTube_downloader_video_mp3_bot ဖြစ်ပါတယ်။



4.Stable Diffusion

AI Image Generation ကို Stable Diffusion နဲ့ Telegram ကနေ ပေါ့ပေါ့ပါးပါး Unlimited ထုတ်လို့ရမှာဖြစ်ပါတယ်။ Prompt Engine နဲ့အလုပ်လုပ်တာဖြစ်ပြီး ကိုယ်လိုချင်တဲ့ ပုံကို Prompt ထည့်ပေးရုံနဲ့ ထုတ်လို့ရမှာဖြစ်ပါတယ်။ ပုံ Quality တွေကလည်း အရမ်းကောင်းပြီး သုံးလို့လည်းကောင်းတဲ့ Bot ဖြစ်ပါတယ်။ ဒီ Bot လေးရဲ့ လိပ်စာကတော့ t.me/@stable_diffusion_bot ဖြစ်ပါတယ်။



5.Free_Photo_Enchancer

ပုံတွေမကြည်လို့ အခက်တွေ့နေလား၊ ရှေးတုန်းက ဝါးနေတဲ့ ပုံတွေကို အကြည်ပြန်ပြင်ချင်လား။ ဒါဆိုရင်တော့ ဒီ Bot လေးက တာဝန်ယူပေးပါလိမ့်မယ်။ မှုန်ဝါးနေတဲ့ ပုံဟောင်းတွေကို ကြည်လင်အောင် AI နဲ့ ပြန်ပြင်ပေးပါလိမ့်မယ်။ အသုံးပြုခကလည်း Free မို့ သေချာပေါက် စမ်းသုံးကြည့်သင့်တဲ့ Bot ဖြစ်ပါတယ်။ Bot လေးရဲ့ လိပ်စာ ကတော့ t.me/@Free_Photo_Enhancer_bot ဖြစ်ပါတယ်။


ဒီတစ်ခေါက်မှာတော့ ကျွန်တော်က စမ်းသုံးကြည့်သင့်တဲ့ AI Telegram Bot (၅) ခုအကြောင်းကို မျှဝေပေးခဲ့ပါတယ်ဗျ။ နောက်ရက်တွေမှာလည်း ခေတ်စားနေတဲ့ Technology နဲ့ပတ်သတ်တဲ့ Content တွေ၊ Mental Health နဲ့ပတ်သတ်တဲ့ Content တွေနဲ့ လက်ရှိကမ္ဘာကြီးမှာဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရေးထားတဲ့ Content တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။


.......................
Join my channels....

My Personal Growth Channel
https://t.me/+vLM6uvASnWsyYWNh

Helping the students with their studies
https://t.me/+pxzriodSwFthNTdl

My Personal Blog
https://www.sarphat.com/authors/6566

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။