Author's Profile Photo

SarPhat Author

5/05/2024

"Note ထုတ်နည်း"

2 mins read
Education
General Knowledge
Culture
"Note ထုတ်နည်း"'s photo

" note "ဘယ်လိုထုတ်မလဲ???

GED သင်တာနဲ့အမျှ study ဖို့အတွက် note ထုတ်ရပါတယ်။ note ထုတ်တဲ့အခါ note ထုတ်ရင်းအကုန်လုံးကိုပြန်ကူး‌ရေးနေသလိုဖြစ်နေပြီလို့ သင်ကိုယ်သင်ပြန်တွေးမိဖူးပါသလား။

note ထုတ်တဲ့အခါ ‌ဆရာစာသင်တာကိုအကုန်လိုက်မှတ်/ ဟိုက်လိုက်ကိုအကုန်နီးပါးတားတာက အိမ်ရောက်လို့ ပြန်ပြီးစာကြည့်တဲ့အခါအဆင်ပြေပါ့မလား???

•1| ကျတော်တို့ဆရာအတန်းထဲမှာစာသင်နေချိန် နောက်ကနေ စာတွေလိုက်ကူး note တွေလိုက်မှတ်ဖူးပါသလား
ကျတော်တို့ဖြစ်နေတာဒီလိုပုံစံပါ?

teach 100%
note 80% (အိမ်ရောက်မှ ပြန် srudy မယ်ဆိုတဲ့ပုံစံ) attention 20% (အတန်းတွင်း စာအာရုံစိုက်မှု့)
ဆရာသင်တဲ့အခါ နောက်ကနေလိုက်ကူးရင်းနဲ့ အိမ်ရောက်မှစာပြန်ကြည့်မယ်ဆိုပြီး အိမ်ရောက်လို့ note စာအုပ်ကိုထုတ်တဲ့အခါ တစ်ချို့အရာတွေနားမလည်တာမျိုးဖြစ်လာပါလိမ့်မယ် ပြီးတော့ကျတော့ ကျတော်တို့ note တွေမှာ အများကြီးရေးမှတ်ထားတာမို့အခ‌ျိန်ပိုကြာပြီး အစကပြန်ကျက်နေရသလိုဖြစ်လာပါလိမ့်မယ်။

တစ်ကယ်တန်းဖြစ်သင့်တာဒီလိုပါ
teach 100%
attention 70% , note 30%
တစ်ကယ်တော့ အတန်းထဲမှာဆရာ စာသင်နေချိန် နောက်ကနေသေချာအာရုံစူးစိုက်ပြီးနားထောင်မယ် မရတော့တဲ့အဆုံး စာအုပ်ထဲမှာ note အဖြစ်ပြန်မှတ်မယ် အိမ်ရောက်တဲ့အခါ note ရယ် ကိုယ်သင်ခဲ့တဲ့ဟာရယ်ကိုပြန်တွေးပြီးစာလေ့လာတာ အချိန်ကုန်သက်သာစေပါတယ်။(စာကိုဆရာသင်တာ note မမှတ်ဘဲလိုက်ကြည့်ဆိုသည့်အခါမှာအာရုံစူးစိုက်ဖို့လိုအပ်ပါတယ် အာရုံစူးစိုက်မှု့မရှိရင်တော့ မှတ်မိမှာမဟုတ်ပါဘူး)

"ဆရာ စာသင်ချိန်မှာ အာရုံစူးစိုက်ပါ ‌စာကိုဘဲအာရုံစိုက်ပါ စာကိုခေါင်းထဲထည့်ဖို့ပြုလုပ်ပါ"


•2| note မှတ်ထားတဲ့ဟာတွေကို ပြန်ကြည့်တယ် ထပ်ခါထပ်ခါ ကျက်တယ်မှတ်တယ် အဲ့လိုမျိုးလုပ်ဖူးပါသလား ကိုယ်ရဲ့ note ကိုအလွတ်ရပြီလို့ ထင်တဲ့အချိန် ကျတော်လိုမျိုး ကျက်ပြီးသားကို ခနအကြာမေ့သွားဖူးပါသလား။

တစ်ကယ်တော့ ကျ‌တော်အထင် စာကရတာမဟုတ်ဘဲ ထပ်ခါထပ်ခါကြည့်‌လို့ဖတ်လို့မှတ်မိတာပါ အလုံးစုံလုံးပြောပြဖို့ဆိုမေ့သွားတာမျိုးကြုံရနိုင်ပါတယ်။

"reading notes leads to the illusion of knowledge"
"notes ကိုထပ်ခါထပ်ခါပြန်ဖတ်လို့ရတဲ့စာက တစ်ကယ်စာရတာမဟုတ်ဘဲထင်ယောင်ထင်မှားဖြစ်စေတာပါ"

စာတွေကိုပြန်ကျက်တဲ့အခါမှာလည်း အချိန်ပေးပြီး သတ်သတ်မှတ်မှတ်စာကြည့်ချိန်ပေးြပီးလုပ်ကပါမယ် "တစ်ကယ်စာလုပ်ချင်ရင် ဦးနှောက်ကိုခိုင်းရပါမယ်။"

"Note မှတ်တဲ့အခါ မေးခွန်းလေးတွေရေးပြီးမှတ်တာ ပိုကောင်းပါတယ် အဲ့တာမှပြန်ကျင့်တဲ့အခါ ဦးနှောက်ကိုအလုပ်ပေးပြီးသားဖြစ်မှာပါ 100% စဉ်းစားမရတော့ဘူးဆိုမှစာအုပ်ပြန်ကြည့်တာမျိုးပေါ့။"

•3| note မှတ်သည့်အခါ Cornell Note နဲ့မှတ်ပါ။ Cornell Note မှာ role 3ခုခွဲပါ။
ပထမတစ်ခုကတော့အပေါ်က ပြောခဲ့သလိုဘဲ Questions တွေကိုမှတ်ပါ။
ဒုတိယတစ်ခုကတော့ သာမန်ဆရာမှတ်ခိုင်းတာတွေကိုမှတ်ပါ
တတိယတစ်ခုကတော့ သင်ခန်းစာတစ်ခုလုံးရဲ့ဟာတွေကို အနှစ်ချုပ်မှတ်ပါ(စာမျက်နှာတစ်မျက်နှာကြည့်လိုက်ယုံဖြင့် သင်ခန်းစာမှာပါတဲ့ main point တွေကိုသိ‌ရအောင်မှတ်ပါ)

"Cornell Note မှတ်ပါ"

•4|note မှတ်သည့်အခါ စာတွေကြည့်အဆင်လိုက်မဟုတ်ဘဲ ပုံဖော်လို့ရအောင် ပုံလေးတွေဖြင့်မှတ်ပါ

(ဥပမာ- Human Body အကြောင်းကိုလေ့လာမယ် vocab တွေကျက်မယ်ဆိုရင် မီးနင်းရယ်အသံထွက်ရယ်မြန်မာလိုရယ်တွေကို ကြည့်ပြီးကျက်မဲ့အစား ရုပ်ပုံလေးပါပြီးမျက်လုံးထဲပုံဖော်ရအောင်လုပ်ပါ အဲ့တာဆို အဲ့ပစ္စည်းမြင်တာနဲ့ ဘာဆိုတာအမြဲတွဲမိသွားမှာပါ)

"Visualization - မျက်စိထဲ၌ပုံဖော်မြင်ယောင်ကြည့်ခြင်း"

•5|နောက်ဆုံးတစ်ခုကတော့ တစ်ကယ့်ဆရာဆဆရာကြီးတွေသုံးတဲ့နည်းပါ ?(စတာပါ)

ကျတော်တို့တွေ note ‌ထုတ်ဖို့အတွက် အချိန်တွေအများကြီးယူမဲ့အစား social media ကိုအသုံးပြုပါ တစ်ကယ့်ဆရာဆရာတွေ note ထုတ်ပြီးပြန်လည်မျှဝေထားတာတွေကို ကြည့်ပါလေ့လာပါ သူများ note ကို ကိုယ့် note အဖြစ်မှတ်ရင်းလေ့လာလေ့ကျင့်ပါ YouTube တို့ fb တို့မှာတစ်ချို့ဆိုတင်ပေးထားပါတယ်

" Social Media ကိုအသုံးပြုပါ သူများထုတ်ထားတဲ့ note တွေကိုယ်ကြည့်ပါ ‌သေချာအာရုံစူးစိုက်ပါ"

ဒါဆိုရင်တော့သင်ဟာ note ထုတ်တဲ့အခါဆရာဖြစ်တယ်လို့ဆိုလို့ရပါပြီ။

Tilly note ထုတ်နည်းကို ‌YouTube ကအကိုတစ်ယောက်တင်ထားတာကို ကိုးကားပြီးပြန်လည်ဖော်ပြချင်းဖြစ်ပါတယ်။?
https://youtu.be/Jcvb2IImiX0?si=ryMD2w2WXnXcbXEH

#Tilly
#note

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?