Author's Profile Photo

Hnin

5/05/2024

ပျော်ရာမှာမနေ တော်ရာမှာနေ

1 min read
General Knowledge
ပျော်ရာမှာဘဲ နေလို့မရဘူးလားဟင်။
  • အသက်ကြီးလာတာနှင့်အမျှ အစစ်အမှန်တွေနှင့်တွေ့ဖို့ တကယ်ကိုရှားပါးလာပါပြီ။
  • အချစ်တွေမှာလည်း right person or wrong person....
  • အသီးအရွက်၊အသားတွေမှာလည်း ready made or organic....


ကျွန်မတို့က အညာဇာတိလေးမှာမွေးပြီး၊တောရွာလေးတစ်ခုမှာ ကြီးပြင်းခဲ့တဲ့ သူဆိုတော့ ရိုးသားပြီး သဘောကောင်းတဲ့ အညာသူ၊အညာသားစိတ်ဓာတ်ကို အရမ်းချစ်တာ။ အခုလိုခက်ခဲပင်ပန်းနေတဲ့အချိန်မှာ အတိတ်က ရိုးသားပြီးအေးချမ်းတဲ့ အညာဓလေ့တွေကို အရမ်းသတိရတာ။

  • လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေစားမလား၊ထန်းရည်စစ်စစ်သောက်ချင်လား..
  • ဘယ်ရွာ၊ဘယ်ပွဲတွေဘဲ ဖြစ်ဖြစ် ကိုယ့်ကိုအနိုင်ကျင့်မဲ့သူလည်းမရှိဘူး လူကြီး၊လူလတ်၊လူငယ် အားလုံးရိုးသားကြတယ်။
ပျော်စရာကောင်းခဲ့တဲ့ အတိက်ကိုပြန်သွားချင်လားမေးရင်...သွားချင်တာပေါ့။TV removeမှာ
pause ဆိုတဲ့အရာလေးပါသလို ကျွန်မတို့ အပြင်လောကမှာလဲ pauseလိုမျိုး အရာလေးပါခဲ့ရင် ဒီနေရာလေးမှာဘဲ အမြဲနေချင်တယ်။
အညာသူဖြစ်တဲ့အတွက် အညာမှာပျော်တယ်။ဒါပေမဲ့ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားပုံလေးကြောင့် အခုတော့ တော်ရာမှာနေရအုန်းမယ်ကွယ်......
Hnin(5.5.2024)6:01PM

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels