Author's Profile Photo

SarPhat Author

5/05/2024

“မေဒေး”

1 min read
General Knowledge
Culture
History
“မေဒေး”'s photo

ပြီးသွားပြီဖြစ်တဲ့ မေလ ၁ရက်နေ့က
ကျင်းပခဲ့တဲ့ အလုပ်သမားနေ့ကို
အားလုံးပဲ မှတ်မှတ်ရရ ရှိကြမယ်ထင်ပါတယ်။

အလုပ်သမားနေ့လို့ ဘာလို့ ခေါ်ကြပါသလဲ?
ဘယ်သူက သတ်မှတ်ပေးခဲ့ပါသလဲ?

တကယ်တော့ မေလ ၁ရက်နေ့ဟာ
စိန့်ဂျိူးဇက် (Saint Joseph) ပွဲနေ့ဖြစ်ပါတယ်။

အပြောနည်းနည်းနဲ့ ဘုရားအလိုတော်ရှိသမျှကို
အလုပ်များများလုပ်ခြင်းဖြင့် သက်သေပြခဲ့တဲ့
စိန့်ဂျိူးဇက်ကို ကောင်းသော အလုပ်သမား
(Worker) အဖြစ် ပုပ်ရဟန်းမင်းကြီးက
သတ်မှတ်ပေးခဲ့ပြီး မေလ ၁ရက်နေ့ကို
စိန်ဂျိူးဇက်ကို ချီးကျူးဂုဏ်ပြု အမှတ်ရသောနေ့
အဖြစ် စိန့်ဂျိုးဇက်နေ့ (St. Joseph Feast Day)
အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

သခင်ယေရှု (Jesus) ရဲ့ ဖခင်အဖြစ်
မယ်တော်မာရိ (Mother of Jesus) ရဲ့
ခင်ပွန်းအဖြစ် လက်သမားအလုပ်ဖြင့်
မိသားစုကို ကျွေးမွေးပြုစု တာဝန်ကျေခဲ့သော
ဖခင်ကောင်းလည်း ဖြစ်ပါတယ်။

ကောင်းမွန်သော အလုပ်သမားများကို ဂုဏ်ပြု
အမှတ်ရသောအားဖြင့် ကမ္ဘာ့အလုပ်သမားနေ့ကို
မေဒေး _ မေလ ၁ရက်နေ့မှာ ကျင်းပကြတာ
ဖြစ်ပါတယ်။

“စိန့် (Saint)” ဆိုတာက
ဘုရားသခင်ရွေးချယ်ခန့်အပ်၍
အထူးအသုံးပြုခံခဲ့ရသောသူ
(someone who is set apart for God's special purposes) ကိုဆိုလိုခြင်းဖြစ်ပါတယ်။
လက်တင်လို စိန့် (Saint) ဆိုသည်မှာ
မြင့်မြတ်သော (Holy) ဟု ဆိုလိုပါတယ်။

သေလွန်ပြီးသော ဘုရားနောက်လိုက်ကောင်းများအား စိန့် (Saint) အဖြစ် သတ်မှတ်ခြင်းကို
ပုပ်ရဟန်းမင်းကြီးမှ လုပ်ဆောင်ပြီး
ထိုသို့ သတ်မှတ်ခြင်းကို canonized လုပ်ခြင်း
(Canonization is the declaration of a deceased person as an officially recognized saint.) ဟု
ခေါ်ပါတယ်။

ပထမဦးဆုံးပုပ်ရဟန်းမင်းကြီး၏ အမည်မှာ
စိန့်ပီတာ (Saint Peter) ဖြစ်ပါတယ်။
မြန်မာဘာသာပြန်ကျမ်းစာထဲမှာတော့
ပေတရုဟု ရေးသားခေါ်ဝေါ်တာကို တွေ့ရပါတယ်။

✨✨✨✨✨
အေဝမ်းမေသစ်ရှင်
May 03, 2024
2:58 pm

Keep Reading

ခင်ဗျား အောင်မြင်မှုကို ဟန့်တားနေတဲ့ သူ.....စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ဆွေမှရန်သူဖြစ်သွားခြင်းကမူး၏ကိုးကွယ်ရာErnest Hemingway ဘဝဟာသများလူကဲခတ်နည်း အပိုင်းသုံး❝ မသိမှု ဝတ်ရုံကြီး ❞စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာပျောက်မင်စာပေဆိုင်ရာ နိုဘယ်ဆု