Author's Profile Photo

SarPhat Author

5/05/2024

သာသနာနှစ်(၅၀၀၀)ပြည့်ပြီးနောက်ပိုင်းဖြစ်လာမည့်အကြောင်း အရာ ( ၁၈)ချက်

1 min read
Book Review
Education
18 Again

၁။ ကမ္ဘာတစ်ဝန်းက ဘုရားဓာတ်တော်တွေ ဗောဓိညောင်ပင်သို့ ပြန်စုပြီး နိမ္မိတဘုရား အဖြစ် တစ်ကြိမ်တရားဟောမည်။

၂။ တရားဟောသောအခါ နတ်ဗြဟ္မာများ ဝိဇ္ဇာပုဂ္ဂိုလ်များ အရိယာသောတာပန်များ သူတော်စဉ်ရသေ့များ တရားနာကြားပြီး ကျွတ်တမ်းဝင်ကြမည်။

၃။ တရားဟောပြီးသောအခါ နိမ္မိတဘုရားသည် ဓာတ်တော် ပြန်ဖြစ်ကာ ဓာတ်တော်သည်လည်း ထိုနေရာတွင် တေဇောဓာတ်မီးလောင်ကာ ချုပ်ငြိမ်းသွားတော့မည်။

၄။ ထိုအချိန်တွင် လူသက်တမ်းက ၁၀ နှစ်သာရှိတော့ပြီး ၅ နှစ်တွင် အိမ်ထောင်ပြုကြမည်။

၅။ ကြီးသူကိုရိုသေခြင်းမရှိတော့ဘဲ လောဘ ဒေါသ မောဟ များက အတိုင်းအဆမရှိ အားကြီးမည်။

၆။ မကောင်းမှုဒုစရိုက်တွေသာ များပြီး ခိုးဆိုးလုနှိုက်သတ်ဖြတ်ကြပြီး တရားဥဒေ ကင်းမဲ့မည်။

၇။ တစ်ကမ္ဘာလုံး စစ်မီးများသာတောက်ပြီး လူများစွာ သေကြမည်။ စစ်မဖြစ်သော နေရာတွင် ကပ်သုံးပါးနှိပ်စက်၍ သေကြမည်။

၈။ စစ်ဘေး ကပ်ဘေး ရန်ဘေးများ ကြောင့် သူတော်ကောင်း အနည်းစုသည် တောနက်ထဲ ဝင်ပုန်းကြမည်။

၉။ ကမ္ဘာတစ်ခုလုံးက လူသားများ စစ်ဘေး ကပ်ဘေး များကြောင့် သေဆုံးကြသောအခါ တောနက်ထဲက
သူတော်ကောင်း အနည်းစုသာကျန်မည်။

၁၀။ မြို့တိုင်းရွာတိုင်းသည် ပျက်စီးကာ လူသေများ အပုပ်များ ပြည့်နှက်နေကာ အချိန်ကြာသော် တောကြီးဖုံးအုပ် ကာ တောနက်ဖြစ်သွားမည်။

၁၁။ သူတော်ကောင်းတို့ နေသောတောနက်များသည် သန့်ရှင်းစင်ကြယ်သော မြို့သစ်များ မြို့ကြီးများ ဖြစ်လာမည်။

၁၂။ သူတော်ကောင်းများသာ ရှိ၍ ကမ္ဘာတွင်အေးချမ်းသာယာမည်။ တက်ကပ်ပြန်ဖြစ်လာမည်။

၁၃။ လူ့သက်တမ်း ၁၀ နှစ် မှသည် တဖြည်းဖြည်းပြန်ရှည်ကာ အသချေ်သက်တမ်းအထိရှည်မည်။

၁၄။ အသချေ်သက်တမ်းမှ ဆုတ်ကပ်ပြန်ဖြစ်ကာ အနှစ်တစ်သိန်းတန်းတွင် အရိမေတ္တယျ မြတ်စွာဘုရားပွင့်လိမ့်မည်။ အရိမေတ္တယျဘုရား၏ သက်တော်သည် ၈သောင်း ရှိမည်။

၁၅။ အရိမေတ္တယ ဘုရားသည် လည်း သာသနာတော် နှစ် သုံးသိန်းခြောက်သောင်း ထားခဲ့လိမ့်မည်။

၁၆။ ထိုသုံးသိန်းခြောက်သောင်းပြည့်သော် ဘုရားငါးဆူပြည့်၍ ဤ ဘဒ္ဒကမ္ဘာကြီး ပျက်စီးသွားမည်။

၁၇။ ပျက်စီးပြီးနောက် ဘုရားမပွင့်သည့် ကမ္ဘာတစ်သိန်း ဖြစ်တည်ပြီး ထိုကမ္ဘာတစ်သိန်းလွန်သော်''မဏ္ဍ "ကမ္ဘာအသစ်ပြန်ဖြစ်မည်။

၁၈။ ထိုကမ္ဘာတွင် ရာမသမ္ဗုဒ္ဓဘုရားနဲ့ ဓမ္မရာဇာဘုရား နှစ်ဆူ ပွင့်မည်။

Telegram Channel ? https://t.me/Knowledge_Channel_By_Timmy

Keep Reading

Victor Hugo ဘဝအမောပြေရေကန်သာကြာတိုင်းအေးအတ္တတကောင်ကြွက်အမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအတ္တမာန အမွေအနှစ်လား လံကြုပ်လား အပိုင်းလေးဖိုမ ပညာပေး သင်ကြားရေး𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚