SarPhat User
ခရာစေ့တွင်းကျ ကနေ အရင်းခံလာတဲ့ #ခရေစေ့တွင်းကျ စကားလုံးလေးကို တော်တော်များများ ပြောဖူးကြပါလိမ့်မယ်။ ?
ဒီဥပစာ စကားလေး ပေါ်ပေါက်လာပုံကတော့ ရှေးမြန်မာဘုရင်ခေတ်တုန်းက နန်းတော်ထဲကိစ္စတစ်ခုခု ဆောင်ရွက်ဖို့ အချိန်ရောက်လာတိုင်း ခရာမှုတ်ပြီး တိတိကျကျ အချက်ပေးလေ့ရှိပါတယ်။ ✅
နန်းတော်နဲ့ နန်းတော်အတွင်း အဆောက်အအုံဆောက်ဖို့ တိုင်ထူတဲ့အခါ သတ်မှတ်ထားတဲ့ မင်္ဂလာအချိန် ရောက်ရင် ခရာသံပေးပြီး တိုင်ကို တွင်းထဲ စေ့စေ့ကျအောင် တိတိကျကျ ဆောင်ရွက်ပေးရတာကို ခရာစေ့တွင်းကျ(ခရေစေ့တွင်းကျ) လို့ဆိုကြတာပါနော်။
ဒါကြောင့် တိတိကျကျ သေချာတယ် လို့ ပြောချင်တဲ့အခါ ဒီဥပစာစကားလုံးလေး သုံးပြီး ပြောလာခဲ့ကြတာ ယနေ့တိုင်ပဲ မဟုတ်ပါလားရှင်။ ?
သူနဲ့အဓိပ္ပာယ်တူတဲ့ နောက်ထပ် စကားလုံးတွေကတော့ ဂဃနဏ နဲ့ စုံစုံစေ့စေ့ ပါ။
နောက်ထပ် အဓိပ္ပာယ်တူ စကားလုံး ဘာထပ်ရှိအုံးမလဲ။ စဉ်းစားကြည့်ပြီး မန့်ခဲ့ပေးအုံးနော်။??
(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)
#ရေးမယ်ထရိန်နင်
#ဥပစာ
#ခရေစေ့တွင်းကျ
မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q
?Telegram Channel
https://t.me/yaymaltraining
?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
Keep Reading