Author's Profile Photo

WHY:ဘာကြောင့်လဲ

2/05/2024

မိုးပျံပူဖောင်း မပျံတော့တဲ့နေရာ

1 min read
Education
General Knowledge
မိုးပျံပူဖောင်း မပျံတော့တဲ့နေရာ's photo

မိုးပျံပူဖောင်း မပျံ‌တော့ဘဲ ငြိမ်ငြိမ်လေးရပ်နေမယ့် နေရာ
----------------------------------------------
➡️ လေ(နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်)မရှိတော့တဲ့ နေရာရောက် တော့မှဘဲ ပူဖောင်းကဆက်မပျံတက်တော့ မှာလား။
(⛔လေထုထဲမှာ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် အများဆုံးပါဝင်တဲ့အတွက်ကြောင့် 'လေ'လို့ပြောလိုက်တာနဲ့ သူတို့နှစ်ခုကို မြင်ဖို့လိုပါတယ်။)

ပူဖောင်းက လေမရှိတဲ့နေရာ ရောက်ရင်တောင် ရပ်‌နေ မှာ မဟုတ်ပါဘူး။ ပူဖောင်းထဲမှာပါတဲ့ ဟီလီယံဓာတ်ငွေ့(helium) ထက်သိပ်သည်းဆ(density)များတဲ့ပတ်ဝန်းကျင်(လေထု) မှာရှိနေသရွေ့ ပျံတက်နေအုန်းမှာပါ။
သူ့ထက် သိပ်သည်းဆနည်းတဲ့ ပတ်ဝန်းကျင် (တစ်နည်း ဖိအားနည်းရပ်ဝန်း) မှာရှိနေရင်တောင် ပူဖောင်းက အထက်ကိုမတက်ဘဲ အောက်ကိုပြန်ကျ ‌နေမှာပါ။ ငြိမ်နေမှာ မဟုတ်ပါဘူး။

➡️ဘယ်နေရာမှာ မှငြိမ်နေမှာလဲ

ဒြပ်ဆွဲအား(gravity) မရှိတဲ့နေရာ တစ်နည်း လေဖိအားမရှိတဲ့ နေရာကို ရောက်မှ ငြိမ်နေမှာပါ။

➡️ ဘာလို့လဲ

ဘာကြောင့်လဲဆိုတာကို မပြောပြခင် ဘာလို့ မိုးပျံပူဖောင်း လေပေါ်ပျံရလဲဆိုတာ အရင်သိဖို့လိုပါတယ်။

"အာခိမိဒိရဲ့ နိယာမ(Archimedes's Principle) အရ ဝတ္ထုတစ်ခုက အရည်(ဝါ) အငွေ့ ထဲမှာ နစ်မြုပ်နေမယ်ဆိုရင် အဲ့ဒီဝတ္ထုအပေါ် ပင့်အား(buoyant force) တစ်ခုသက်ရောက်နေပါတယ်။ အဲ့ဒီပင့်အားက ထိုဝတ္ထုနေရာယူဖို့အတွက် ဖယ်ပေးလိုက်ရတဲ့ အရည်(ဝါ)အငွေ့ ရဲ့အလေးချိန်(weight) နဲ့တူညီပါတယ်။"
တစ်နည်းအားဖြင့်-
ပင့်အား = (အရည်(ဝါ)အငွေ့ရဲ့သိပ်သည်းဆ) × (သူရဲ့ထုထည်) × (ဒြပ်ဆွဲရှိန်(9.8m/s^2))

ဆိုတော့ ပူဖောင်းထဲက ဟီလီယံဓာတ်ငွေ့ရဲ့ သိပ်သည်းဆက ပြင်ပပတ်ဝန်းကျင်လေထုရဲ့ သိပ်သည်းဆထက် နည်းတဲ့အတွက်ကြောင့် ပင့်အားက အလေးချိန်ထက် များပြီးတော့ အပေါ်ကိုပျံတက်သွားတာပါ။
ဥပမာ - 1m^3(၁ ကုဗမီတာ) ရှိတဲ့ ဟီလီယံပူဖောင်းတစ်လုံးရှိတယ်ဆိုပါဆို့။ သူရှိနေတဲ့ ပတ်ဝန်းကျင်လေထုရဲ့ သိပ်သည်းဆက 1.29 kg/m^3 ဆိုရင်
ပူဖောင်းအပေါ် သက်ရောက်နေတဲ့ ပင့်အား = 1.29 × 1 × 9.8 = 12.64N (၁၂.၆၄ နယူတန်)

ပူဖောင်းထဲက ဟီလီယံဓာတ်ငွေ့ရဲ့ သိပ်သည်းဆက 0.166 kg/m^3 ရှိပါတယ်။ဆိုတော့
ပူဖောင်း ရဲ့ အလေးချိန် = 0.166 × 1 × 9.8 = 1.63N
သူ့အပေါ်သက်ရောက်နေတဲ့ပင့်အားက ၁၂.၆၄ နယူတန် က သူ့ရဲ့အလေးချိန် ၁.၆၃ နယူတန် ထက်ပိုများနေတဲ့အတွက်ကြောင့် အပေါ်ကိုပျံတက်သွားတာပါ။

အဲ့တာကြောင့် ဒြပ်ဆွဲအား မရှိတဲ့ရပ်ဝန်းမှာဆိုရင် ဒြပ်ဆွဲရှိန်လည်း မရှိတော့ပါဘူး။ ဒြပ်ဆွဲရှိန်မရှိဘူးဆိုရင် ပင့်အားလည်းမရှိတော့သလို အလေးချိန် (weight) လည်းမရှိတော့ပါဘူး။ အဲ့အတွက်ကြောင့် ပူဖောင်းက အလေးချိန်မရှိ ပင့်အားမရှိဘဲ ငြိမ်နေမှာပါ။ ဒြပ်ဆွဲရှိန်ပမာဏလည်းနည်း၊ ပတ်ဝန်းကျင် လေထုရဲ့ သိပ်သည်းဆလည်းနည်းတဲ့ ကမ္ဘာ့မျက်နှာပြင်အမြင့်မိုင် ၂၀ခန့် (၃၂ကီလိုမီတာဝန်းကျင်) ရောက်ရင် မိုးပျံပူဖောင်းတွေက ဆက်ပြီးတော့ မမြင့်တက်တော့ပါဘူး။

Keep Reading

မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသာဘဝ (Episode-2)တက်ညီလက်ညီ ပန်းတိုင်ဆီသို့မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-1)ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship