SarPhat Author
သို့
ပန်းပွင့်လေးရေ -----
မင်းရဲ့နာမည်ကိုငါသေချာမသိ
မင်းရဲ့ပုံပန်းသဏ္ဍန်က
လှပမှုရှိတယ်
တင့်တယ်တယ်
မြင်သူတကာငေးလောက်တဲ့အရည်အချင်း မင်းမှာရှိတယ်လို့ထင်တယ်
ဒါပေမယ့်
လူတွေက
အခြားပန်းတွေနဲ့ယှဉ်ပြီး
မင်းကိုနောက်မှာထားခဲ့ကြတယ်
နှင်းဆီလို
ခေါင်းမှာတယုတယနဲ့မပန်ချင်ကြဘူး
စံပယ်လိုအမြတ်တနိုးလေးသိမ်းမထားချင်ကြဘူး
အင်း....
ဒါကိုကြည့်ပြီး
မင်းအားကျမှာလား
သူတို့ရဲ့နာကျင်မှုကိုရော
မစဉ်းစားမိဘူးလား
လှပါတယ်ဆိုတဲ့အဲဒီပန်းေတွထက်မင်းက ပိုတင့်တယ်ပါတယ်
မင်းက မင်းရဲ့ခိုနားရာအပင်မှာပဲ
လွတ်လပ်စွာပွင့်ဖူးပြီးကြွေခဲရမှာလေ
သူတို့လို
လူတကာခူးယူမှုကိုမင်းမခံရပါဘူး
ဒီလိုပါပဲ
ဘဝမှာ
သူများကိုအားကျနေပေမယ့်
ကိုယ့်မှာလည်း
ကိုယ့်အားသာချက်နဲ့ကိုယ်ရှိတယ်ဆိုတာမမေ့ပါနဲ့နော်
ဘဝကိုလွယ်လွယ်နဲ့အရှုံးမပေးပါနဲ့
သူ
Keep Reading