Author's Profile Photo

Lin Myaing

26/04/2024

ခရစ်တိုငွေကြေး အပိုင်း-၆

2 mins read
Business
General Knowledge
Finance
ခရစ်တိုငွေကြေး အပိုင်း-၆'s photo
ယခင်အပိုင်း-၅ ဖတ်ရှုရန်
https://sarphat.com/posts?id=3381


ICOs ကွိုင်များကို သရုပ်ခွဲ သုံးသပ်နိုင်သည့် အခြေခံအချက်များ


များပြားလှသည့် ခရစ်တိုများကို ရွေးချယ်ဝယ်ယူရေး စဉ်းစားသုံးသပ်ရာ၌ အခက်အခဲများ ရှိနိုင်သည်။ ခရစ်တိုကွိုင်အသစ်များလည်းထပ်၍ ထွက်ရှိလာနေဦးမည် ဖြစ်သည်။ Scam ဖြစ်မှု ကင်းဝေးပြီး အနာဂတ်တွင် တန်ဖိုးမြင့်တက်မှုရရှိနိုင်မည့် အမျိုးအစားကိုသာ ရွေးချယ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ထားသင့်ပါသည်။ ရွေးချယ်မှုပြုလုပ်သည့်အခါ၌ သုံးသပ်နည်းအချို့ကို အောက်၌ ဆက်လက်ဖော်ပြပါမည်-

(၁) Whitepaper ကို ဆန်းစစ်ကြည့်ခြင်း

Whitepaper ဆိုသည်မှာ တိုကင် သို့မဟုတ် ခရစ်တိုကွိုင်ကို ဖန်တီးထုတ်လုပ်မည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ၎င်းတို့လုပ်ဆောင်မည့် စီမံကိန်းများ၊ နည်းပညာဝန်ဆောင်မှုများ၊ အနာဂတ်ပရောဂျက်များ စသည်တို့ကို ထည့်သွင်းရေးသားထားသော စာရွက်စာတမ်းဖြစ်သည်။ တိုကင်အသစ်တစ်ခုကို စတင်မပြုလုပ်မီ ၎င်းတိုကင်ကို ထုတ်မည့် ကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုက်၌ Whitepaper ကို ရှာဖတ်နိုင်ပါသည်။

(၂) Project များ၏နောက်ကွယ်က လုပ်ဆောင်မှုစွမ်းရည်များကို သုံးသပ်ခြင်း

နည်းပညာကျွမ်းကျင်ပညာရှင်များ၊ နာမည်ကျော် ရင်းနှီးမြှုပ်နှံသူများကိုယ်တိုင် ပါဝင်နေပါက ၎င်းတိုကင်အပေါ် လူအများယုံကြည်မှု တိုးလာနိုင်စေပါသည်။

(၃) တရားဝင်မှုရှိခြင်း/ မရှိခြင်း

တိုကင်ထုတ်ရောင်းသည့် ကုမ္ပဏီ၏ ပရောဂျက်များသည် ဉပဒေနှင့်ဆန့်ကျင်သောလုပ်ငန်း မျိုးဖြစ်နေလျှင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မသင့်တော်သောကြောင့် ကုမ္ပဏီအခြေစိုက်နိုင်ငံရှိ အစိုးရ၏ တရားဝင်ခွင့်ပြုပေးထားသောလုပ်ငန်းဖြစ်ရမည်။

(၄) ကျွမ်းကျင်ပညာရှင်များ၏ ဆိုရှယ်မီဒီယာအကောင့်များကို Follow လုပ်ထားခြင်း

ကွန်ပျူတာဖန်သားပြင်ရှေ့တွင် နာရီပေါင်းများစွာထိုင်၍ ခရစ်တိုအမျိုးအစားများစွာကို ခွဲခြမ်း စိတ်ဖြာမှု မပြုလုပ်နိုင်ပါက နိုင်ငံတကာမှ ခရစ်တိုငွေကြေးဈေးကွက် ကျွမ်းကျင်သူများ၏ သုံးသပ် ချက်များကို ဖတ်ရှုလေ့လာသင့်ပါသည်။

ခရစ်တိုငွေကြေးများအတွက် Fundamental Analysis


ခရစ်တိုငွေကြေးများအတွက် Fundamental Analysis ဆိုသည်မှာ သတင်းအချက်အလက် များကိုအခြေခံ၍ အက်ဆက်များ၏ တန်ဖိုးသည် ရှိသင့်တန်ဖိုးများထက် ပိုမိုများပြားသလား? နည်းနေသလား? ဆိုသည့်အချက်များကို သုံးသပ်သည့်ဈေးကွက်သုံးသပ်နည်း ဖြစ်ပါသည်။ ခရစ်တို ငွေကြေးများကို Fundamental Analysis အရ ဆန်းစစ်သုံးသပ်မှု ပြုလုပ်ရာတွင် စတော့ရှယ်ယာများ ကိုသုံးသပ်ခြင်းနှင့် မတူညီပါ။ စတော့ရှယ်ယာများအား Fundamental Analysis ပြုလုပ်ရာတွင် ကုမ္ပဏီ၏ အမြတ်ဝင်ငွေတိုးတက်မှုများ၊ ကြွေမြီများနှင့် ငွေသားလည်ပတ်မှု အခြေအနေများပေါ်တွင် လေ့လာသုံးသပ်ကြပါသည်။

စတော့များအား ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်မီ ကုမ္ပဏီများ ၏ဘဏ္ဍာရေးရှင်းတမ်းများကို ကြည့်၍ Financial Ratio များတွက်၍ သုံးသပ်ကြပါသည်။ခရစ်တို ငွေကြေးများတွင် အချက်အလက်များအား ထိန်ချန်၍မထားဘဲ Blockchain ကွန်ယက်များပေါ်တွင် အများမြင်မှတ်တမ်းများဖြင့် ထားရှိသောကြောင့် စတော့လို Financial Ratio များကို တွက်ချက်ရန် အလိုအပ်တော့ပါ။

Blockchain Metrics (On-chain Metrics)
(Blockchain ကိုအခြေခံ၍ သုံးသပ်နည်း)


Blockchain နည်းပညာကွန်ယက်ကို ကျောရိုးသဖွယ်မှီခိုနေရသည့်အတွက် ခရစ်တိုငွေကြေး များကို သုံးသပ်ရာတွင် ၎င်းခရစ်တိုများ၏ နောက်ကွယ်တွင် Blockchain လုပ်ငန်းစဉ်ကို တိုင်းတာ သုံးသပ်ကြည့်သည့်နည်းဖြစ်သည်။ ခရစ်တိုအိတ်ချိန်းအများစု၌ ရောင်းဝယ်ခွင့်ရပြီးသားလား? အရောင်းအဝယ်လုပ်မှုများပြီး transaction တန်ဖိုးများ မြင့်လာသလား? ဆိုသည့်အချက်များကို ယေဘုယျအနေဖြင့်သုံးသပ်ကြည့်ကြသလို Blockchain ကွန်ယက်ထဲ၌ နေရာယူနိုင်မှု အနေအထား တို့ကိုလည်း သုံးသပ်ကြပါသည်။ Blockchain Metric ကိုသုံးသပ်နိုင်ရန်အတွက် အဓိကကြည့်ရမည့် အချက်များမှာ Hash rate, Status, Active Addresses, Transaction value, Fees တို့ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

#လင်းမြိုင်

Keep Reading

ချမ်းသာဖို့အတွက် ဘာလိုသလဲအောင်မြင်ဖို့ အဓိက ဘာလိုသလဲ "ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾