မြသွန်း(တောင်ဒဂုံ)
?ကမ္ဘာပျက်မယ့်အချိန်ကိုတော့ ဘယ်သူမှပျော်ပျော်ကြီးသိချင်ကြမှာမဟုတ်ပါဘူး။ ဒါမယ့် မသိချင်လည်းသိကိုသိထားသင့်တာကြောင့် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ချင်းစီတိုင်းရဲ့လုပ်ရပ်ဟာ ကမ္ဘာကြီးအပေါ်သက်ရောက်နေသလို ကမ္ဘာပျက်မယ့်ကိစ္စနဲ့လည်း အများကြီးဆက်နွှယ်နေလို့ပါပဲ။ ဒါဆိုရင် ပထမဦးဆုံး Doomsday Clockအကြောင်းကိုပြောပြပေးချင်ပါတယ်။ Doomsday Clock ဆိုတာ ကမ္ဘာဘယ်အချိန်ပျက်မလဲဆိုတာကို ဖော်ပြပေးနေတဲ့ကိရ်ိယာတစ်ခုပဲဖြစ်ပါတယ်။
?အဲ့ဒီနာရီက ကမ္ဘာကြီးမှာကြီးမားတဲ့ကိစ္စရပ်တွေဖြစ်တိုင်း စက္ကန့်ပိုင်းလောက်ရွေ့လျားသွားတတ်ပါတယ်။ ဥပမာ- ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်တွေ အစွန်းရောက်တဲ့လူသားတွေရဲ့တီထွင်မှုတွေကို တုံ့ပြန်လေ့ရှိတာပါ။ အဲ့ဒီနာရီလက်တံက ညသန်းခေါင်ယံနားရောက်လေ ကမ္ဘာပျက်ဖို့နီးလေပါပဲ။ အခုဆိုရင် Doomsday Clock က သန်းခေါင်ယံအချိန်ကိုရောက်ဖို့ စက္ကန့်(၉၀)ပဲလိုပါတော့တယ်။ ဆိုတော့ ကမ္ဘာပျက်ဖို့လည်း တဖြည်းဖြည်းနီးလာပြီဆိုတဲ့သဘောပါပဲ။ ဒါမယ့်ဒီကိရိယာက အတိအကျမှန်တယ်လို့တော့မပြောထားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုက လူသားတွေသတိထားဖို့အချိန်တန်နေပြီဆိုတာကို ဒီကိရိယာက မီးမောင်းထိုးပြနေပါတယ်။ ဒီတော့ ကမ္ဘာက ဘယ်လိုအရာတွေကြောင့်ပျက်သွားမှာလဲ?
?အဓိကကတော့ လူသားတွေကြောင့်ပါပဲ။ အခုဆိုရင် နိုင်ငံတစ်ခုနဲ့တစ်ခုကြားက ပဋိပက္ခတွေ၊ စစ်ပွဲတွေက မီးကုန်ယမ်းကုန်ကို ဆိုးရွားလာကြပါပြီ။ အများကြီးမပြောပါဘူး... တစ်မြို့လုံး၊ တစ်နိုင်ငံလုံးကို စက္ကန့်ပိုင်းအတွင်း ပြာကျသွားစေနိုင်တဲ့ နျူကလီးယားလက်နက်တွေက သက်သေပါပဲ။ ဒါကြောင့် လူသားတွေကြားက တိုက်ပွဲတွေကြောင့် ကမ္ဘာကြီးမပျက်နိုင်ပါဘူးလို့ ဘယ်သူမှအာမ မခံနိုင်ပါဘူး။ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုက ဒိုင်နိုဆောတွေမျိုးတုန်းသွားခဲ့ကြတဲ့အကြောင်းနဲ့ ဆက်စပ်နေပါတယ်။ အများယုံကြည်ထားကြတဲ့ ဥက္ကာပျံကြီးတစ်ခဲဟာ ကမ္ဘာကြီးကိုဝင်တိုက်သွားခဲ့တာကြောင့် ဒိုင်နိုဆောတွေမျိုးသုဉ်းသွားခဲ့ရတယ်ဆိုတာကို မိတ်ဆွေတို့လည်းသိကြမှာပါ။
?နောက်ပြီးသိပ္ပံပညာရှင်တွေက အခုလိုဥက္ကာပျံကြီးကမ္ဘာကြီးကို ဝင်တိုက်သွားတဲ့ဖြစ်ရပ်မျိုးဟာ ထပ်ဖြစ်နိုင်ချေရှိတယ်လို့ယူဆထားကြပါတယ်။ နောက်တစ်ချက်ကတော့ အခုကာလမှာ ကျွန်မတို့ကိုပူလောင်မှုတွေဆောင်ကြဉ်းပေးနေတဲ့ နေမင်းကြီးပဲဖြစ်ပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်ကလူတော်တော်များများဟာ အခုလိုမတရားပူလောင်မှုဒဏ်ကို မခံစားနိုင်ကြတော့လို့ နေကိုပဲအပြစ်တင်ဆဲဆိုလိုက်ကြတာတွေရှိပါတယ်။ ဒါမယ့် အဲ့ဒီနေလုံးကြီးသာပျောက်ကွယ်သွားရင် ကျွန်မတို့အားလုံးလည်းပျောက်ကွယ်သွားကြမယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ ဟုတ်ပါတယ်... သက်ရှိတွေက နေမရှိဘဲအသက်မရှင်နိုင်ပါဘူး။
? တကယ်တမ်းကျတော့ သေချာစဉ်းစားကြည့်ရင် နေဆိုတာကလည်း လောင်ကျွမ်းနေတဲ့ဓာတ်ငွေ့လုံးကြီးပါပဲ။ အဲ့ဒီဓာတ်ငွေ့လုံးကြီးကလည်း တစ်နေ့ကျရင် လောင်စာတွေကုန်သွားလို့ပျောက်ကွယ်သွားမှာပါ။ ဒါဆိုရင် ကမ္ဘာကြီးပေါ်ကသက်ရှိတွေလည်း ရောက်ယက်ခက်သွားကုန်ကြပြီးတော့ သေဆုံးပျောက်ကွယ်သွားကြမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကမ္ဘာကြီးကိုယ်တိုင်ပါပဲ။ တဖြည်းဖြည်းအိုမင်းလာပြီဖြစ်တဲ့ ကျွန်မတို့အားလုံးရဲ့အသိုက်မြုံကမ္ဘာကြီးဟာ အခုဆိုရင် ၄.၅ဘီလီယံကျော်တောင် သက်တမ်းရှိသွားပါပြီ။ သူလည်း အိမ်တစ်လုံးလိုပဲ အချိန်ကြာလာတာနဲ့အမျှ ရာသီဥတုဒဏ်ကို အလူးအလဲခံစားရတာတွေ၊ တစ်ခြားသောပြဿနာတွေကြောင့် တဖြည်းဖြည်းယိုယွင်းလာတာတွေရှိပါိတယ်။ ဥပမာ- အိုဇုန်းလွှာပါးပြီး ပေါက်သွားတာတွေ၊ မြေဆီလွှာပျက်စီးလာတာတွေ၊ သစ်တောပြုန်းတီးမှုတွေ စတာတွေက ကမ္ဘာကြီးကို တစိမ့်စိမ့်ပျက်စီးသွားစေပါတယ်။
?အခုပြောပြလိုက်တာတွေက ကမ္ဘာပျက်နိုင်ခြေကို အများဆုံးဖြစ်အောင်လုပ်နေကြတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ကမ္ဘာပျက်မယ်ဆိုတာကိုတော့ ဘယ်သူမှတိတိကျကျမပြောနိုင်သေးပါဘူး။ အခုက သိပ္ပံနယ်ပယ်ရှုထောင့်ကနေ ပြောထားတယ်ဆိုပေမယ့် ဘာသာအသီးသီးကလည်း ကမ္ဘာပျက်တာနဲ့ပတ်သတ်ပြီး ပြောထားတာတွေအမျိုးမျိုးရှိပါတယ်။
Keep Reading