မြသွန်း(တောင်ဒဂုံ)
? Englishဘာသာကို second language အနေနဲ့လေ့လာနေကြတဲ့မိတ်ဆွေတွေအတွက် ဒီနေ့မှာတော့ အိမ်မှာနေရင်း ကိုယ့်ဘာ့သာ self study လုပ်လို့ရအောင် အသုံးဝင်စေမယ့် toolsလေးတွေကို sharing လုပ်ပေးချင်ပါတယ်။ နောက်ပြီးအားလုံးက အင်တာနက်ရှိရုံနဲ့ freeလေ့လာနိုင်တာမို့လို့ မိတ်ဆွေတို့အတွက် တကယ်ကိုအသုံးတည့်စေမှာပါ။ ပထမဦးဆုံးတစ်ခုကတော့ Real Life English application ပဲဖြစ်ပါတယ်။ ဒီappရဲ့အထူးခြားဆုံးကတော့ နိုင်ငံခြားကလူတွေနဲ့ အဂ်လိပ်စကားပြောကို freeလေ့ကျင့်လို့ရနိုင်တာပဲဖြစ်ပါတယ်။ Speaking လေ့ကျင့်တဲ့နေရာမှာ အရမ်းကိုအသုံးဝင်တာကြောင့် တကယ်လို့ကိုယ်က ပြောရဲတဲ့သတ္တိရှ်ိရင် စမ်းလုပ်ကြည့်ကြဖို့ recommend ပေးချင်ပါတယ်။
? နောက်ပြီး ဒီ Real Life English က YouTubeမှာလည်း channel ရှိပါတယ်။ အဲ့ဒီချန်နယ်ကနေ တကယ်ကိုမှဗဟုသုတရစရာ အကြောင်းရာတွေကိုလည်းပြောပြ၊ English လည်းသင်ကြားပေးတာကြောင့် ဘာသာစကားတစ်ခုကိုသင်ယူရင်းနဲ့ ပြင်ပဗဟုသုတတွေပါ တစ်ပါတည်းလေ့လာနိုင်မယ့် ချန်နယ်လေးပဲဖြစ်ပါတယ်ရှင်။ ဒါ့အပြင် ဒီ Real Life English က ရုပ်ရှင်ကြိုက်နှစ်သက်သူတွေကိုရည်ရွယ်ပြီးတော့ Learn English With TV Series ဆိုတဲ့ channelခွဲလေးတစ်ခုကိုလည်းထောင်ထားပါသေးတယ်။ ဒီချန်နယ်မှာဆိုရင် ရုပ်ရှင်အပိုင်းတစ်ခုကို အရင်ဆုံးပြတယ်၊ ပြီးရင် အဲ့ဒီက ကောက်နုတ်ပြီးတော့သင်ကြားပေးတယ်၊ နောက်ဆုံးကျရင် မေးခွန်းလေးတွေပြန်မေးတယ်၊ ဆိုတော့ မိတ်ဆွေတို့က အချိန်အများကြီးမပေးနိုင်ရင်တောင်မှ တစ်ရက်ကိုတစ်ပုဒ်နှုန်းနဲ့ပဲကြည့်ပြီးလေ့လာရင်တောင် perfect ဖြစ်နေပါပြီ။
?အချိန်ကလည်း တစ်ပုဒ်ကိုမိနစ်(၂၀)၊ နာရီဝက်လောက်ပဲကြာပါတယ်။ ကဲ ဒါဆိုရင်နောက်တစ်ခုကတော့ BBC Learning English YouTube channel ပဲဖြစ်ပါတယ်။ တော်တော်များများကတော့ ဒီချန်နယ်လေးကို သိကြပါတယ်။ သူက ခြောက်မိနစ်စာဗီဒီယိုလေးတွေကို တင်ပေးတယ်၊ တကယ့်ကို up to date ဖြစ်တဲ့အကြောင်းရာတွေထဲကနေ Vocabulary တွေရွေးချယ်ပြီးတော့ လွယ်လွယ်ကူကူနားလည်နိုင်အောင်လို့ exampleတွေနဲ့သင်ကြားပေးနေတဲ့ ချန်နယ်တစ်ခုပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ခု sharing လုပ်ပေးချင်တာကတော့ ဘာသာစကားတစ်ခုသင်ယူတဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ dictionary ဒါမှမဟုတ် အဘိဓာန်စာအုပ်အကြောင်းပဲဖြစ်ပါတယ်။
?ဟိုးအရင်ဖုန်းတွေရှားတဲ့ခေတ်တုန်းကတော့ အဘိဓာန်ကြည့်ရင် စာအုပ်တွေကိုပဲအမှီပြုကြတာများပေမယ့် အခုလို digital ခေတ်ကြီးမှာတော့ ဖုန်းထဲမှာ စာရိုက်လိုက်ရုံနဲ့ Autoလာပြတာဆိုတော့ ပိုပြီးတော့အဆင်ပြေနေပါပြီ။ ဒီနေ့ recommend ပေးချင်တဲ့ dictionary ကတော့ Cambridge online dictionary ပဲဖြစ်ပါတယ်။ သူက English to English ဖြစ်တဲ့အတွက် အစပိုင်းမှာတော့နည်းနည်းလေးခက်ခဲနေပါလိမ့်မယ်။ ဒါမယ့် နောက်ပိုင်းသုံးရင်းသုံးရင်းနဲ့အဆင်ပြေသွားမှာပါ။ ဒါဆိုရင် အခုပြောပြလိုက်တဲ့ Toolsလေးတွေကိုအသုံးပြုပြီး မိတ်ဆွေတို့လည်း English language ကို ပိုင်ပိုင်နိုင်နိုင်လေ့လာနိုင်ကြပါစေရှင်...
Keep Reading