Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

26/04/2024

?လူသားတွေရဲ့အစက အာဒံနဲ့ဧဝလား ဒါမှမဟုတ် မျောက်ဝံတွေလား???

1 min read
General Knowledge
History
?လူသားတွေရဲ့အစက အာဒံနဲ့ဧဝလား ဒါမှမဟုတ် မျောက်ဝံတွေလား???'s photo

?လူ‌သား‌တွေရဲ့အစကနဦးကို လက်တွေ့ကျကျသိပ္ပံနယ်ပယ်ရှုထောင့်ကနေပဲကြည့်ပြီးတော့ လေ့လာကြည့်ရအောင်။ ဒါဆိုရင် အာဒံနဲ့ဧဝကိစ္စက ဘာသာတရားနဲ့ယှက်နွှယ်နေတယ်ဆိုတော့ လက်တွေ့ကျကျကြည့်ဖို့အတွက် အဆင်မပြေတော့ပါဘူး။ ဒီတော့မျောက်ဝံတွေကရော? လူက မျောက်ကနေဆင်းသက်လာတာဆိုပြီးတော့ ခိုင်ခိုင်မာမာပြောထားကြတဲ့ ဗီီဒီယိုတွေက အင်တာနက်ပေါ်မှာ "human evolution"လို့‌ရိုက်ရှာလိုက်တာနဲ့ တစ်ပြုံကြီးတွေ့ရမှာပါ။ ဒါကလည်း လူသားတွေရဲ့အစနဲ့ပတ်သတ်ပြီး အကျော်ကြားဆုံး သီအိုရီတစ်ခုလို့လည်းပြောလို့ရပါတယ်။

?ဒါကြောင့် လူတော်တော်များများက "လူတွေ မျောက်ကနေဆင်းသက်လာတယ်"ဆိုတဲ့အချက်ကို လွယ်လွယ်နဲ့လက်ခံလိုက်ကြပါတယ်။ ဒါဆိုရင် မိတ်ဆွေတို့ကို တစ်‌ခုလောက်မေးပါဦးမယ်။ မျောက်တွေကရော ဘယ်ကနေဆင်းသက်လာတာလဲ? ဒီလိုဆိုတော့ မျောက်တွေရဲ့အစကိုပါ ပြန်‌လေ့လာရတော့မလိုဖြစ်နေပါပြီ။ ဒါဆိုရင် မေးခွန်းတွေထပ်မေးမ‌ေမးတော့ဘဲနဲ့ လူသားတွေရဲ့တကယ့်အစကို အခုပြောပြပေးပါမယ်။ တကယ်တော့ ပထမဦးဆုံးလူသားဆိုတာမရှိပါဘူး။ ကျွန်မပြောချင်တာက ကျွန်မတို့ဟာလူသားတွေ၊ အဲ့လိုပဲကျွန်မတို့ရဲ့အဖေတွေ၊ အဖိုးတွေ၊ အဘိုးတွေ၊ နောက်ပြီးအဘိုးရဲ့အဘိုးတွေကလည်း လူသားတွေချည်းပါပဲ။ ဒါမယ့်ကျွန်မတို့အဘိုးရဲ့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၈၅သန်းလောက်ကမျိုးဆက်ဟာ "ငါး"တစ်ကောင်ပဲဖြစ်ပါတယ်။

?ဟုတ်ပါတယ်...အားလုံးအံ့ဩသွားကြပြီထင်ပါတယ်။ တကယ်တော့ကျွန်မတို့လူသားတွေရဲ့မျိုးရိုးစဉ်ဆက်တစ်လျှောက်လုံးကို ခွဲခြားစိတ်ဖြာပြီးလေ့လာကြည့်ရင် ပုံစံတစ်မျိုးတည်းရှိမနေကြပါဘူး။ နောက်ပြီးမျိုးစိတ်တွေအားလုံးက တစ်ခုနဲ့တစ်ခုဆက်နွှယ်နေကြပါတယ်။ ဟုတ်ပြီ..ဒါဆိုရင်လူသားတွေရဲ့ဟိုးးအစကို သွားပြန်ကြည့်ကြမယ်။ အဲ့တာကတော့ bacteria တွေပါပဲ။ ရေထဲမှာနေကြတဲ့ ဒီ bacteriaတွေကနေ တဖြည်းဖြည်းဆင့်ကဲဖြစ်စဉ်တွေဖြစ်လာပြီးတော့ ကပ်ပါးကောင်၊ သူတို့ကနေတစ်ဆင့်ငါးတွေ၊ အဲ့တာကနေတစ်ဆင့် ကုန်းနေရေနေသတ္တဝါ၊ ဒီလိုနဲ့တဖြည်းဖြည်းပြောင်းလဲပြီးတော့ တွားသွားသတ္တဝါတွေ၊ ကြွက်တွေ၊ သွေးနွေးနို့တိုက်သတ္တဝါတွေနဲ့ အဲ့တာကနေ တစ်ဆင့်ပြီးတစ်ဆင့် မျောက်တွေအထိ ဆင့်ကဲဖြစ်လာကြတာပါ။

? ဆိုတော့အခုမှ မျောက်တွေရဲ့အစကို ဖြေရှင်းပြီးသေးပါတယ်။ ဒီလိုမျောက်တွေကနေတစ်ဆင့်မှ အားလုံးယုံကြည်ထားကြတဲ့ လူသားတွေအဖြစ်ပြန်လည်ပြောင်းလဲသွားတာပါ။ ရှေ့ကပြောခဲ့တဲ့ မျိုးစိတ်တစ်ခုနဲ့တစ်ခုကြားမှာလည်း ပြောင်းလဲမှုတွေအများကြီးရှိပါသေးတယ်။ ဒါကအတိုချုန်းပဲပြောပြရသေးတာပါ။ နောက်ပြီးအဲ့ဒီပြောင်းလဲမှုကလည်း အခုချိန်အထိ မရပ်တန့်သွား‌သေးပါဘူး။ ဆိုတော့ ကမ္ဘာကြီးသာ‌နောက်ထပ်နှစ်သန်းချီတည်ရှိနေအုန်းမယ်ဆိုရင် လူသားတွေရဲ့ပုံစံကလည်း အခုလက်ရှိပုံစံနဲ့အများကြီးကွာခြားသွားနိုင်ပါတယ်။ ဒါဆို အခုဗီဒီယိုရဲ့အနှစ်ချုပ်လေးကို ပြန်ပြောမယ်ဆိုရင် လူသားတွေရဲ့အစက မျောက်လို့ပဲပြောလို့မပြည့်စုံပါဘူး။ ဟိုးးးအရင်နှစ်သန်းပေါင်းရာနဲ့ချီက ရေထဲမှာဖြစ်ခဲ့တဲ့ bacteria လေးတွေကမှ ကျွန်မတို့ရဲ့တကယ့်ဘိုးဘွားဘီဘင်အစကနဦးပါပဲရှင်။ ဒီလောက်ဆိုရင် မိတ်ဆွေတို့လည်း လူသားတွေအစအကြောင်းကို ဗဟုသုတရဖွယ်နားဆင်ခဲ့ကြလိမ့်မယ်လို့ထင်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်တန်ဆေးလွန်ဘေးအချိန်ဆွဲတဲ့အကျင့်ဆိုး"စကားချိုသာလျှင် လိုရာကိုရသည်"ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါဒေါင်လိုက်ဒရာမာ (Vertical Drama)