Author's Profile Photo

Hein Htet Ko Ko

27/06/2025

"စကားချိုသာလျှင် လိုရာကိုရသည်"

1 min read
Education
General Knowledge
Language

ရှေးရှေးတုန်းက သူဌေးသားသူငယ်ချင်းလေးယောက်ရှိသည်။ ရွာတစ်ရွာကတောလိုက်မုဆိုး တစ်ဦးက တောလိုက်ရှာရင်း သားသမင်တို့ရလာတယ်။အူ၊အသည်း၊နှလုံး၊လက်ခြေ အစရှိသဖြင့် အပိုင်းပိုင်း ခွဲစိတ်ပြီးလှည်းယာဥ်နဲ့သယ်ယူလာတယ်။

တစ်ခုသောလမ်းခုလတ်၌ သူဌေးသားလေးယောက်နှင့်ဆုံကြရာ တစ်ဦးသောသူဌေးသားက "ဟေ့ မုဆိုး ငါ့ကိုအသားတုံးပေးစမ်း" ဟုတောင်းလိုက်တယ်။ထိုအခါ မုဆိုးက ကြမ်းတမ်းသောသူဌေးသား၏ စကားနှင့်လျော်ညီသော "အရေခွံ" ကိုပဲပေးလိုက်တယ်။

တစ်ဦးသောသူဌေးသားက "အစ်ကိုကြီးမုဆိုး ကျွန်တော့်ကို အသားနည်းနည်းပေးပါ" လို့တောင်းသောကြောင့် ချိုသာတဲ့စကားကြားရလို့ အစိတ်အပိုင်းဖြစ်သော "အသား" ကိုပေးလိုက်တယ်။

တစ်ဦးသောသူဌေးသားမှလည်း "အဖမုဆိုး ကျွန်တော့်အားအသားတုံးကိုပေးပါ" ဟုတောင်းလိုက်တယ်။အလွန်ချိုသာသောစကားကို ကြားရတဲ့အတွက်ကြောင့် မုဆိုးဟာ အဖေနဲ့တူသော "အသည်းနှလုံး" ကိုပေးလိုက်လေတယ်။

နောက်ဆုံးသူဌေးသားကတော့ "မိတ်ဆွေ ကျွနိတော့်ကိုလည်း အသားပေးပါ" ဟုတောင်းလိုက်တယ်။ အလွန့်အလွန်ချိုသာတဲ့စကားဖြင့် တောင်းလိုက်တဲ့အတွက်ကြောင့်"သုဘာသိတဝါစာ"မြောက်လို့ ပါလာသမျှအသားအားလုံးကို ပေးလိုက်တော့တယ်။

#HeinHtet
#Sarphat

Keep Reading

"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃ဝေါဟာရစကားတွေ မှတ်မိနေအောင်အတိတ်မှ အတွေးတစ်စFinance Vs Accounting