Max's sharing
Language တစ်ခုကို လေ့လာတဲ့အခါ ဝေါဟာရစကားလုံးတွေကို မှတ်မိနေအောင် ဘယ်လိုလုပ်မလဲ
Vocabulary တိုးတက်လာအောင် ပြုလုပ်သင့်တဲ့ အချက် ၅ ချက်
(၁) Write it down
မသိတဲ့စကားလုံးတွေ မတွေ့ဖူးတဲ့ စကားအသစ်များကို မှတ်စုစာအုပ်ထဲတွင် ချရေးတာဖြစ်ပါတယ်။ words တွေလည်း ဖြစ်သလို phrases စကားစုတွေလည်း ဖြစ်နိုင်ပါတယ်။ စကားလုံးနဲ့ သက်ဆိုင်တဲ့ definition, pronunciation, word class တွေကိုပါ ချရေးသင့်ပါတယ် လိုအပ်ပါက အဓိပ္ပာယ်တူစကားလုံးများ ဆန့်ကျင်ဘက်စကားလုံးများကို တွဲရေးနိုင်ပါတယ်။ အထူးသဖြင့် လိုအပ်လျှင် translation ကို အသုံးပြုပြီး ကိုယ်ပြောတဲ့ ဘာသာစကားအဖြစ်လည်း တွဲမှတ်နိုင်ပါတယ်။
(၂) review regularly
အမြဲတမ်းမှတ်မိနေဖို့ဆို တစ်နေ့ခြား လေ့လာထားတဲ့ vocabulary တွေကို ပြန်လည် ဖတ်ရှုဖို့လိုအပ်ပါတယ်။ ရေရှည် မှတ်ဉာဏ် ထဲ ကို ရောက်ရှိဖို့အတွက်ဆို သင်ယူထားတဲ့ စကားလုံးများကို ကိုယ်ပိုင်စကားအဖြစ်အသုံးပြုပြီး လေ့ကျင့် သုံးပြုခြင်းက အထောက်အကူပြုစေပါတယ်။
(၃) read in English
စကားလုံးအသစ်များနဲ့ ထိတွေ့စေတဲ့ တစ်ခုတည်းသော နေရာသည် စာဖတ်ခြင်းဖြစ်ပြီး နားထောင်ခြင်းထက် မှတ်မိနိုင်ပါတယ်။ အထူးသဖြင့် စာဖတ်ခြင်းကနေ မသိသောစကားလုံးများကို အကြောင်းအရာအပေါ် မူတည်ပြီး အဓိပ္ပာယ်ကို ကိုယ့်ဘာသာ နားလည်ဖို့ ကူညီပေးပါတယ်။
(၄) Learn from the context
မသိတဲ့ စကားလုံးကို ဘယ်နေရာမှာ ရေးထားတာလဲ၊ သူရဲ့ အကြောင်းအရာက ဘာလဲ၊ အဓိပ္ပာယ်က ရောဘာလဲ ဒါတွေကို သိဖို့အတွက် dictionary ကြည့်စရာမလိုအောင် အကြောင်းအရာပေါ် ခန့်မှန်းပြီး အဓိပ္ပာယ်ကို ခန့်မှန်းယူခြင်းဖြစ်ပါတယ်။
(၅) use it or lose it!
သုံးမှာလား မသုံးဘူးလား ? မသုံးမိရင် လေ့လာထားတာတွေက မေ့ဖို့ လွယ်ကူပြီး စကားလုံးအသစ်ကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အသုံးပြုခြင်းကသာ စကားလုံးများ ရေရှည်မှတ်မိနိုင်ပါတယ်။ speaking နဲ့ writing တွေများ များများသုံးပြုခြင်းဖြင့် language တစ်ခုကို လေ့လာခြင်းက ရေရှည် အဓိပ္ပာယ်ရှိနေမှာ ဖြစ်ပါတယ်။
Max’s sharing
Thwin
Keep Reading