Nicolette
အင်္ဂလန်နိုင်ငံ ဆာဖော့ပြည်နယ်မှာရှိတဲ့ ကာ့စတန်းဟောစံအိမ်ကြီးကို အခုသွားလည်မယ်ဆိုရင်လဲ
ဒီဇာတ်ကြောင်းထဲကအတိုင်း ခမ်နားတဲ့ အဆောက် အဦးကြီးတွေနဲ့ ဉယျာဉ်တွေဟာ အရင်ခေတ်ကလို မပြောင်းလဲဘဲ ရှိနေသေးတယ်ဆိုတာ မြင်တွေ့ရမှာပါ။
သို့ပေမယ့် စံအိမ်ကြီးရဲ့အရှေ့တည့်တည့်မှာ ဝေဝေဆာဆာ အကိုင်းအခက်ကြီးတွေ စံအိမ်အုတ်နံရံပေါ်ရောက်တဲ့အထိ ရှည်လျားတဲ့ မီးခိုးရောင်ပင်စည်ကြီးနဲ့ သစ်မာပင်ကြီးကိုတော့ တွေ့ရတော့မှာမဟုတ်ပါဘူး။
အခုဖတ်ရမယ့် ဇာတ်ကြောင်းက 1690 ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။
တစ်ယောက်ထဲနေပြီး လူအများက ထူးဆန်းတဲ့အဘွားကြီးလို့ သတ်မှတ်ခံရတဲ့ မစ္စမာတာဆိုးကို ကာ့စတန်းဟောစံအိမ်ရဲ့ သခင်ကြီး ဆာမတ်သရူးဖော က စုန်းမလို့ စွတ်စွဲခဲ့ပါတယ်
ကာ့စတန်းဟောစံအိမ်ကြီးရဲ့ အရှေ့မှာပေါက်နေတဲ့ သစ်မာပင်ကြီးပေါ် လပြည့်ညတွေဆိုရင် မစ္စမာတာဆိုး တက်သွားတာကို ဆာမတ်သရူးဖောက သူ့အိပ်ခန်းကနေ လှမ်းမြင်ခဲ့တယ်။
အဘွားကြီးက သစ်မာပင်ကြီးပေါ်ကိုရောက်ရင် ပုံစံဆန်းပြားတဲ့ ဓားတစ်ချောင်းကို ထုတ်ပြီး သစ်မာပင်ကြီးရဲ့ အစိတ်အပိုင်းတွေကို ဖြတ်ယူကာ ဂါထာတတွတ်တွတ်ရွတ်လေ့ရှိတယ်တဲ့။
သစ်မာပင်ကြီး ပေါက်နေတဲ့နေရာက ဆာမတ်သရူးဖော အိပ်ခန်းနဲ့ အရမ်းနီးတော့ အားလုံးကို ရှင်းရှင်းလင်းလင်းတွေ့နေရတယ်။
တစ်ညမှာတော့ ဆာမတ်သရူးဖောတစ်ယောက် အဘွားကြီး အပင်ပေါ်တက်ပြီး အိမ်ပြန်တဲ့အခါမှာ နောက်ယောင်ခံလိုက်ချောင်းခဲ့ပေမယ့် အဘွားကြီးက လမ်းတစ်ဝက်မှာတင် ပျောက်သွားပါလေရော။
ဆာမတ်သရူးဖောလဲ အဘွားကြီးအိမ်အထိ လက်မလျော့ဘဲ လိုက်သွားပြီး အိမ်တံခါးခေါက်လိုက်တဲ့အခါမှာတော့ အဘွားကြီးက အခုမှအိပ်ရာကနေနိုးတဲ့ပုံစံနဲ့ တံခါးလာဖွင့်ပေးတယ်။
သစ်မာပင်ကိစ္စကို ဘာမှ မသိချင်ယောင်ဆောင်ပြီးတော့လေ။
ဆာမတ်သရူးဖော နဲ့ ရွာသူရွာသားတွေ တညီတ ညွတ်ထဲ အဘွားကြီးမာတာဆိုးဟာ သစ်မာပင်ရဲ့ အစိတ်အပိုင်းတွေကို သုံးပြီး မကောင်းတဲ့ အစီအရင်တွေ လုပ်နေတယ်လို့ ယုံကြည်ကြတယ်။
ဒါကြောင့် အဘွားကြီးမာတာဆိုးကို ဖမ်းပြီး ကြိုးမိန့်ပေးလိုက်ကြတယ်။
ကြိုးစင်ပေါ်ရောက်တဲ့အထိ အဘွားကြီးက ရွာသားတွေကို ပြန်တိုက်ခိုက်နေတုန်းပါပဲ။
သူမ အသက်မထွက်ခင် နောက်ဆုံးပြောသွားတဲ့ စကားကတော့ “ကာ့စတန်းဟောစံအိမ်ကြီးကို ဧည့်သည်တွေ ရောက်လာလိမ့်မယ်”တဲ့။
ပြစ်ဒဏ်စီရင်ပြီးတဲ့ နောက်မှာတော့ ဆာမတ်သရူးဖော တစ်ယောက် စိတ်လေးလံပြီး အပြစ်ရှိသလို ခံစားနေရတယ်။
သူ့သူငယ်ချင်း ဘုန်းတော်ကြီးကို စိတ်ဒုက္ခရောက်ကြောင်းပြောပြတဲ့အခါမှာ ဘုန်းတော်ကြီးက “မင်းက မှန်ကန်တဲ့အလုပ်ကို လုပ်ခဲ့တာပါ ဆာမတ်သရူး၊
ဒီအဘွားကြီးက အန္တရာယ်များတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ သေချာပါတယ်” လို့ အားပေးစကားပြောပေးရှာတယ်။
ကြိုးမိန့်ပေးပြီး ညနေခင်းမှာ ဘုန်းတော်ကြီးနဲ့ ဆာမတ်သရူးဖောတို့ ကာ့စတန်းဟောစံအိမ်ဝန်းကြီးထဲက ဉယျာဉ်မှာ လမ်းလျှောက်ရင်းစကားပြောနေကြတယ်။
အဲ့ဒီ့နေ့က လပြည့်နေ့။
စံအိမ်ကိုပြန်လျှောက်လာတဲ့ လမ်းမှာ ဆာမတ်သရူးက သစ်မာပင်ကြီးဆီကို လက်ညှိုးထိုးကာ အလန့်တကြား “ဟင် ဟိုမှာ ဘာကောင်ကြီးလဲ သစ်မာပင်ပေါ်ကနေ ပြေးဆင်းသွားတာ”
ဘုန်းတော်ကြီးကတော့ အရိပ်တစ်ခုလိုလိုပဲ မသဲမကွဲမြင်လိုက်ရတာကြောင့် သူ မတွေ့ကြောင်း ခေါင်းရမ်းပြလိုက်တယ်။
“ကျွန်တော်အရမ်းပင်ပန်းနေပြီထင်တယ် ဘယ်လိုသတ္တဝါကများ ခြေချောင်းလေးချောင်းထက် ပိုရှိမှာမို့လို့လဲ” ဆာမတ်သရူးက ရေရွတ်ရင်း အိမ်ထဲဝင်သွားတယ်။
ဘုန်းတော်ကြီးလဲ ဆာမတ်သရူးကိုကောင်းကောင်း အိပ်ပျော်ပါစေကြောင်း နှုတ်ဆက်ပြီး စံအိမ်ကနေ ပြန်လာခဲ့တယ်။
????????????????
နောက်တနေ့မနက်မှာတော့...
မနက် (6) နာရီမှာနေတိုင်းထနေကြ ဆာမတ်သရူး အိပ်ရာကနေမထ၊ အိမ်အောက်ကိုဆင်းမလာတာကြောင့် အစေခံတွေအားလုံး အံ့ဩနေကြရတယ်။
မနက် (7) နာရီ၊ မနက် (8) နာရီအထိ ဆာမတ်သရူး ရဲ့ အရိပ်အယောင်ကို မတွေ့ရကြပါဘူး။
တစ်ခုခုတော့မှားနေပြီလို့ အစေခံတွေအားလုံးခံစားမိတာကြောင့် အိမ်အပေါ်ထပ်က အိပ်ခန်းကို အားလုံးစုပြီး တက်လာခဲ့ကြတယ်။
အိပ်ခန်းတံခါးက အတွင်းကနေ သော့ခတ်ထားတယ်။
အကြိမ်ပေါင်းများစွာ တံခါးခေါက်ပြီးတဲ့နောက်မှာတော့ အစေခံတွေဟာ တံခါးကို ဖျက်ဆီးပြီး အိပ်ခန်းထဲဝင်ရတော့တယ်။
အစေခံတွေ စိုးရိမ်နေတဲ့အတိုင်း ဆာမတ်သရူးတစ်ယောက် အိပ်ရာပေါ်မှာ သေဆုံးနေပြီဖြစ်ပါတယ်။
အလောင်းတစ်ကိုယ်လုံး မည်းနက်နေပြီး ဘာဒဏ်ရာမှလဲ မတွေ့ကြပါဘူး။
ပြတင်းတံခါးပွင့်နေတာက လွဲလို့ အခန်းထဲက ပစ္စည်းတွေအားလုံး ခြေရာလက်ရာမပျက်ရှိနေပါတယ်။
အဆိပ်ခပ်ခံရလို့ သေတာများလားဆိုပြီး ဆရာဝန်ပင့် စစ်ဆေးကြပေမယ့် အဆိပ်လဲ မဟုတ်ပြန်ပါဘူး။
ဘာကြောင့် သေရတာဆိုတာ ဘယ်သူကမှ မပြောနိုင်ဖြစ်နေကြတယ်။
ဘုန်းတော်ကြီးလဲ သတင်းကြားလို့ ကာ့စတန်းဟောစံအိမ်ကြီးကို အပြေးအလွှားရောက်လာပါတယ်။
အလောင်းစစ်ဆေးနေကြတာကို စောင့်ရင်း အခန်းထဲဟိုဟို ဒီဒီ လျှောက်ကြည့်နေတုန်း အိပ်ရာဘေးနားက စားပွဲပေါ်မှာ ဖွင့်ဖတ်လက်စ ကျမ်းစာအုပ်ကို ဘုန်းတော်ကြီး သတိပြုမိသွားတယ်။
“လုဒ် - အခန်းကြီး (၈) ခုတ်လှဲကြလော့” ဘုန်းတော်ကြီး စာအုပ်ကို ကောက်ကိုင်လိုက်တဲ့အခါမှာ ဒီစာလုံးတွေကို ပထမဆုံး ဖတ်မိသွားတယ်။
????????????????
အစေခံတွေဟာ ဆာမတ်သရူး သေဆုံးသွားတဲ့နေ့မှာပဲ အိပ်ခန်းကို ပိတ်ပစ်လိုက်ကြတာ နောက်ထပ် နှစ် (40) ကြာတဲ့အထိ ဘယ်သူမှ အဲ့အိပ်ခန်းကို ထပ်မဖွင့်ကြတော့ပါဘူး။
နှစ်ပေါင်း (40) ကြာပြီးတဲ့နောက်မှာတော့ ကာ့စတန်းဟောစံအိမ်ကြီးကို ဆာမတ်သရူးဖောရဲ့ မြစ်တော်စပ်သူ ဆာရစ်ချက်ဖော အမွေဆက်ခံရပါတယ်။
????????????????
အပိုင်း (2) ဖတ်ရန် ✌?
https://sarphat.com/posts?id=3527
M. R. James ရဲ့ The Ash-Tree ဝတ္ထုတိုကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ် ☺️
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading