Nicolette
ဒုတိယကမ္ဘာစစ်ကို နောက်ခံထားရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
2014 မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Anthony Doerr ရဲ့ All the Light We Cannot See စာအုပ်ဟာ
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဒုက္ခရောက်နေကြတဲ့ ပြင်သစ်မျက်မမြင်ကောင်မလေးနဲ့ ဂျာမန်စစ်သားလေးတို့ရဲ့ ဘဝဇာတ်ကြောင်းကို
ပြောင်မြောက်စွာ ဖော်ညွှန်းထားတဲ့ ပူလစ်ဇာဆုရ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
ပြင်သစ်လူမျိုး မာရီ လောရာ (Marie-Laure ) ဆိုတဲ့ မျက်မြင်ကောင်မလေးဟာ သဘာဝသမိုင်းပြတိုက်မှာ အလုပ်လုပ်တဲ့ဖခင်ဖြစ်သူနဲ့ အတူ ပါရီမှာနေထိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး နာဇီတွေ ပြင်သစ်ကို သိမ်းပိုက်လိုက်တဲ့အခါမှာ တော့
ပြတိုက်ပိုင် ပင်လယ်မီးတောက်(Sea of Flames)လို့ခေါ်တဲ့ တန်ဖိုးကြီးစိန်ကို သယ်ဆောင်ကာ
သားအဖနှစ်ယောက် ပြင်သစ်ကမ်းရိုးတမ်းမြို့ စိန့်မာလို(Saint-Malo) ကို ထွက်ပြေးကြပါတယ်။
ဒီစိန်ကြီးကို ရတနာတွေ စုဆောင်းရတာ ဝါသနာပါတဲ့ ဂျာမန်အရာရှိတစ်ယောက်ကလဲ အသည်း အသန်လိုချင်နေပါတယ်။
တစ်ဖက်မှာတော့ မိဘမဲ့ ဂျာမန်လူမျိုးကောင်လေး ဝါနာဖန်းနေ့ (Werner Pfennig) တစ်ယောက် နာဇီတွေ အတင်းစစ်သားစုဆောင်းတဲ့ထဲပါသွားပါတယ်။
ဝါနာက ရေဒီယိုနည်းပညာနဲ့ သိပ္ပံကို စိတ်ဝင်တစားလေ့လာထားသူတစ်ယောက်ဖြစ်တာကြောင့်
နာဇီစစ်တပ်မှာ ရေဒီယိုသမားအဖြစ် တာဝန်ထမ်းဆောင်ရင်း ပြင်သစ်ကိုရောက်လာပါတယ်။
စစ်ပွဲတွေပြင်းထန်လာတဲ့အလျောက် စစ်ရဲ့ရိုက်ခက်မှုတွေကလဲ ကမ်းရိုးတန်းမြို့လေး စိန့်မာလို အထိရောက်လာပြီး
ဝါနာနဲ့ မာရီတို့ နှစ်ယောက်လဲ ဘက်မတူတဲ့သူနှစ်ယောက်အဖြစ် တွေ့ဆုံကြရမှာပါ။
နာဇီတွေရဲ့ ဆိုးသွမ်းလုပ်ရပ်တွေကို သဘောမကျဖြစ်နေတဲ့ ဝါနာတစ်ယောက် နောက်ပိုင်းမှာ သူကိုယ်တိုင်လဲ သူသဘောမကျတဲ့ နာဇီတစ်ယောက်ဖြစ်လာမှာလား။
ကြမ်းတမ်းလွန်းတဲ့စစ်ပွဲကြီးကို မျက်မြင်မလေး မာရီကရော သတ္တိရှိရှိနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စာအုပ်ထဲမှာ ဖတ်ရှုရမှာပါ။
ဇာတ်ကောင်နှစ်ဦးရဲ့ လှပတဲ့ ဆက်နွယ်မှုတွေ နဲ့အတူ စစ်ပွဲရဲ့ ပရမ်းပတာ ပျက်စီးမှုတွေအကြောင်း ရောယှက်ပြီး
အလင်းနဲ့ အမှောင်ကြားထဲက သံယောဇဉ်ကို ဖတ်ရှုရမှာဖြစ်လို့ သမိုင်းနောက်ခံဝတ္ထုအမျိုးအစားတွေကို သဘောကျတဲ့စာဖတ်သူတွေ အကြိုက်တွေ့မှာပါ။
English Level B1 ကနေ စတင်ဖတ်ရှုနိုင်ပါတယ်။
ဒီစာအုပ်ဖတ်ပြီးရင် စစ်အသုံးအနှုန်း English ဝေါဟာရတွေ အများကြီးတိုးတက်လာမှာပါ။
All the Light We Cannot See နာမည်နဲ့ပဲ Netflix ကနေ အပိုင်းလေးပိုင်းပါတဲ့ Mini Drama အနေနဲ့ ရိုက်ကူးထားတာလဲရှိလို့ စာအုပ်မဖတ်ချင်ရင်တော့ Drama လေးကို Netflix မှာ ကြည့်လို့ရပါတယ်။
(စာအုပ်ကတော့ ပိုကောင်းတာပေါ့နော် ✌?)
All the Light We Cannot See စာအုပ်ကို အောက်ပါ Telegram Channel လေး မှာတင်ပေးထားပါတယ်။
https://t.me/+fDx3Hhe9OWoyZmY1
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading