SarPhat Author
ယနေ့မြန်မာ့နိုင်ငံတွင်ဖြစ်ပေါ်နေသော နိုင်ငံရေး၊စီးပွါးရေး၊လူမှုရေးအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ်
ကိုးကွယ်လျက်ရှိသော ဗုဒ္ဓဘာသာအပေါ် လူငယ်များ၏အမြင်မှားနေမှုများကိုကြားသိနေရသဖြင့်
အလွန်မှစိတ်မချမ်းမြေ့ဖြစ်ရသဖြင့် မိမိတတ်နိုင်သမျှ လေ့လာဖတ်ရှု၊တရားတော်များကိုနာကြားကာ ယနေ့ဗုဒ္ဓဘာသာဝင်လူငယ်များ ဖတ်ရှု၍ ဘာသာသာသနာအပေါ်ပိုမိုယုံကြည်သက်ဝင်လာစေချင်သောဆန္ဒဖြင့်ဤစာစုကိုရေးသားရပေသည်။
ယနေ့ခေတ်လူငယ်အများစုသည် မိဘနှစ်ပါးကဗုဒ္ဓဘာသာဖြစ်၍ဗုဒ္ဓဘာသာခံယူကြသောမိရိုးဖလာဗုဒ္ဓဝင်များဖြစ်ကြသူများသာဖြစ်ပြီးဗုဒ္ဓဘာသာကိုသေသေချာချာသိသူ၊ယုံကြည်ကိုးကွယ်သူမှာအနည်းစုသာဖြစ်ကြသည်။ မိမိ
ကိုယ်တိုင်ပင် အသက်အတိုင်းအတာတစ်ခုရောက်မှအနည်းငယ်နားလည်သိတတ်လာကာ တရားနာခြင်း၊သီတင်းသီလဆောက်တည်ခြင်းများပြုလုပ်ရကောင်းမှန်းသိလာခဲ့ပေသည်။
ကမ္ဘာတွင် ကိုးကွယ်မှုအနေဖြင့် ဘာသာကြီး(၄)ခုရှိပြီး ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊ဟိန္နူဘာသာ၊မွတ်ဆလင်ဘာသာတို့ဖြစ်ကြကာ ၎င်းဘာသာများအနက် ဗုဒ္ဓဘာသာမှလွဲ၍ ကျန်ဘာသာများမှာ ဖန်ဆင်းရှင်ဝါဒများဖြစ်ပြီး အားလုံးကိုဘုရားကတာဝန်ယူသော၊ဘုရားထံဆုတောင်းရသောကိုးကွယ်မှုများဖြစ်ကြပေသည်။
ဗုဒ္ဓဘုရားမှာမူ လူသားစင်စစ်မှ ကျင့် ကြံ အားထုတ်သဖြင့်နိဗ္ဗာန်ဆိုသည့် အိုခြင်း၊နာခြင်းသေခြင်းကင်းရာ သုဂတိဘုံရှိကြောင်း
သိမြင်သဖြင့် ၎င်းသိမြင်ရာကိုလူသားတို့အားလမ်းညွှန်ပေးသည့် ဘာသာသာဖြစ်ပေသည်။။ ထို့ကြောင့် မြတ်စွာဘုရားက ငါ့ကိုကိုးကွယ်ရင်ငါအကုန်တာဝန်ယူမယ်လိူ့ အာမခံထားတာလည်းမဟုတ်ဘူး မြတ်စွာဘုရားကအစကတည်းက ကြွေးကြော်ထားပြီးသားငါဘုရားကလမ်းညွှန်သူသာဖြစ်တယ်လို့ အမြဲဘုရားပြောတယ် လမ်းလျောက်ရမှာက ကိုယ့်ဟာကိုယ်လျောက်မှရောက်မှာ လူငယ်တချို့ကဒါကိုသဘောမပေါက်ဘူး အဲ့ဒီတော့ဗုဒ္ဓဝါဒကိုနားမလည်တဲ့အခါကျတော့ ဘုရားကဘာမှမကယ်တင်ပေးနိုင်ဘူးလို့ထင်ကြသည်။ အမှန်က ဘုရားကဆေးနည်းပေးခဲ့ပြီးသား အဲ့ဒီဆေးနည်းကိုဖော်စပ်အသုံးပြုရမှာက မိမိတို့ကိုယ်တိုင်ဘဲဖြစ်တယ်ဆိုတာသိဘို့လိုပါသည်။
တချို့ကပြောကြတယ် ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့
ဆင်းရဲတယ် အဲ့ဒါမဟုတ်ဘူး မကြိုးစားလို့အလုပ်မလုပ်လို့ဆင်းရဲတာ၊ မြတ်စွာဘုရားက အလုပ်မလုပ်ဘို့မတားဘူး လုပ်ဘို့ဘဲပြောတယ် လုပ်နည်းတောင် ဘုရားသင်ပေးခဲ့တယ် ဗုဒ္ဓဘာသာဝင်တွေမလိုက်နာကြလို့လေ အနောက်နိုင်ငံတွေ ကြီးပွါးတိုးတက်တယ်ဆိုတာ ဗုဒ္ဓဘာသာလို့အမည်
မခံဘဲနဲ့ သူတို့လုပ်နေတာတွေအားလုံးက ဗုဒ္ဓဘုရားဟောထားတဲ့အတိုင်းလုပ်နေတာ၊တိုက်ကြည့်လိုက်မယ်ဆိုရင် ဘုရားဟောအတိုင်းသူတို့
လုပ်နေတာကြောင့်ကြီးပွါးတိုးတက်တာမထူးဆန်းဘူး ဗုဒ္ဓဘာသာလို့အမည်ခံခြင်းမခံခြင်းက
အဓိကမကျဘူး ဘုရားရဲ့အဆုံးအမ လမ်းညွှန်ချက်အတိုင်း အလုပ်လုပ်ဘို့က အဓိကကျပါတယ်။
မြတ်စွာဘုရားသည် လောကီ၊လောကုတ္တရာ နှစ်မျိုးလုံးနဲ့ ပါတ်သက်ပြီးဟောခဲ့တယ်ဆိုတာကို
လူငယ်များသိထားဘို့လိုပါတယ်။လူဝတ်ကြောင်တွေပစ္စုပ္ပန်ဘဝကြီးပွါးရေးအတွက် ဘုရားကအချက်ကြီး(၄)ချက်ဖြစ်တဲ့ (၁)ကြိုးစာရမည်။(၂)ထိန်းသိမ်းစောင့်ရှောက်ရမည်ူ(၃)အသုံးနဲ့အဖြုံန်းခွဲခြားသိရမည်။(၄)မိတ်ဆွေကောင်းရှိရမည်။
လောကုတ္တရာနဲ့ပါတ်သက်ပြီး ဒါန၊သီလ၊ဘာဝနာ
စသဖြင့်ဟောပြောပြသလမ်းညွှန်ထားပြီးဖြစ်ပါသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်လူငယ်များအနေနှင့် မိဘဗုဒ္ဓဘာသာဖြစ်၍ ဗုဒ္ဓဘာသာဖြစ်ရသည်ထက် မိမိတို့ကိုယ်တိုင်နားလည်လက်ခံယုံကြည်လာအောင် ဗုဒ္ဓ၏လမ်းညွှန်ဆုံးမခဲ့သည့်
တရားတော်များကို ထဲထဲဝင်ဝင်လေ့လာခြင်းဖြင့်
ဘုရား၊တရားသံဃာကိုယုံကြည်ကိုးကွယ်သည့်
ဥပသကာ ကောင်းများ ဖြစ်အောင်ကြိုးစားရပေမည်။ အထူးမှာဗုဒ္ဓဘာသာသည် အရာရာကို မစစေရန်ဆုတောင်းရသောဘာသာမဟုတ် ကိုယ်တိုင်လုပ်မှ၊ကြိုးစာမှရစေရန် လမ်းညွှန်ပေးသည့်ဘာသာသာဖြစ်ကြောင်းလူငယ်များအနေနှင့်သိရှိကာခုလိုခေတ်ကာလတွင် ဘာသာရေးကို အပြစ်မပြောဘဲ ကိုယ်တိုင်ကြိုးစားအားထုတခြင်းဖြင့် မိမိတို့အလိုရှိရာကို ရရှိ ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုရလိုက်ပါသည်။
မှတ်ချက်_
ဆရာတော်အရှင်အဘယာ
လက်ာရ(လှည်းကူး)၏တရားတော်များနှင့်တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးအရှင်
ဇနကာဘိဝံသ၏စာအုပ်များမှကိုးကားရေးသားပါသည်။
Keep Reading