Default Profile Photo

SarPhat User

18/04/2024

ရေကူးညာတင် စကားပြောနည်း

1 min read
Education
General Knowledge
Culture
ရေကူးညာတင် စကားပြောနည်း's photo

ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။

မြစ်တဖက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင်၊ မြစ်ညာက တင်၍ ကူးမှ လိုရာသို့ရောက်သကဲ့သို့၊ မိမိ အလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းကို ရေကူးညာတင်ပြောနည်းဟု ခေါ်ပါသည်။

ဥပမာ -

ရှေးအခါက သမားတော်ဇီဝကသည် အူထုံးသော သူဌေးသားကို ကုသရာတွင် ခုနစ်ရက်ခန့် အိပ်စေလိုသည်ကို ခုနစ်လခန့် အိပ်နိုင်မည်လောဟု မေး‌လေသည်။

သူဌေးသားက မအိပ်နိုင်ပါဟု ဆိုသည်တွင် ခြောက်လခန့် အိပ်နိုင်ပါမည်လော စသည်ဖြင့် တရွေ့ရွေ့ဆုတ်ကာ ဆုတ်ကာမေး‌လေ၏။

နောက်ဆုံး လိုရင်းဖြစ်သော ခုနစ်ရက်သို့ ရောက်ခါမှ သူဌေးသားကို ခုနစ်ရက် အိပ်စေပြီးလျှင် ဝမ်းကိုခွဲ၍ အူထုံးကို ဖြေပါသည်။

ဤစကားမျိုးသည် ရေကူးညာတင်ဆိုသော စကားမျိုးဖြစ်‌ပါသည်။ အရပ်သားအသုံးအနှုန်း၌ ရင်လောက်တင် ဒူးလောက်ကျ ဟူသောစကား၏ အဓိပ္ပာယ်ကဲ့သို့ပင် ဖြစ်ပါသည်။

နောက်ထပ် စကားကြီး (၉) မျိုး ကိုလည်း ဥပမာများနှင့်အတူ ဖြည်းဖြည်းချင်း တင်ပေးမှာမို့ စောင့်မျှော်ပေးကြပါဦးရှင့်❤️

ကောက်ပင်ရိတ်လှီး စကားပြောနည်း ????
https://sarphat.com/posts?id=3517

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ