Author's Profile Photo

သင်္ကေတ

17/04/2024

ဥပုသ်နေ့အကြောင်း တစေ့တစောင်း

1 min read
General Knowledge
Culture
18 Again
ဥပုသ်နေ့အကြောင်း တစေ့တစောင်း's photo

ဒီဆောင်းပါး‌ကတော့‌ ဘာသာရေးနှင့်သက်ဆိုင်သော ‌ဆောင်းပါးလေးဖြစ်ပါတယ်။
ကျွန်မ သိရှိထားသောအ‌ကြောင်းအရာများနှင့် လေ့လာ၍ ရရှိလာသော အရာရာများကို ပေါင်းစပ်၍ ရေးသားဖော်ပြပေးမှာဖြစ်သည်။

ကျွန်မတို့ မြန်မာနိုင်ငံတွင် လပြည့်၊လကွယ်ရက်များ ဥပုသ်စောင့်ကြသည်။ 

  • ဥပုသ်ဆိုသည်မှာ မည်သည်နည်း။

ဥပုသ်ဟူသောသောစကားလုံးသည် ပါဠိဘာသာ ဥပေါသထမှ လာခြင်းဖြစ်သည်။
ဥပုသ်စောင့်ခြင်းဟူသည်ကား ဥပ+ဝသထ ဟူ၍ပုဒ်ခွဲဖြစ်သည်။ "ဥပ"- ညစာ မစားခြင်း၊ "ဝသထ"-နေခြင်း၊ ညစာမစားခြင်း၊သူ့အသက်မသတ်ခြင်းစသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလကိုခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊တရားဂုဏ်တော် စသောအာရုံများကို အာရုံပြုကာ(ဘာဝနာ) ပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ခေါ်ဆိုခြင်းဖြစ်သည်။ ဥပုသ်စောင့်ရာမှာ ရှစ်ပါးသီလနှင့်အထက် သီလစောင့်ထိန်းခြင်း ဖြစ်သည်။
ဥပုသ်နှင့်သီလ တို့မှာ သက်သက်ဆီဖြစ်သည်။ သီလ ဆိုသည်မှာ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဖြစ်သည်။ သီလသည် ကိုယ်၊နှုတ် လုံရင်ရသည်၊ ဥပုသ်သည် အာရုံလုံမှရသည်၊ ဥပုသ်စောင့်ထိန်းရာတွင် အာရုံနောက် စိတ်ပါမသွားအောင် သတိနဲ့မှတ်နေရသည်။ ဥပမာ- ကိုယ့်မျက်စိရှေ့ သက်ရှိ၊သက်မဲ့တို့၏ အကြောင်းအရာများကို စိတ်ဝင်စား၍ စုံစမ်းလိုက်လျှင် ဥပုသ်က ထွက်သွားပါပြီ။ နောက်တစ်နေ့ မနက်သို့ မကူးဘဲ ဥပုသ်ထွက်သွားပါပြီ။
အဓိက မိမိစိတ်သည် အရေးကြီးသည်။ လူ့ခန္ဓာကိုယ်သည် အမြဲအလုပ်ခိုင်းနေရင် ပင်ပန်း၍ အနားယူပြီး နားလို့ရပေသည်၊ စိတ်သည် ပင်ပန်းသည်က သိပ်မရှိ၊အမြဲတမ်းလျှောက်တွေးနေတတ်သည်၊ ဘာမှမလုပ်ရဘဲ ဒီတိုင်းနေသည်အချိန်၌ ပို၍ပင်သာတွေးနေတတ်သည်၊ ထို့ကြောင့် ဥပုသ်စောင့်ရက်တွင် ဘာမှမလုပ်ရရသဖြင့် လျှောက်တွေးတောမိနေတတ်သည်။

ဒီနေရာတွင် မေးစရာတစ်ခုရှိသည်၊

ငါးပါးသီလဟူသည် အဘယ်နည်း။

လူတို့ရဲ့ ကိုယ်ကျင့်တရားအစစ်သည် ငါးပါးသီလသာဖြစ်သည်၊ အရိယာကန္တဟူ၍လည်း ခေါ်သည်။(အရိယာတို့နှစ်သက်တန်ဖိုးထားသော သီလဟူ၍ အဓိပ္ပာယ်ရသည်)

ရှစ်ပါးသီးလဟူသည် အဘယ်နည်း။

ရှစ်ပါးသီလ ဘယ်လိုပေါ်လာသလဲဆိုတော့ ဥပုသ်ဖြစ်အောင်လို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လူတို့သည် သာမန်ရက်၌ ငါးပါးသီလ (ကိုယ်ကျင့်တရား)ကို စောင့်တည်နိုင်ကြပြီး အခါကြီးရက်ကြီး ဥပုသ်စောင့်ရက်များ၌ ရှစ်ပါးသီလကို စောင့်တည်ကြခြင်းဖြစ်သည်၊ အပေါ်တွင် ရေးသားထားသလို ရှစ်ပါးသီလအထက် ကိုးပါးသီလ၊ဆယ်ပါးသီလတို့အားလည်း စောင့်တည်နိုင်သည်၊
ကိုးပါးသီလ၊ ဆယ်ပါးသီလ တို့အား အများအားဖြင့် ဘုန်းကြီး၊ သီလရှင်များ စောင့်တည်ကြရပေသည်။

ဤစာကိုဖတ်၍ သေချာ၊ရှင်းလင်းသဘောပေါက် သိနားလည်သွားသော် ‌စာရေးသူ ကျေနပ်ပိီတိဖြစ်အံ့။

အောက်က Telegram Channel တွင်လည်း ကျေးဇူးတော်ရှင် ပါမောက္ခပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပာယ်ကို ဝင်ရောက်ဖတ်ရှူနိုင်သည်။

My_Collections_Channel 

  • https://t.me/My_Colllections_Channel


April 17 Wednesday 2024
6:40 PM (@Ag)
#Religious Buddhism

Keep Reading

Ernest Hemingway ဘဝဟာသများပျော်စရာနေ့The Gentleman in the Parlourစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ကမူး၏ကိုးကွယ်ရာအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်