SarPhat Author
ဒီလိုပဲပေါ့ မရောက်ဖြစ်နိူင်တော့တဲ့ ခရီးလေးကို
မလာနိူင်လို့ပါဆိုပြီး ကိုယ်တို့ပြောခဲ့ကြလိမ့်မယ်
ကမ်းလို့မမီလိုက်တဲ့ ချစ်ခြင်းမေတ္တာလေးကိုလည်း
ရပါတယ်လို့ ရယ်ရယ်မောမောနဲ့ပဲ
မနာကျင်သလို အပြုအမှုတွေနဲ့ ငေးမိခဲ့ကြမယ်
ကိုယ်တို့တွေ ပြုံးပြလိုက်ရတဲ့ အနေအထားတွေဟာ
မြတ်နိုးရာဖြစ်တည်မှုလေးတွေ
စိတ်လက်ကြည်သာစွာ ရှိနေစေဖို့ပဲမလား။
ကိုယ်တို့ဆီ မသက်ရောက်နိူင်ခဲ့သော
ဘယ်အရာကိုမဆိုပေါ့ ပျော်မှာပါ တစ်နေ့တော့
ကိုယ်လည်း အေးချမ်းမှာပါလို့ ဖြေသိမ့်ရင်း
ဆက်လက်ရှင်သန်ရမယ့် ဘဝထဲမှာတော့
ကိုယ့်ကိုယ်ကိုယ် အထိအရှ အနာတရ
အနည်းဆုံးတွေဖြစ်အောင် နေထိုင်ရတာပဲမလား။
#မောင်ဖုန်း(Lilac)
Keep Reading