SarPhat Author
ကြံစိုက်ခင်းထဲက ကြံတွေပျောက်ပျောက်နေလို့ ပိုင်ရှင်က
စိတ်တိုပြီး ဆိုင်းဘုတ်ထောင်ထားလိုက်တယ် ---
" ကြံတစ်ဆစ် ထောင်တစ်နှစ် " တဲ့
နောက်နေ့လည်းကျရော.. ကြံတွေကပိုပျောက်ပါလေရော
ဆိုင်းဘုတ်ကိုလည်း သူခိုးက ပြန်ပြီးထောင်သွားတယ်--
" မီးခြစ်တစ်ဆံ ကြံတစ်ခြံ " တဲ့
အဲ့ဒီမှာပဲ ပိုင်ရှင်အရမ်းလန့်သွားပြီး ဆိုင်းဘုတ်ကို
ချက်ခြင်းပြန်ပြင်လိုက်တယ် --
" တစ်ချောင်းတစ်လေ စားပေါ့လေ " တဲ့
နောက်နေ့ရောက်တော့
ကြံတွေက တစ်ချောင်းတစ်လေပဲ ပျောက်တော့တယ်
ဆိုင်းဘုတ်ကတော့ ....
" ညှိညှိနှိုင်းနှိုင်း တို့မရိုင်း " တဲ့
သူခိုးက ပြန်ပြင်သွားပါတယ် .....။
Keep Reading