ယဥ်သီရိလှိုင်(ဆောင်း)
ပိုက်ဆံတွေမှာတရွက်ချင်းစီဟာတန်ဖိုးကိုယ်စီရှိကြတယ်သူရဲ့ရုပ်ဂုဏ်နဲ့ပက်သတ်ပြီးအမျိုးမျိုးကွာသွားကြတာအခုမှထွက်တဲ့အကြမ်းဖက်စစ်တပ်ကထုတ်လုပ်လိုက်တဲ့၂သောင်းတန်ကိုတော့ထည့်မပြောတော့ဘူး အရင်ထဲကရှိတဲ့၇ရွက်မှာ တန်ဖိုးကိုယ်စီရှိကြတယ် ဒါပေမယ့်လို့တန်ဖိုးအရှိဆုံးပိုက်ဆံအရွက်ဟာ ၁သောင်းတန်ပေါ့လူတိုင်းသူ့ကိုကြိုက်ကြတယ်ကျွန်မလဲကြိုက်တယ် ကြိုက်ချင်စရာဘဲလေ ဒီပိုက်ဆံရွက်တခုနဲ့လိုချင်တာတော်တော်များများဝယ်လို့ရတယ်အခုစျေးနဲ့ဆိုရင်တော့သိပ်မရဘူးပေါ့ နောက်တခုအရမ်းမျက်နှာလှတာဘဲမုန့်ဖိုးပေးရင်တောင်၅ထောင်၂ရွက်နဲ့၁သောင်း၁ရွက်ဆို၁သောင်းတန်ဘဲလိုချင်တယ်ဘာလို့များလဲ ခုနပြောသလိုမျက်နှာလှတာကြောင့်ပေါ့ ဒါဆို၅၀တန်ကိုအရွက်၂၀၀ပေးမယ်ကွာ ယူမှာလားမယူချင်ဘူးလေရှက်စရာတောင်ကောင်းသေး ဒါဘာရှက်စရာလဲလေ ပိုက်ဆံချင်းအတူတူခွဲခြားခွဲခြားပါလား ခွဲခြားတာမဟုတ်ဘူးပိုက်ဆံတွေထဲကမှအမြင့်ဆုံးအကြီးဆုံးကိုမှကိုင်ချင်သုံးချင်တာ ဟိုစကားပုံလိုပေါ့""ရင်လောက်တင်မှဒူးလောက်ကျတာ""ဆိုလား အဲ့လိုဘဲကိုယ်ကအမြင့်ကိုမြင့်သထက်မြင့်အောင်မှန်းထားရတာ ဒါမှတကယ့်တကယ်လူ့ပတ်ဝန်းကျင်မှာခေါင်းမော့နိုင်မယ်လူဝင်ဆံ့နိုင်မှာ ပတ်ဝန်းကျင်ဟာလူကိုသေစေနိုင်တယ်တဲ့စကားတွေနဲ့သတ်နိုင်တယ် ဒါဟာအမှန်ဘဲကိုယ်တွေ့ဖြစ်ရပ်တခုရှိတယ်ဖောက်ပြန်တဲ့ကိစ္စတခုကိုအဲ့မိန်းမဟာမဆင်မခြင်လုပ်ခဲ့တယ် အဲ့ဒီဖြစ်ရပ်ကိုအခြေခံပြီး ပတ်ဝန်းကျင်ဟာဒီမိန်းမကိုမှိုချိုးမျှစ်ချိုးပြောတယ် သူ့အပစ်တွေကိုသူသိသွားပြီးအခုပေါင်းနေတဲ့ယောကျားကိုသူမှားတဲ့အတွက်တောင်းပန်တယ်ပြီးတော့ကွာရှင်းလိုက်တယ် နောက်ဘယ်လောက်မှမကြာဘူးသူမယ်သီလရှင်ဝတ်လိုက်တဲ့သတင်းကြားတယ် အဲ့ချိန်အထိပတ်ဝန်းကျင်ဟာသူ့အကြောင်းတွေပြောနေကြတုန်းဘဲ နောက်ဆုံးဆွမ်းသွားကပ်တဲ့အချိန်မှာမယ်သီလရှင့်အရှေ့တည့်တည့်မှာမကောင်းကြောင်းအတင်းအဖျင်းပြောလေရဲ့ မယ်သီလရှင်ခမျာ သူ့အမှားတွေယူကြုံးမရဖြစ်တာကြောင့်အပစ်တွေဝန်ခံခဲ့ပေမယ့်ဒီအကြောင်းတွေမေ့ပစ်ခဲ့ပေမယ့်လို့ပတ်ဝန်းကျင်ကတော့မမေ့ဘဲအတင်းအဖျင်းတွေ ပဲကြီးလှော်စားရင်းသူအကြောင်းကိုအရသာရှိရှိပြောနေတဲ့အတွက် နောက်ဆုံးမှာသူ့ကိုယ်သူအဆုံးစီရင်သွားပါတယ် ဒါကတော့ပတ်ဝန်းကျင်ရဲ့စကားအကြောင်းပါ ဘာလို့ဒါကိုပြောရလဲဆိုတော့လူတယောက်ရဲ့တန်ဖိုးဟာလူအများရဲ့အမြင်မှာအရမ်းအရေးကြီးပြီးတခုခုအမှားလုပ်တာနဲ့ပစ်တင်ရှုံချဖို့ဆိုတာအလွယ်လေးဘဲ သူတို့ဟာနိမ့်တဲ့အဆင့်တန်းရောက်လေ ပိုပြောခံရလေမို့ လူတယောက်ရဲ့တန်ဖိုးဟာအရမ်းအရေးကြီးပါတယ် ဒါကြောင့်ကိုယ်ဟာလူတိုင်းလိုချင်တဲ့၁သောင်းတန်ဖြစ်အောင်ကြိုးစားပါ နောက်ဆုံး၅ထောင်တန်ဖြစ်သွားရင်တောင်ခံနိုင်ရည်ရှိပါတယ် ကျွန်မအတွက်အရင်ကပတ်ဝန်းကျင်ဟာဂရုစိုက်စရာတခုမဟုတ်ခဲ့ဘူးသူတို့လုပ်စာစားနေတာမှမဟုတ်တာလေ ဒါမယ့်ခုချိန်မှာသိခဲ့တာကပတ်ဝန်းကျင်အမြင်ဆိုတာအရေးကြီးပါတယ်ဘာလို့ဆိုကိုယ်ဟာလုမှုပတ်ဝန်းကျင်မှာလည်ပတ်နေထိုင်နေရတာဖြစ်လို့ပါ။
ချစ်သောreaders လေးတွေ?
Keep Reading