Author's Profile Photo

Nicolette

14/04/2024

ကော်ဖီဗေဒင်ဟောနည်း - အပိုင်း (4)

2 mins read
Education
General Knowledge
Culture
ကော်ဖီဗေဒင်ဟောနည်း - အပိုင်း (4)'s photo

ကော်ဖီမှုန့်ရုပ်ပုံများ ဖတ်ခြင်း


လေယာဉ်ပျံ = ခရီးထွက်ရခြင်း။


ကျောက်ဆူးပုံ = အခြေတကျဖြစ်ခြင်း။
နေရာတကျဖြစ်ခြင်း။


နတ်သား/နတ်သမီးပုံ = သတင်းကောင်း။
အကာအကွယ်။ ပျော်ရွှင်မှု။


ပုရွက်ဆိတ် = ဆုံးဖြတ်ချက်ချပါ။


ပန်းသီး = အချစ်သစ်။


မြှားပုံ = လမ်းမှားရောက်ခြင်း။ သတင်းဆိုး။


ကလေးပုံ = စိတ်သောက အနည်းငယ်။


အိတ်ပုံ = ပိုက်ဆံအမြောက်အမြား။


ဘောလုံးပုံ = လုပ်ငန်းသစ်စတင်ရန် အရည်အချင်းများ ၊ ပိုက်ဆံများ ရင်းနှီးပါ။


မိုးပျံပူဘောင်းပုံ = လူတစ်ယောက် (ဒါမှမဟုတ်) အခြေအနေတစ်ခုကို သတိထားပါ။


လင်းနို့ပုံ = လျှို့ဝှက်ကြံစည်ခြင်း။


ပဲစေ့ပုံ = ငွေရေးကြေးရေးပြဿနာ။


ဝက်ဝံ = ဆုံးဖြတ်ချက်များချရာတွင် သတိထားပါ။ အကြောက်မလွန်ပါနှင့်။


အိပ်ရာပုံ = နေမကောင်းဖြစ်ခြင်း။


ပျားပုံ = သူငယ်ချင်းအသစ်များ။


ခေါင်းလောင်းပုံ = ဧည့်သည်များ။


ငှက်ပုံ = သတင်းစကားများ။


လှေပုံ = လိုက်လျောညီထွေနေပါ။


စာအုပ်ပုံ = ပညာရှိနှင့်တွေ့ရမည်။ တရားရေးကိစ္စများ။


ပုလင်းပုံ = ပေါင်းသင်းဆက်ဆံရေးများလုပ်ပါ။


သေတ္တာပုံ = လျှို့ဝှက်ချက်များ။


သစ်ကိုင်းပုံ = ဒုက္ခရောက်နေတဲ့ သူငယ်ချင်းကို ကူညီပါ။


တံတား = အတားအဆီးများကို ကျော်လွှားနိုင်မည်။


တံမြက်စည်း = ကိုယ့်ကိုကိုယ် ပြန်စန်းစစ်ပါ။


နွားသိုး = အိမ်ထောင်ရှိသူထံမှ အကူအညီရမည်။
(သို့) အကူအညီပေးနေသူက အိမ်ထောင်ရှိသူ။


Bus ကား = အဖွဲ့လိုက်ခရီးထွက်ရမည်။


လိပ်ပြာ = အလှည့်အပြောင်းများ။


လှောင်အိမ် = စိတ်ဓာတ်ကျခြင်း။


ကုလားအုပ် = အဝေးက သတင်း။


ဖယောင်းတိုင် = မိတ်ဆွေကောင်းနှင့် ပညာရှိထံမှ အကူအညီ။


ကားပုံ = လုပ်ငန်းသစ်များ။ ခရီးသစ်များ။
ကံကောင်းခြင်း။


ကြောင်ပုံ = အထီးကျန်ခြင်း။


သံကြိုးများ = စီးပွားရေးနှင့် အိမ်ထောင်ရေးအခက်အခဲများ။


ထိုင်ခုံ = မမျှော်လင့်သောဧည့်သည် (သို့) အခြေကျခြင်း။


ကြက်ပုံ = အတင်းအဖျင်းများ။


စက်ဝိုင်း = အောင်မြင်ခြင်း။


လက်သည်း = တိုက်ပွဲ။ ရန်သူ။


Clover = ကံကောင်းခြင်း သို့မဟုတ် ချစ်ခင်မှု။


ကြယ်တံခွန် = မျှော်လင့်မထားသောဧည့်သည်။


သံလိုက်အိမ်မြှောင် = ဦးတည်ချက်လိုအပ်သည်။



နွား = စည်းစိမ်ဥစ္စာ။


သရဖူ = အသိအမှတ်ပြုမှု။ ဆုလာဘ်။


ဓားမြှောင် = ကွာရှင်းခြင်း။ အဆက်အသွယ်ဖြတ်ခြင်း။


ခွေး = ခင်မင်မှု။ သစ္စာရှိမှု။


လင်းပိုင် = ပျော်စရာများ။


တံခါး = အခွင့်အလမ်း။


နဂါး = အတိတ်က ဖြစ်ရပ်များ။


ဗုံ = ဇာတ်ရှုပ်များ။


လင်းယုန် = မြင့်မားသောပန်းတိုင်များ သို့မဟုတ် မျှော်လင့်ချက်များ။


ကြက်ဥ = စည်းစိမ်နှင့်အောင်မြင်မှု။


ဆင် = ဉာဏ်ရည်နှင့် အသက်ရှည်ခြင်း။


မျက်နှာ = မိတ်ဖွဲ့မှုအသစ်။


ခြံစည်းရိုး = အကာအကွယ်။


ငါး = ငွေကြေးသတင်း သို့မဟုတ် အသက်မွေးဝမ်းကျောင်း အောင်မြင်မှု။


အလံ = စောင့်ဆိုင်းနေသော အန္တရာယ်။


ပန်း = ပျော်ရွှင်မှု။ အလှတရား။


ခက်ရင်း = အိမ်ထောင်ဖက်နှင့် ငြင်းခုံခြင်း။


ခံတပ် = အခက်အခဲများပြီးနောက် အောင်မြင်မှုရမည်။


မြေခွေး = လိမ္မာသူနှင့် လျှို့ဝှက်သောသူတို့ကို သတိထားပါ။


အသီးပုံများ = ကြိုးစားမှု များများလုပ်ရမည်။


ဂိတ် = အခွင့်အလမ်း။ အခြေအနေဆိုးမှ လွတ်မြောက်ခြင်း။


ဆိတ် = စီးပွားရေးပြိုင်ဆိုင်မှု။


ဘဲငန်း = ပြဿနာတစ်ခုအတွက် ဖြေရှင်းချက်။


သင်္ချိုင်း = သေခြင်း။ ဝမ်းနည်းခြင်း။ ကံဆိုးခြင်း။


သေနတ် = ဆက်ဆံရေးတွင် ကြီးမားသော အနှောင့်အယှက်များ။


တူ = စိန်ခေါ်မှုများကို အင်အားဖြင့် ကျော်လွှားပါ။


လက် = သဘောတူညီချက်။


စောင်း = သဟဇာတ။


ဦးထုပ် = ဘဝမှာ အောင်မြင်မှု။


အသည်းပုံ = ကောင်းမွန်တဲ့အချစ်ရေးနှင့် ကျန်းမာရေး။
(အသည်းကွဲနေရင် မကောင်းတဲ့အချစ်ရေးနှင့် ကျန်းမာရေး။)


မြင်း = မြင့်မြတ်သော ခွန်အား။


သဲနာရီ = အချိန်ကုန်ခြင်း။ မပြည့်စုံခြင်း။


အိမ် = စီးပွားရေးအောင်မြင်မှု။


ရေနွေးအိုး = သူငယ်ချင်းများနှင့် ပိုမိုရင်းနှီးမှုရခြင်း။


သော့ = ရွှေ့ပြောင်းရခြင်း။ အဖြေရရှိခြင်း။


ဘုရင် = အမြင့်ဆုံး စွမ်းအား (သို့) အောင်မြင်မှုရရှိခြင်း။


စွန် = ချုပ်ချယ် ချည်နှောင်ခံရခြင်း။


ဓား = ရန်သူများ ချည်းကပ်လာခြင်း။ လမ်းခွဲခြင်း။


လှေကား = အလုပ်နှင့်သက်ဆိုင်သောခရီး။ ရာထူးတိုးခြင်း။


မီးခွက် = တစ်ယောက်ယောက်ကို ကူညီခြင်း။


သစ်ရွက် = ရည်မှန်းချက်။ ငွေ။


စာ = သတင်းစကား။


ခြင်္သေ့ = သြဇာရှိသော သူငယ်ချင်းရခြင်း။


အမျိုးသမီး = ဂုဏ်ရှိခြင်း။


အမျိုးသား = ပိုက်ဆံရခြင်း။


မျက်နှာဖုံး = လိမ်လည်မှုများ။


ရေသူမ = လှပမှုများရရှိခြင်း။


တောင်တန်း = အာဏာကြီးသောသူနဲ့ တွေ့ရခြင်း။


နှာခေါင်း = အတင်းပြောခံရခြင်း။


ဝက် = အနိုင်ရခြင်း။


ကြွက် = သစ္စာဖောက်ခြင်း။


ရထား = လုပ်ငန်းသစ်။


သစ်ပင်များ = ပိုမိုကောင်းမွန်ခြင်း။


တံယော = တစ်ကိုယ်ကောင်းဆန်ခြင်း။



ကော်ဖီမှုန့်မှာပေါ်လာတဲ့ စာလုံးတွေ၊ ကိန်းဂဏန်းတွေနဲ့ အရုပ်တွေကို မေးတဲ့သူမေးခွန်းတွေကို ချိန်ညှိပြီး ဟောပေးရမှာဖြစ်ပါတယ်။


ကိုယ့်ကိုကိုယ် ပြန်ဟောလို့မရပေမယ့်လဲ လေ့ကျင့်ဖို့အတွက်တော့ တစ်ယောက်ထဲ လေ့ကျင့်လို့ရပါတယ်။


တခြား ဗဟုသုတရစရာ အကြောင်းအရာလေးတွေနဲ့ English ဝတ္ထုလေးတွေ၊

ဘာသာစကားလေ့လာနည်းလေးတွေကိုလဲ ရေးသားသွားမှာဖြစ်လို့

အကောင့်လေးကို follow လုပ်ပေးသွားပါဦးနော် ☺️

Keep Reading

"စကားချိုသာလျှင် လိုရာကိုရသည်"Cambridge English Examတက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship