Author's Profile Photo

SarPhat Author

14/04/2024

ဆောင်းပါးစာမူ ပေးဆပ်သူများ

2 mins read
Book Review
Art
18 Again
ဆောင်းပါးစာမူ
ပေးဆပ်သူများ's photo

ဆယ်တန်းအောင်ပြီးတော့လည်း အဖေနှင့်အမေ၏ တာဝန်ကမပြီးသေး။တက္ကသိုလ်ထားနိုင်ဖို့အရေး ကြိုးပမ်းကြရပြန်သည်။သည်ဟာကလည်း အဖေနှင့်အမေ၏တာဝန်ပင်။"ဆယ်တန်းပြီးတော့လည်း တက္ကသိုလ်လေးနှစ်က ကျန်သေးတယ်၊ကျောင်းပြီးဖို့ အရေးကြီးတာပဲ"သည်စကားကိုတော့ အဖေနှင့်အမေ ပြောလေ့ရှိကြသည်။သူငယ်တန်းမှ တက္ကသိုလ်ဘွဲ့ရသည်အထိ မညည်းမညူ ထားကြရှာသည်။ကုန်ဆုံးသွားသော ငွေများကို ပြန်ရရခေါင်းစဉ်မရှိ။သားသမီးများအတွက် မြှုပ်နှံပစ်ကြသည်။ထို့နောက် သားလေး၊သမီးလေးများ အနည်းဆုံး တစ်နှစ်တစ်တန်း အောင်မြင်နေလျှင်ပင် အဖေနှင့်အမေက ဝမ်းပမ်းတသာဖြစ်ကြရပြန်သည်။သားသမီးဆီမှ မည်သည့်အရာမျှ မစားရေသးဘဲ သားသမီးတာဝန်ကျေပွန်ရုံနှင့်ပင် ပီတိဖြစ်နေရသူက အဖေနှင့်အမေဖြစ်သည်။"ကျွန်မသားလေးက ဒီနှစ်ဆို နောက်ဆုံးနှစ်""ကျွန်မသမီးလေးက ဒီနှစ်ဆို နောက်ဆုံးနှစ်ရောက်ပြီတော်"အဖေနှင့်အမေက သည်စကားကို ကျွန်တော် ဆယ်တန်းအောင်ပြီးကတည်းက ပြောလေ့ရှိကြသည်။အဖေနှင့်အမေက"ပညာရေးနှင့်ပက်သက်ပြီး ကုန်ချင်သလောက်၊ကုန်ပလေ့စီ၊ကျွန်မတို့က ထားမွာပဲ"ဆိုသည့် အစားများထဲတွင် ပါသည်။"သားကြီးဘာဖြစ်ရင်ငါတို့ ဘာပြန်ရမည်"ဆိုသည့် စကားမျိုးတော့ အဖေနှင့်အမေထံမှ မကြားဘူးပေ။အဖေနှင့်အမေက အမွေအဖြစ် ပညာအမွေကိုပေးသည်။သို့သော် အဖေနှင့်အမေတို့သည် လူသားများဖြစ်သည့်အလျောက် ရင်ထဲ၌ မျှော်လင့်ချက်များ ရှိနေကြမည်တော့ အမှန်ပင်ဖြစ်လိမ့်မည်။။အဖေနှင့်အမေ့မှာ မျှော်လင့်ချက်များ ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ သားအတွက်သို့မဟုတ်သမီးအတွက် ပေးဆပ်ကြသည်တော့ အမှန်ပင်ဖြစ်လေသည်။ပိုက်ဆံများ အကုန္က်ခံကာ တက္ကသိုလ်သို့ ပို့ကြသည်။ထားပေးရမှာ အဖေနှင့်အမေတို့တာဝန် ဆိုပေသိ အဖေနှင့်အမေက မည်သို့မျှ မျှော်လင့်မထားကြ။"ငါ့သားတို့ ၊ငါ့သမီးတို့ ပညာတတ်အောင်ကြိုးစား အေမကေတာ့ထားမွာ ဘာတွေကုန်ကုန်''ဆိုသည့် စကားက အဖေနှင့်အမေ၏ လက်သုံးစကားဖြစ်နေသည်။သို့သော်လည်း ''စုန်ရေသာရှိသည်၊ဆန်ရေမရှိ''ဆိုသကဲ့သို့ အဖေနှင့်အမေပြန်ရလိုက်ရသည်ကား ရင်နင့်ဖွယ်ပင်။"ပညာစုံတော့ ကြင်ယာစုံပြီပေါ့""ဘွဲ့လေးရခါမှ မကြာသေး မိန်းမကရပြီ""မေအ၊ဖေအကို လုပ်ကျွေးတောင် မသြားရွာဘူး"သည်လိုစကားမျိုးများ ရပ်ကွက်ထဲမှ မည်သို့ပင် ပြောစေကာမူ အဖေနှင့်အမေကတော့ ပြုံးနေလျက်ပင်။"မကောင်းမြစ်တာ၊ကောင်းရာညွှန်လက်၊အတတ်သင်စေ၊ပေးဝေနှီးရင်း၊ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ဖခင်မယ်တို့တာ"ဆိုသည့်အတိုင်း ဘွဲ့ရပညာတတ်ကြီးဖြစ်အောင် ပေးဆပ်ပြီးတော့လည်း ထိမ်းမြားမင်္ဂလာ ပြုပေးကြရပြန်သည်။ပတ်ဝန်းကျင်မှ စကားမ်ားကို အဖေနှင့်အမေက နားမယောင်တတ်ကြပေ။သား၊သမီးအတွက်ဆိုတော့ အဖေနှင့်အမေက သည်လို ဘာမြှအလုပျအကြေှးမပွုဘဲ လုပ်သွားတာတောင် ဝမ်းသာစွာ ရဲရဲကြီး လက်ခံကြပြန်သည်။"ခင်ဗျားသား၊အင်ဂျင်နီယာက အခုမိန်းမရသွားတော့ ပိုက်ဆံတွေဘာတွေ ပို့သေးလား"ရပ်ကွက်ထဲမှာ သည်လိုစကားအပြောခံရလျှင်ပင် အဖေနှင့်အမေက ပြန်ပြောတတ်သေးသည်။"တစ္လကို နှစ်သိန်းပို့တာ၊သုံးသိန်းပို့တာ"စသဖြင့်ပေါ့။ပို့သည် မပို့သည်ကတော့ အဖေနှင့်အမေသာ အသိဆုံးပင်။သားသမီးအတွက် သည်လိုတွေ ပေးဆပ်လိုက်ကြပြီး နောက်ဆုံးတော့ အဖေနှင့်အမေသာ ဒုက္ခဖြစ်ပြီး ကျန်ခဲ့ကြရရှာသည်။အခြေခံပညာမှ အဆင့်မြင့်ပညာသို့ ပြောင်း၍ ထားရသည့်အခါ ငွေကုန်ကြေးကျများသည်။အဖေနှင့်အမေကတော့ ရှိသမျှရောင်း၍ ထားခဲ့သည်။ထို့ကြောင့် နောက်ဆုံး၌ အဖေနှင့်အမေက စားဝတ်နေရေးပင် အနိုင်နိုင်ဖြစ်ကြရတော့သည်။သို့သော်''ငါ့သားကိုတော့၊ငါ့သမီးကိုတော့ ကျောင်းထားလိုက်ရလို့ ရှိတာတွေကုန်ပြီ"ဟု မပြောကြပေ။"ဒီလိုပါပဲကြာ...မိဘေတြဆိုတာ"ဟုပင် ပြောကြသည်။ထိုအချိန်မျိုး၌ သားသမီးက ဇိမ်နှင့် နေနေရပြီ။အဖေနှင့်အမေက သားသမီးများအတွက် ပေးဆပ်ရဲကြသည်။သို့သော် အဖေနှင့်အမေက သားသမီးအတွက် ပေးဆပ်သလောက် သားသမီးမ်ား မပေးဆပ်ကြပေ။အဖေနှင့်အမေအပေါ် အသိနည်းကြခြင်းကြောင် ရင်ကျိုးကြရပြန်သည်။အချို့သားသမီးများသည် မိမိဘဝခရီး အဆင်ပြေချောမွေ့ရေးကိုသာ ရှေ့ရှူ့သွားကြသည်။မိမိဘဝခရီး အဆင်ပြေချောမွေ့သည်ကား သည်အဖေနှင့်အမေ၏ကျေးဇူးကြောင့်ဆိုသည်ကို မေ့သွားတော့သည်။ထိုအချိန်တွင် မိဘမ်ားမွာ ဝမ်းနည်းစွာဖြင့်"သူတို့အသိရှိရင် စားရမှာပေါ့"ဟုသာ တသသပြောရုံမှလွဲ၍ ပြောစရာမရှိဖြစ်သွားကြရသည်။အဖေနှင့်အမေသည် ကျွန်တော်တို့ ''အုဝဲ"ဆိုကတည်းက မိမိတို့သေသည်အထိ ပေးဆပ်လာခဲ့ကြရသည်။အိမ်ထောင်သည်ဖြစ်နေသည့်တိုင် "ငါ့သားလေး၊ငါ့သမီးလေး ဒုက္ခရောက်နေရှာတာ"ဆိုပြီး သားသမီးမ်ားကို ပေးဆပ်ကြပြန်သည်။သို့ကြောင့် အဖေနှင်အမေသည် လောကတွင် ပေးဆပ်မူအများဆုံးသော ပေးဆပ်သူများပင် ဖြစ်သည်ဟု ဆိုချင်ပါတော့သည်။
နန္ဒမန်းကြယ်(တွင်းငယ်)

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)