SarPhat Author
အမေရှိစဉ်က ပြောသည့်စကား မှတ်မိသေးသည်။သားသမီးများကို ပညာတတ်ကြီးများ မဖြစ်မည်စိုး၍ စကားလုံးအမျိုးမျိုးသုံးပြီး ဆုံးမရှာသည်။အမေ့စကားက''သားတို့ နွားဖင်နှိုက်ရတာ လွယ်တယ်၊ထယ်ထိုးဖို့ ဆိုတာ တစ်ရက်မသင်ရဘူး၊ငါ့သားတို့ ပညာတတ်ကြီးတွေဖြစ်အောင်ကြိုးစား''ဟူ၍ ဖြစ်သည်။ယခုတော့ အေမက ဘယ်မှာလဲ။ဓါတ်ပုံထဲသာ ရှိတော့သည်။''အမေ၊ရော့၊ဟိုဟာစား၊ဒါစား''ဟု မည်သူ့ကို ကျေွးရမည်နည်း။မောမောပန်းပန်းဖြင့် အလုပ်မှ ပြန်လာလျှင်သော်မှ အေမဟု ခေါ်၍ မရတော့ပေ။အမေက ပြန်ထူးသည့်အသံ''ဟေ၊သားပြန်ခဲ့ပြီလား''ဆိုသည့်စကား မကြားရသည်မှာလည်း ကြာပေါ့။ဆယ်နှစ်အေးအေးတောင် ရှိပြီ။''ငါ့သားတွေ ဘွဲဲ့ယူပြီးရင် ဇိမ်နဲ့နေရပြီ''ဟု တဖွတဖွပြော၍ စိတ်ကူးယဉ်နေသည့်အမေ။အမေဇိမ်နှင့်နေရမည့်အလှည့်မှာ ''အေမ နေပါဦး''ဟု တားထား၍ မရ။အေမ သေသွားတော့ ဘာမှမလုပ်ပေးလိုက်ရ၍ ယူကျုံးမရဖြစ်မိသည်။မန်းအစ်မော်တယ်လ်။လူတိုင်းကြားဖူးမည်။လူသည် သေမျိုးဖြစ်သည်။မရဏတရားကို မည်သူမှ လွန်ဆန်၍ မရ။တစ်ခုတော့ရှိသည်။အမေ၊အဖေသေသောအခါ အာပြဲကြီးများဖြင့်''အဖေရေ၊အမေရေ၊သားတို့ သမီးတို့ကို ထားခဲ့ပြီလား''ဟု အော်မငိုကြရန် အရေးကြီးသည်။အဖေနှင့်အမေ မေသမီက မငြိုမငြင် ပြုစု စောင့်ရှောက် စိတ်ရှည်သည်းခံရန်သာ လိုသည်။ပြောရလျှင် လူအများစုသည် အဖေအမေရှိစဉ် တည့်အောင်မပြော၊တည့်အောင်မနေကြပေ။''ဟာ ခင်ဗျားကြီးကို လျှာရှည်တယ်၊အသက်ကြီးရင်ကြီးသလိုနေ လျှာဝင်မရှည်နဲ့''ဟု ပြောတတ်ကြသည်ကို ကျွန်တော်ကိုယ်တိုင် ကြားဖူးသည်။ဝမ်းနည်းမဆုံးလည်းဖြစ်မိသည်။အသက်ခုနစ်ဆယ်ကျော်ဝန်းကျင် အဖိုး၊အဖွားများသည် စကားကိုထပ်ခါတလဲလဲပြောတတ်ကြသည်။သည်လို ပြောလျှင် ''ဟုတ်ကဲ့၊အဖေ၊ဟုတ်ကဲ့၊အမေ''ဟု ပြန်ပြောလျှင်ပင် ကျေနပ်နေကြမည်။ယခုမှာ လူကြီးများသည် အသက်ကြီး၍ အသုံးမဝင်ကြတော့သည့်အလား။လူပိုများဟု ထင်နေကြသည်။လူကြီးများ စိတ်မရှည်တတ်ကြသည်ကို တွေ့မြင်နေရသည်။ထိုအကြောင်းနှင့်ပက်သက်၍ ဗွီဒီယိုဖိုင်လေးတစ်ခု ကြည့်ဖူးသည်။အားလုံးလည်း ကြည့်ဖူးမည်ထင်ပါသည်။အနည်းငယ်မျှ ပြောပြချင်မိသည်။အိမ်ခြံကြီးတစ်ခြံထဲမှာ အသက်ခုနစ်ဆယ်အရွယ် အဖိုးအိုတစ်ယောက်နှင့်အသက်လေးဆယ်အရွယ်သားဖြစ်သူတို့သည် အိမ်ကြီး၏ရှေ့မှ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေကြသည်။အဖိုးကြီးက ခြံပတ်ဝန်းကျင် ဟိုသည်သို့ ငေးနေ၏။သားဖြစ်သူကတော့ သတင်းစာကို မဲ၍ဖတ်နေသည်။အိမ်ခြံကလည်းကျယ်၊ဥယျာဉ်လည်းရှိတော့ အလွန်သာယာနေသည်။ကျေးငှက်သာရကာများအတွက် အရိပ်ကောင်း၊နေရာကောင်းတစ်ခု ဖြစ်နေလေသည်။ငှက်ကလေးများ စိုးစီစိုးစီဖြင့် ပျော်မြူးနေလိုက်ကြသေးသည်။သည်အချိန်မှာ အဖိုးအိုတို့ ထိုင်နေသည့် ပက်လက်ကုလားထိုင် အနီးနားမွ အလှစိုက်ပန်းပင်လေးပေါ်တွင် ငှက်လေးတစ်ကောင် လာနားသည်။ထိုအချိန်တွင် အဖိုးကြီးက''သား အဲဒါ ဘာငှက်လဲ''မေးလိုက်သည်။သားက သတင်းစာဖတ်မပြတ်။နောက်တစ်ကြိမ် ထပ်မေးသည်။သားက မလှုပ်။နောက်ဆုံးအကြိမ်ရောက်တော့ သားက ''ခင်ဗျားကို အရစ်ရှည်တယ၊်သူဘာသူ ဘာငှက်ဖြစ်ဖြစ် ခင်ဗျားနဲ့ဆိုင်လား''ဟု ပြန်ပြောသည်။အဖိုးကြီးက ဝမ်းနည်းသွားဟန်ဖြင့် '' သား၊အဖေ့ကို အထဲခဏပြန်ပို့ပေး''ဟု ပြောရှာသည်။သည်လိုပြောတော့ သားဖြစ်သူ စိတ်ဆိုးမာန်ဆိုးဖြင့် အထဲသို့ ပြန်တွဲပို့သည်။အိမ်ထဲရောက်တော့ သူသိမ်းထားသည့်စာအုပ်ကိုယူ၍ အပြင်ဘက်ပက်လက်ကုလားထိုင်ပေါ်သို့ ပြန်တွဲပို့ခိုင်းပြန်သည်။သားဖြစ်သူ စိတ်မရှည်။ဆူအောင့်ဆူအောင့်ဖြင့် ပြန်တွဲပို့ပေးသည်။ပက်လက်ကုလားထိုင်ပေါ်ရောက်တော့ အဖိုးကြီးက''သားဒီစာအုပ်လေးရဲ့ ပထမဆုံးစာမျက်နှာလေးကို အဖေ့ဖတ်ပြ''ဟု ပြောလိုက်သည်။သားက ''ခင်ဗျားကြီး၊ရှုပ်ပြန်ပြီ'' တီးတိုးလေးပြောနေပြန်သည်။ပြီးတော့လည်း မဖတ်ပြရသည်မဟုတ်။ရေးထားသည့် စာက-''အချိန်က နံနက်ရှစ်နာရီ။ဒီနေ့ ငါ့သားလေး သူ့နားလာနားတဲ့ငှက်လေးကို ဘာငှက်လဲလို့မေးတာ တစ်ဆယ့်သုံးကြိမ်။အဖေက သားမေးတဲ့ တစ်ဆယ့်သုံးကြိမ်လုံးကို အေဖ မငြိုမငြင်ဖြေခဲ့တယ်''ဟုဖြစ်သည်။သည်စာကို ဖတ်ပြီးမှ သားဖြစ်သူ သူ့အဖေ့ကို ငိုမျက်နှာကြီးနှင့် တင်းတင်းကြီးဖက်၍ ငိုနေလေတော့သည်။ဒီဗွီဒီယိုဖိုင်လေးကို ကြည့်ပြီးတော့ ရိုက်ပြထားတာ အမှန်ပဲဟု တွေးမိသည်။အပြင်မှာလည်း သည်လိုပဲ တွေ့ရတတ်သည်မဟုတ်လော။ကျွန်တော် တွေးလိုက်မိသည်။ကိုယ်လည်း သည်အချိန် ရောက်လာအုံးမည်။ကိုယ်လည်း သည်လို အပြောခံရပေအုံးမည်။အဖေအို၊အမေအိုတို့ စကားများသော် တို့လည်း အိုသည့်အခါ သည်လိုဖြစ်မည်ဟု ဖြည့်တွေးကာ ကောင်းကောင်းမွန်မွန် ဆက်ဆံစေလိုပါသည်။အဖေအို၊အမေအိုများကို မေသမီ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်၍ ရေပူရေအေး လိုရာပေးကြရမည်မှာ သားသမီးတိုင်း တာဝန်ဖြစ်သည်။အရာအားလုံး၌ တန်ပြန်သဘောရှိနေသည်ဟု အဖေအို၊အမေအိုများကို အလေးထားစေလို၍ စေတနာရှေ့ထားကာ မျှဝေချင်ပါတော့သည်။အဖေအို၊အမေအို စကားပိုသော် မငြိုငြင်ကြရန် အေလးထား ရေးလိုက်ရပါကြောင်း။
နန္ဒမန်းကြယ်(တွင်းငယ်)
Keep Reading