Author's Profile Photo

WHY:ဘာကြောင့်လဲ

13/04/2024

'GNP'ဆိုတာဘာလဲ

1 min read
Education
General Knowledge
'GNP'ဆိုတာဘာလဲ's photo


--------------------------------------
'GNP'ရဲ့အရှည်ကတော့ 'Gross National Product 'ဖြစ်ပြီးမြန်မာလိုအဓိပ္ပာယ်ကတော့'စုစုပေါင်းတိုင်းပြည်ထုတ်ကုန်/စုစုပေါင်းတိုင်ဝင်ငွေ'ပါ။ကျွန်တော့်အနေနဲ့ဆိုရင်သူ့ကို့'စုစုပေါင်းအမျိုးသားထုတ်ကုန်တန်ဖိုး(ဝင်ငွေ)/စုစုပေါင်းနိုင်ငံသားထုတ်ကုန်တန်ဖိုး(ဝင်ငွေ)'လို့အဓိပ္ပာယ်ပြန်ချင်ပါတယ်။ဘာကြောင့်လဲဆိုရင် သူက 'GDP 'လိုမဟုတ်ဘဲမိမိနိုင်ငံသားတွေရဲ့ကုန်ထုတ်လုပ်မှုတန်ဖိုး(ဝင်ငွေ)စုစုပေါင်းကိုသာ တွက်ချက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။'GNP'ကိုနားလည်ဖို့ဆိုရင်တော့ GDP ကိုသိဖို့ပါတယ်။
➡️'GDP'နဲ့'GNP'ဘာကွာလဲ
'GDP'ထဲမှာ ပြည်တွင်းရှိနိုင်ငံသားများသာမကနိုင်ငံခြားသားတွေရဲ့ဝင်ငွေလည်းပါဝင်နေပါတယ်။ပြည်ပရှိမိမိနိုင်ငံသားတွေရဲ့ဝင်ငွေတွေတော့မပါဝင်ပါဘူး။
'GNP'ထဲမှာတော့ ပြည်တွင်းပြည်ပရှိမိမိနိုင်ငံသားတွေရဲ့ကုန်ထုတ်လုပ်မှုတန်ဖိုး(ဝင်ငွေ)တွေသာပါဝင်ပါတယ်။
➡️'GNP'ကိုဘယ်လိုတွက်မလဲ
GNP=GDP - NIPA
'NIPA(Net Income Payment Abroad)' ဆိုတာကတော့'နိုင်ငံခြားသို့အသားတင်ပေးရသောဝင်ငွေ'ဖြစ်ပါတယ်။'NIPA'ကိုလိုချင်ရင်လျှင် 'နိုင်ငံခြားသားတွေမိမိနိုင်ငံတွင်းမှရရှိသောဝင်ငွေ' ထဲကနေ 'မိမိနိုင်ငံသားတွေနိုင်ငံခြားမှရရှိသောဝင်ငွေ' ကိုနုတ်ပေးရပါမယ်။(⛔သွင်းကုန်အတွက်ပေးရသောငွေနဲ့ပို့ကုန်အတွက်ရရှိသောငွေများရဲ့ခြားနားခြင်းမဟုတ်ပါ။)
NIPA=နိုင်ငံခြားသားရဝင်ငွေ - မိမိနိုင်ငံသားရဝင်ငွေ
'NIPA'တန်ဖိုးက အနုတ် လည်းဖြစ်နိုင်သလို အပေါင်းလည်းဖြစ်နိုင်ပါတယ်။
GNP ကိုကြည့်ပြီးနိုင်ငံသားတွေရဲ့ဝင်ငွေအဆင့်အတန်းကိုခန့်မှန်းနိုင်ပါတယ်။နိုင်ငံသားတွေရဲ့တစ်နှစ်စာဝင်ငွေကိုဖော်ပြတဲ့ တစ်ဦးကျဝင်ငွေ ကိုတွက်ချက်တဲ့အခါမှာလည်းGNPကိုအသုံးပြုပါတယ်။ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့နိုင်ငံတစ်နိုင်ငံရဲ့အဆင့်အတန်းကိုဖော်ပြတဲ့နေရာမှာ 'GDP'ထက်'GNP'ကို ပိုပြီးဖော်ပြစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အချို့နိုင်ငံတွေက နိုင်ငံခြားအခြေစိုက်ကုမ္ပဏီတွေများတဲ့အတွက်ကြောင့် 'GDP'တန်ဖိုးများနေပေမယ့်နိုင်ငံသားတွေကတော့ဆင်းရဲနေကြပါတယ်။
⛔ဒါပေမယ့်လည်းလက်တွေ့မှာ ပြည်ပရောက်မိမိနိုင်ငံသားတွေရဲ့ဝင်ငွေကိုအတိအကျသိရှိရန်ခက်ခဲတဲ့အတွက် GNPကိုနိုင်ငံအချို့မှာမတွက်ချက်နိုင်ဘဲGDPအထိသာတွက်ချက်နိုင်ပါတယ်။GNPကိုမဖော်ပြနိုင်ပေမယ့် GDP ကလည်းနိုင်ငံသားတွေရဲ့အခြေအနေအတိုင်းအတာတစ်ခုထိဖော်ပြနိုင်ပါတယ်။

Keep Reading

"စကားချိုသာလျှင် လိုရာကိုရသည်"Cambridge English Examတက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship