Default Profile Photo

SarPhat User

12/04/2024

သင်္ကြန်အလှ ဘယ်ကစ?

1 min read
Education
General Knowledge
Art
သင်္ကြန်အလှ ဘယ်ကစ?'s photo


‘သင်္ကြန်‌နွေဦး တူးပို့…တူးပို့…’ အစချီတဲ့ သီချင်းတွေ လွင့်ပျံ့နေတတ်တဲ့ အတာသင်္ကြန်ကာလတောင် ရောက်ရှိလို့လာပါပြီ။?

‘သင်္ကြန်’ ဆိုတာ သင်္ကန္တ ခေါ် ပါဠိဘာသာနဲ့ သင်္ကြန္တ ခေါ် သက္ကတဘာသာကနေ ဆင်းသက်လာတဲ့ ဝေါဟာရ ဖြစ်ပြီး ‘ကူးပြောင်းခြင်း’ လို့ အဓိပ္ပာယ်ရပါတယ်။
တပေါင်းလမှာ မြန်မာနှစ် တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ် ဖြစ်တဲ့ တန်ခူးလကို ကူးပြောင်းတဲ့ သဘောမျိုးပါ။

ဒါကြောင့် တန်ခူးလက မယ်ရေးတို့ မြန်မာလူမျိုးတွေရဲ့ နှစ်အစ၊ နှစ်အဦးပါပဲ။ ‘တန်ခူး’ ဆိုတဲ့ ဝေါဟာရထဲက တန်(ဝါ)တန်းက ပါဠိဘာသာ တာလနဲ့ အဓိပ္ပာယ်တူတဲ့ ‘ထန်း’ ဖြစ်ပြီး ခူး ကတော့ ‘ဆွတ်ခူး’ကို ဆိုလိုတာပါ။ ဆက်စပ်ပြောရမယ်ဆိုရင် ‘တန်ခူးလ’ ဆိုတာ ‘ထန်းသီး ဆွတ်ခူးတဲ့လ’ လို့ အဓိပ္ပာယ်ရပါတယ်။

ဗုဒ္ဓကျမ်းဂန်ထဲမှာ ဒီသင်္ကြန်ကာလက ဘုရားရှင်ရဲ့ မယ်တော်ဘက်က အမျိုးတွေရှိတဲ့ ဒေ၀ဒဟပြည်မှာ မင်းသား၊ မင်းသမီးတွေ ရေကစားတဲ့ အချိန်လို့လဲ အဆိုရှိပါတယ်။?

ပုဂံခေတ် နရသီဟပတေ့မင်းနဲ့ မိဖုရားစောလုံတို့ရဲ့ ရေပက်ကစားကြတဲ့ ဖြစ်ရပ်ကို ကြည့်ပြီးတော့လဲ သင်္ကြန် ရေကစားတာက အဲဒီခေတ်ကတည်းက ရှိနေပြီဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။

မယ်ရေးရဲ့ စာပေမိတ်ဆွေတို့လဲ သင်္ကြန် ဖြစ်ပေါ်လာပုံ အယူအဆတွေကို ထပ်သိသေးရင် မယ်ရေးကို မျှဝေပေးခဲ့ပါအုံးနော်။

#ရေးမယ်ထရိန်နင်
#သင်္ကြန်အလှဘယ်ကစ
#သင်္ကြန်သမိုင်းကြောင်း

(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

မယ်ရေးတို့ ဝေမျှ​နေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
?Telegram channel
https://t.me/yaymaltraining
?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

Keep Reading

Cambridge English Exam"စကားချိုသာလျှင် လိုရာကိုရသည်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship