SarPhat User
ဖျဉ်ဖြေလား၊ ဖျန်ဖြေလား
*****
အချို့စကားလုံးတွေဟာ စာလုံးပေါင်း မတူပေမဲ့ အဓိပ္ပာယ် တူနေတာမျိုးလဲ ရှိပါတယ်။
ပထမဦးဆုံး သိထားဖို့က 'ဖျဥ်'နဲ့ 'ဖျန်'တို့ဟာ အဓိပ္ပာယ်ချင်း တူပါတယ်။
* ဖျဥ် (ကြိယာ)= နှစ်ဦးနှစ်ဖက်ကြား ခိုက်ရန်ဖြစ်ပွားမှုကို ရပ်စဲအောင် ပြုသည်။ ဖျန်သည်။
* ဖျန် (ကြိယာ)= ဖျဥ်သည်။
တစ်လုံးချင်းအနေနဲ့ 'ဖျဥ်တယ်၊ ဖျန်တယ်' ဆိုတာမျိုး သုံးနှုန်းတာ ဆိုရင် အဓိပ္ပာယ်ချင်း တူတာကြောင့် ဖလှယ် သုံးနိုင်ပြီး 'ရန်ဖျဥ်တယ်၊ ရန်ဖျန်တယ်၊ ဝင်ဖျဥ်တယ်၊ ဝင်ဖျန်တယ်၊ ကြားဖျဥ်တယ်၊ ကြားဖျန်တယ်' ဆိုတာမျိုး တွဲလုံးအနေနဲ့လဲ သုံးနှုန်းနိုင်ပါတယ်။
ဒါပေမဲ့ 'ဖျဥ်ဖြေ'လို့တော့ တွဲသုံးလေ့မရှိဘဲ 'ဖျန်ဖြေ'လို့ပဲ သုံးလေ့ရှိပါတယ်။
* ဖျန်ဖြေ (ကြိယာ)= အကျေအလည် ပြေငြိမ်းအောင် ပြုသည်။
'ဖျဥ်၊ ရန်ဖျဥ်၊ ဝင်ဖျဥ်၊ ကြားဖျဥ်'တို့၊ 'ဖျန်၊ ရန်ဖျန်၊ ဝင်ဖျန်၊ ကြားဖျန်'တို့ စတာတွေမှာ 'ဖျဥ်'နဲ့ 'ဖျန်'ကို ဖလှယ် သုံးနိုင်ပေမဲ့ 'ဖျန်ဖြေ' ဆိုတဲ့ တွဲလုံးမှာတော့ 'ဖြေ'ရဲ့ ရှေ့မှာ 'ဖျန်'ကိုပဲ တွဲရမှာ ဖြစ်ပါတယ်။
အေးကျော်မင်း
ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။
#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ
(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)
မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
Telegram channel
https://t.me/yaymaltraining
Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q
Keep Reading