Author's Profile Photo

WHY:ဘာကြောင့်လဲ

12/04/2024

'GDP' ဆိုတာဘာလဲ

1 min read
Education
General Knowledge
'GDP' ဆိုတာဘာလဲ's photo


-----------------------------------------------
➡️'GDP'ရဲ့အရှည်ကောက်ကတော့ 'Gross Domestic Product' ဘဲဖြစ်ပါတယ်။မြန်မာလိုဆိုရင်တော့ 'စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး/စုစုပေါင်းပြည်တွင်းဝင်ငွေ' လို့ခေါ်ပါတယ်။ နိုင်ငံတွင်း(ပြည်တွင်း)မှာရှိတဲ့ ကဏ္ဍအားလုံးရဲ့ထုတ်ကုန်တန်းဖိုးစုစုပေါင်း/လုပ်ငန်းနဲ့လူပုဂ္ဂိုလ်တွေရဲ့ဝင်ငွေစုစုပေါင်း ဘဲဖြစ်ပါတယ်။ 'GDP'ဟာနိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးအခြေအနေကို ခန့်မှန်းတဲ့နေရာမှာအလွန်အသုံးဝင်ပါတယ်။
➡️သူ့ကိုဘယ်လိုတွက်လဲ
တွက်နည်း(၃)မျိုးရှိပါတယ်။
(၁)ကုန်ထွက်နည်း
-ကဏ္ဍတစ်ခုချင်းစီရဲ့ကုန်ထွက်တန်ဖိုးအားလုံးကိုပေါင်းရပါမယ်
-အဲ့ဒီလုပ်ငန်းတွေမှာအသုံးပြုခဲ့တဲ့အသုံးစရိတ်(ကုန်ကြမ်းတန်ဖိုး) ကိုနုတ်ပေးရပါမယ်
-အခွန်တွေကိုထည့်ပေါင်းပြီး
-ထောက်ပံ့ကြေးတွေကိုနုတ်မယ်ဆိုရင်တော့ 'GDP'ကိုရရှိပါပြီ။
(၂)ဝင်ငွေနည်း
-ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းနဲ့လူပုဂ္ဂိုလ်တွေရဲ့ ဝင်ငွေတွေကိုစုပေါင်းပေးရမယ်။
⛔အစိုးရဝန်ထမ်းတွေရဲ့လစာဝင်ငွေ၊အလှူငွေ၊လက်ဆောင်နဲ့ဆုငွေ စတဲ့ငွေတွေကိုတော့
ထည့်မပေါင်းဖို့လိုပါတယ်။ဘာလို့လဲဆိုတော့အဲ့တာတွေက ဝင်ငွေတွေမဟုတ်ဘဲတစ်ဦးမှတစ်ဦးသို့လွှဲပြောင်းသွားတဲ့လွှဲပြောင်းပေးငွေတွေဖြစ်လို့ပါ။
(၃)အသုံးစရိတ်နည်း
အစိုးရနဲ့ပြည်သူတွေရဲ့အသုံးစရိတ်ကနေလည်း'GDP'ကိုတွက်လို့ရပါတယ်။
"GDP= C+I+G+X-M"အရ 'GDP'ကို
-ပြည်သူတွေရဲ့စားသုံးမှုအသုံးစရိတ်(C)
-ရင်းနှီးမြုပ်နှံမှုအသုံးစရိတ်(I)
-အစိုးရအသုံးစရိတ်(G)နဲ့
-ပို့ကုန်တန်ဖိုး(X)တို့ကိုပေါင်းပြီးတော့
-သွင်းကုန်တန်ဖိုး(M)ကိုနုတ်လျှင်ရပါပြီ။
'GDP'ကိုတွက်တဲ့‌နေရာမှာနိုင်ငံသားတွေရဲ့လုပ်ငန်းနဲ့ဝင်ငွေတွေသာမကနိုင်ငံခြားအခြေစိုက်နဲ့နိုင်ခြားသားတွေရဲ့ဝင်ငွေတွေကိုထည့်တွက်ရပါမယ်။ ပြည်တွင်းမှာရှိတဲ့ အရာအားလုံးအကျုံးဝင်ပါတယ်။ ပြည်ပရောက်မိမိနိုင်ငံသားတွေရဲ့ဝင်ငွေနဲ့ကုန်ထုတ်တန်ဖိုးကိုတော့ထည့်မတွက်ရပါဘူး။ဒါကြောင့်မို့'GDP'များတိုင်း နိုင်ငံသားတွေချမ်းသာနေတာ‌မဟုတ်ပါဘူး။နိုင်ငံသားတွေရဲ့ချမ်းသာမှုကိုဘယ်လိုတိုင်းလဲဆိုတာကိုတော့ပြန်တင်ပေးပါမယ်။
မှတ်ချက်။။'စားသုံးတယ်'ဆိုတဲ့နေရာမှာ စားခြင်း(eat)ကိုဘဲဆိုလိုတာမဟုတ်ဘဲကိုယ်ကျိုး
အတွက်အသုံးပြုခြင်းကိုဆိုလိုပါတယ်။

#why #ဘာကြောင့်လဲ #စီးပွားရေး
#GDP #photocrd_google

Keep Reading

မမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာအရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)Finance Vs Accountingပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့