WHY:ဘာကြောင့်လဲ
ဧရာဝတီလင်းပိုင်(Irrawaddy dolphin)
--------------------
ဧရာဝတီလင်းပိုင်တွေရဲ့ သိပ္ပံအမည်ကတော့ 'Orcaella brevirostris'ဘဲဖြစ်ပါတယ်။ရေချိုလင်းပိုင်အမျိုးအစားဖြစ်ပြီး ဧရာဝတီမြစ်မှာစတင်တွေ့ရှိခဲ့တဲ့အတွက် ဧရာဝတီလင်းပိုင်(Irrawaddy dolphin)လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။အဓိကနေထိုင်ရာဒေသကတော့ အရှေ့တောင်အာရှဒေသဖြစ်ပါတယ်။ဧရာဝတီမြစ်(မြန်မာနိုင်ငံ)၊မဟာခမ်မြစ်(အင်ဒိုနီးရှားနိုင်ငံ)နဲ့ မဲခေါင်မြစ်တွေမှာသာ ယခုအခါတွေရပါတော့တယ်။ရေချိုနေ လင်းပိုင်(၆)မျိူးထဲကတစ်မျိုးဖြစ်ပါတယ်။ သူတို့ မျိုးစိတ်နဲ့ပတ်သတ်တဲ့ အချက်အလက်အချို့များ>>>
➡️အရှည် - ၉ပေ ထိရှိနိုင်ပါတယ်
➡️အလေးချိန် - ၄၄၀ပေါင် ထိရှိနိုင်ပါတယ်
➡️အစားအစာ - ငါးကိုသာအဓိကစားသုံးကြပါတယ်
➡️ကိုယ်ဝန်ဆောင်ကာလ - ၁၄လ
➡️သက်တမ်း - ၃၀နှစ် ထိရှိနိုင်ပါတယ်
သူတို့လေးတွေက ရေနေနို့တိုက်သတ္တဝါဖြစ်ပြီးတော့ အကောင်လိုက်မွေးတဲ့ငါးတွေလည်းဖြစ်ပါတယ်။သူတို့လေးတွေက ကလေးတစ်ခါမွေးလျှင် တစ်ကောင်သာမွေးနိုင်ကြပါတယ်။ပြီးတော့သူတို့က ၂-၃နှစ်ကြာမှသာ ကိုယ်ဝန်တစ်ခါလွယ်ကြပါတယ်။ဒါတင်မကသေးပါဘူး သူတို့က အသက်၇နှစ်(သို့)၉နှစ် ရောက်မှာသာမျိုးပွားနိုင်ကြတာပါ။ သူတို့က ဘဝတစ်သက်သာမှာ ပျမ်းမျှအကောင်ရေ ၅ကောင်ကနေ ၁၃ကောင်ထိသာမျိုးပွားနိုင်ကြပါတယ်(⛔သက်တမ်းစေ့နေရသည့်အချိန်ဖြင့်တွက်ထားခြင်းဖြစ်ပါတယ်)။
ဒီအချက်တွေကြောင့်ဘဲ သူတို့က မျိုးတုန်းမှုအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်း၊အဆိပ်ခတ်ငါးဖမ်းခြင်း၊ လူသားများ၏စွန့်ပစ်ပလတ်စတစ်များ၊ဓါတုပစ္စည်း နှင့်အခြားအကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ်ဧရာဝတီလင်းပိုင်လေးများအသက်ဆုံးရှုံးနေရပါတယ်။စစ်တမ်းများအရ တစ်ကမ္ဘာလုံးတွင်ဧရာဝတီလင်းပိုင်အကောင်ရေ ၂၀၀ကျော်လောက်သာရှိတော့သည်ဟုသိရပါတယ်။မြန်မာနိုင်ငံ ဧရာဝတီမြစ်ထဲမှာလည်း အကောင်ရေ ၆၀နှင့်၇၀ကျော်ကြားမှာသာရှိပါတော့တယ်။
ချစ်စရာကောင်းပြီး ဉာဏ်ရည်မြင့်မားတဲ့ဧရာဝတီလင်းပိုင်လေးတွေကိုကြည့်ချင်တဲ့အတွက်ကြောင့်နိုင်ငံခြားသား(အနောက်နိုင်ငံသား)တွေက မြန်မာနဲ့အရှေ့တောင်အာရှနိုင်ငံတွေကိုလာရောက်လည်ပတ်ကြပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံမှာ လင်းပိုင်လေးတွေကတံငါသည်တွေကိုငါးဖမ်းတဲ့နေမှာ ကူညီတာကိုပိုစိတ်ဝင်စားကြတာပါ။ဒါကြောင့် မြန်မာ့ဂုဏ်ဆောင်နေတဲ့ ဧရာဝတီလင်းပိုင်လေးတွေ ကျွန်တော်တို့အားလုံးဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
#ဘာကြောင့်လဲ(why?)
Keep Reading