Author's Profile Photo

Nicolette

10/04/2024

ကြောက်စရာ Fairy Tales တွေကို ဘယ်သူရေးလဲ

2 mins read
Book Review
Culture
18 Again
ကြောက်စရာ Fairy Tales တွေကို ဘယ်သူရေးလဲ's photo

Fairy Tales တွေရဲ့ မူရင်းဇာတ်ကြောင်းတွေက
တကယ်ပဲ ကြောက်စရာလား ဆိုတာ


ဘယ်သူမှ မသိနိုင်တဲ့ ကိစ္စပါ။


ဘာကြောင့်လဲဆိုတော့ Fairy Tales လို့ ခေါ်တဲ့ အိပ်ရာဝင်ပုံပြင်တွေကို ဘယ်သူကစပြီးပြောခဲ့တာလဲ ဆိုတာတောင် မသိလို့ပါပဲ။


အနောက်တိုင်းမှာတော့ နိုင်ငံနဲ့အလိုက် ကိုယ်ပိုင် အိပ်ရာဝင်ပုံပြင်တွေရှိကြပါတယ်။


ဉပမာ - ရေသူမလေး (The little mermaid) ဟာ ဒိန်းမတ်ရိုးရာပုံပြင်ဖြစ်ပြီးတော့


ဘယ်သူစပြောတာလဲ မသိပေမယ့် မျိုးဆက်တဆင့်နဲ့တဆင့် လက်ဆင့်ကမ်းပြီး ကလေးတွေကို ပြောပြကြပါတယ်။


ဒါဖြင့် Fairy Tales တွေက ကြောက်စရာလား……..?


ဒါကတော့ ပုံပြင်ပြောပြတဲ့သူအပေါ်ပဲ မူတည်ပါတယ်။


ကြောက်စရာကောင်းအောင် ပြောပြချင်တဲ့သူက ပြောပြပြီး


ပျော်စရာကောင်းအောင် လှပအောင် ပြောပြတဲ့သူတွေက ပြောပြကြပါတယ်။


ပုံပြင်တွေက ဘယ်တော့မှ တစ်မျိုးထဲ တသတ်မတ်ထဲ ဖြစ်မနေပါဘူး။


ပုံပြင်စာအုပ်ထုတ်ဝေတာတွေ အနောက်တိုင်းမှာ စတင်ခေတ်စားလာတဲ့ (16,17,18) ရာစုနှစ်တွေမှာတော့


စာရေးဆရာတွေဟာလဲ သူတို့ငယ်ငယ်တုန်းက ကြားဖူးကြတဲ့ပုံပြင်တွေကို အပြင်အဆိုင်ရေးသားပြီး စာအုပ်လေးတွေ ထုတ်ဝေလာကြပါတယ်။


စာရေးဆရာတော်တော်များများကတော့ ကလေးငယ်လေးတွေ အိပ်ရာဝင်တဲ့အချိန်မှာ


ဖတ်ဖို့ နားထောင်ဖို့ ရည်ရွယ်ရေးသားကြတာဖြစ်တဲ့အတွက် ကြောက်စရာကောင်းအောင် မရေးကြပါဘူး။


တချို့စာရေးဆရာတွေကတော့ ပညာပေးလေး ထည့်တာကောင်းမယ်ဆိုပြီး


နည်းနည်းကြောက်ဖို့ကောင်းအောင် ကလေးတွေ မဟုတ်တာတွေ မလုပ်အောင် ပညာပေးအနေနဲ့ ထည့်ရေးကြပါတယ်။


တချို့ကျတော့ အရမ်းကြောက်စရာကောင်းအောင် ရေးသားကြပါတယ်။


ဒီထဲကမှ အရမ်းအောင်မြင်သွားတဲ့ ကြောက်စရာ Fairy Tales ပိုင်ရှင်တွေကတော့ ဂရင်းညီနောင် လို့ သိကြတဲ့ The Brothers Grimm ပဲ ဖြစ်ပါတယ်။


ဂျာမန်လူမျိုးတွေ ဖြစ်ကြတဲ့ ဂျေကော့ ဂရင်း (Jacob Grimm) နဲ့ ဝေဟန် ဂရင်း (Wilhelm Grimm) ညီအစ်ကိုနှစ်ယောက်ဟာ စာပေပညာကို လေ့လာလိုက်စားသူတွေ ဖြစ်ကြပါတယ်။


အစ်ကိုဖြစ်သူ ဂျေကော့က စာကြည့်တိုက်မှုးခေါင်းဆောင် Professor တစ်ယောက်ဖြစ်ပြီး ညီဖြစ်သူ ဝေဟန်ကတော့ Professor တစ်ယောက်ဖြစ်ပါတယ်။


သူတို့နှစ်ယောက်ဟာ တက္ကသိုလ်တက်နေတုန်းကတည်းက Fairy Tales တွေ ရေးသားထုတ်ဝေဖို့ကို စိတ်အားထက်သန်တာကြောင့်


အနောက်တိုင်းက နာမည်ကြီး ပုံပြင်တွေကို စုဆောင်းပြီး စတင်ရေးသားထားကြပါတယ်။


(1812) မှာတော့ Kinder- und Hausmärchen (ကလေးများအတွက် အိပ်ရာဝင်ပုံပြင်များ) ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပြီးတော့


အနောက်တိုင်းတစ်ခွင်မှာတော့ Grimm's Fairy Tales လို့ ကျော်ကြားပါတယ်။


ဂရင်းညီနောင်ရဲ့ ပုံပြင်တွေက အရမ်းရက်စက်ပါတယ်။


ဂျာမန်လူမျိုးတွေက ပုံပြင်တွေကို လှပအောင် မရေးကြတာ မှန်ပေမယ့် ဂရင်းညီနောင်ကတော့ ပိုဆိုးပါတယ်။


သူတို့ရဲ့ ပုံပြင်တွေက လုံးဝ မလှပပါဘူး။


ဒီပုံပြင်တွေကို ကြမ်းတမ်းအောင် ရေးသားရခြင်းရဲ့ ရည်ရွယ်ချက်က လောကကြီးကလဲ ကြမ်းတမ်းလို့ပါတဲ့။


ဘယ်သူ့ကိုမှ မယုံကြည်ဖို့၊ ကိုယ့်အားကိုကိုးဖို့ နဲ့ လူသားတွေရဲ့ ကောက်ကျစ်တဲ့ စိတ်ဓာတ်တွေကို ပုံပြင်တွေထဲမှာ ပုံဖော်ထားပါတယ်။


ဉရောပက မိဘတော်တော်များများကတော့ ဂရင်းညီနောင် ပုံပြင်တွေဟာ ကလေးတွေ ဖတ်ဖို့ မသင့်တော်ဘူးလို့ ဆိုကြပါတယ်။


ဘာပဲဖြစ်ဖြစ် ပုံပြင်တွေကတော့ အောင်မြင်သွားပါတယ်။


ဂရင်းညီနော်က ပုံပြင်ပေါင်း (200) ကျော်ရေးသားခဲ့ပြီး ပုံပြင်တွေကို (1812) ခုနှစ်က စလို့ (1857) ခုနှစ်ကြားမှာ ထုတ်ဝေခဲ့ပါတယ်။


ဒုတိယကမ္ဘာစစ်ဖြစ်တဲ့ အခါမှာတော့ မဟာမိတ်တွေဟာ ဂရင်းညီနောင်ရဲ့ ပုံပြင်တွေ ဖတ်ရှုခြင်းကို သူတို့ရဲ့ တိုင်းပြည်တွေမှာ တားမြစ်ခဲ့ပါတယ်။


တားမြစ်ရတဲ့ အကြောင်းကတော့ ဒီပုံပြင်တွေဟာ နာဇီအကြမ်းဖက်ဝါဒနဲ့ ဆက်စပ်နေတယ်လို့ ယူဆကြလို့ပါ။


(1970) နောက်ပိုင်း အထိ ဂရင်းပုံပြင်တွေကို မဟာမိတ်တိုင်းပြည်တွေက တားမြစ်ခဲ့ကြပါတယ်။


အခုချိန်ထိလဲ ဂရင်းပုံပြင်တွေကို ကလေးငယ်လေးအတွက် တားမြစ်ထားတုန်းပါပဲ။


မိဘတွေက နောက်ပိုင်းထွက်တဲ့ Disney ရဲ့ လှပတဲ့ ပုံပြင်တွေကိုပဲ ကလေးတွေကို ပေးသိပြီး ဂရင်းပုံပြင်တွေကိုတော့ အသက်ကြီးမှ ဖတ်ခွင့်ပေးပါတယ်။



ဂရင်းညီနောင်ရဲ့ ပုံပြင်တွေက အရမ်းကြောက်စရာကောင်းလာဆိုတာကို ကိုယ်တိုင်ဖတ်ရှုကြည့်ဖို့အတွက် အောက်ပါ Telegram Channel မှာ တင်ပေးထားပါတယ်။

https://t.me/+fDx3Hhe9OWoyZmY1




ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️

Keep Reading

သည်းခြေကြိုက် စာအုပ် ၆ အုပ်တန်ဆေးလွန်ဘေးBook Reviewချန်လှပ်ခဲ့သော ဇွန်လနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါ