Author's Profile Photo

Lwin

3/07/2025

Book Review

1 min read
Book Review
Book Review's photo

ချစ်သူနဲ့ စိတ်ကျန်းမာရေး - ဉာဏ၊ စူးရှမေ

ဆရာမဉာဏနဲ့ ဆရာမစူးရှမေတို့ collaboration လုပ်ထားတဲ့ ချစ်သူနဲ့ စိတ်ကျန်းမာရေး စာအုပ်လေးကို Review ပေးချင်ပါတယ်။

လူတွေရဲ့ စိတ်ခံစားချက်၊ ခံယူချက်၊ အတွေးအမြင်တွေက ငယ်ငယ်ကခံစားခဲ့ရတဲ့ trauma တွေကြောင့် ကွဲပြားလာကြတာပါ။ စိတ်ပညာရှင် Dr.Brené Brownက လူတွေဟာ အရာရာကို Viking( အနိုင်ကျင့်သူ) နဲ့ Victim (သားကောင်) ဆိုတဲ့ပုံစံမျိုးနဲ့ ရင်ဆိုင်တက်ကြကြောင်း ရေးထားတာကိုတွေ့ရတယ်။ ထူးခြားတာက Viking နဲ့ Victim တွေရဲ့ တူညီတဲ့အချက်က တစ်ခုခုဆို အရမ်းထိခိုက်လွယ်ကြတယ်။ Viking ကတော့ ထိခိုက်မှာကြောက်လို့ မာကျောတဲ့အပြင်ပန်းကို တည်ဆောက်ထားတာတွေ့ရပြီး Victim ကတော့ ထိခိုက်မှာကြောက်လို့ ဘေးထွက်နှုတ်ဆိတ်နေကြတာ​ တွေ့ရပါတယ်။ နှစ်ခုလုံးဟာ စိတ်ဒဏ်ရာတွေကို မကုစားနိုင်လို့ ဖြစ်ပွားရတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ဟာ တစ်ယောက်ယောက်ကိုမချစ်​မိခင် မိမိကိုယ်ကို မှန်ကန်စွာချစ်တက်ဖို့အရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ ကိုယ်ပိုင်Boundary တွေ၊ Self-esteem တွေ တိုးတက်လာမှာပါ။ ကိုယ့်ရဲ့ ပါတနာ၊ ကိုယ့်ရဲ့ မိတ်ဆွေတွေနဲ့လည်း ပိုပြီးအဆင်ပြေလာနိုင်မယ့် အချက်တွေရေးထားတာကိုလည်း ဒီစာအုပ်ထဲမှာတွေ့ရပါတယ်။

Honest Review - စာအုပ်အမည်ကြောင့် ချစ်သူ၊ ရည်းစားနဲ့ ပက်သက်တာတွေပဲရေးတယ်ထင်ခဲ့တာ၊ တကယ်တမ်း ဖတ်ကြည့်တော့ ဘယ်လို Relationship မျိုးမဆို လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ childhood trauma တွေ၊ ကိုယ့်ကိုယ်ကို best version ဖြစ်စေပြီး healing ဖြစ်စေတဲ့ အကြောင်းတွေထိ ရေးထားတာ တွေ့ရပါတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ လိုနေပြီ ထင်ပါတယ်။

ကိုယ်ဟာToxic Relationship ထဲရောက်နေသလား။

Gaslighting လုပ်ခံနေရလား။

တစ်ခါတစ်လေ brainwash ခံနေရတယ်လို့တွေးမိလား။

ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံနေရပြီး စိတ်မကျန်းမာဖြစ်နေတယ်ဆိုရင်တော့ ချစ်သူနဲ့ စိတ်ကျန်းမာရေး စာအုပ်ကိုဖတ်ကြည့်ဖို့ Recommend ပေးချင်ပါတယ်ရှင့်။

Review သေချာဖတ်ပေးလို့ ကျေးဇူးပါ🤗

#ချစ်သူနဲ့စိတ်ကျန်းမာရေး
#ဉာဏ၊စူးရှမေ
#Lwin
#Review

Keep Reading

တန်ဆေးလွန်ဘေးသည်းခြေကြိုက် စာအုပ် ၆ အုပ်Book Reviewချန်လှပ်ခဲ့သော ဇွန်လနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါ