Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

10/04/2024

နတ်​တွေတကယ်ရှိလား

2 mins read
General Knowledge
Culture
Art
နတ်​တွေတကယ်ရှိလား's photo

ဘုရားရှိခိုးရင်​တော့အမြဲနတ်​တွေပင့်တယ်ရှိရှိသမျှနတ်​တွေ​ပေါ့ ဒါမယ့်နတ်​တွေတကယ်ရှိလားဆိုတာ​ရေ​ရေရာရာမသိဘူးစာဖတ်သူတို့​ရောသိကြလား ကျွန်မ​တော့မသိဘူးလူကြီး​တွေ​ပြောဖူးတာ​တွေနဲ့စာအုပ်ဖတ်ဖူးတာ​တွေဘဲရှိတာ ဟို​တနေ့ကကျွန်မရဲ့ချစ်လှစွာ​သောဖေဖေကို​မေးကြည့်တယ်မသိတာရှိရင်ဖေ​ဖေ့ကိုဘဲ​မေး​လေ့ရှိတယ်​ဖေ​ဖေကလည်းမဆိုင်းမတွပြန်​ဖြေ​ပေးတယ် မှားတာရှိရင်လည်းပြင်​ပေးတယ် အခုချိန်ထိဆုံးဖြတ်ချက်ချရာမှာလည်း​ဖေ​ဖေ့ကိုအမြဲတိုင်ပင်တာ​ပေါ့ (ကဲကွယ်​ပြောရင်းနဲ့ ဘယ်​လောက်ချစ်​ကြောင်း​တွေပါလာ​တော့မယ် ရပ်လိုက်ပြီ) ဆက်​ရရင် ဖေ​ဖေ့ကို​နတ်​တွေတကယ်ရှိလားဘယ်လိုပုံမျိုးလဲဆိုတာ​မေးကြည့်တယ် ဖေ​ဖေကပြန်​ပြောပါတယ် တကယ်ရှိလားဆိုတာသူလည်းမသိဘူး မြင်လဲမမြင်ဖူးဘူး ဒါမယ့်သူကြုံခဲ့ရတဲ့အဖြစ်ပျက်တခုကို​ပြောပြတယ် အဲ့တာကသူ၇တန်းအရွယ်​​လောက်ကဖြစ်တာ (ပြောရလွယ်​အောင်နာမည်​ပြောင်​လေးတခုထည့်လိုက်မယ်)ကိုအဲတို့အိမ်ကတိုက်ရှည်ကြီး လမ်း၅၀မှာ ပုစွန်​တောင်လမ်း၅၀ အဲ့ကတိုက်တွေအကုန်လုံးကို ကိုအဲအ​ဖေကပိုင်တာ​​ပေါ့ ကိုအဲမှာဦး​လေးတွေအများကြီးရှိတယ်အဲ့ထဲမှာနွဲ့​နေတဲ့ဦး​လေးတ​ယောက်ပါတယ်သူကမင်းကြီးမင်း​လေးကိုးကွယ်တယ်မင်းကြီးမင်း​လေးဆိုတာကြား​တော့ကြားဖူးကြမှာ​ပေါ့ သူကအရမ်းယုံကြည်တာအမြဲတမ်းပူ​ဇော်တာ​တွေပင့်ဖိတ်တာ​တွေလုပ်တယ် သူတို့တိုက်ရဲ့အ​ပေါ်ဆုံး​ခေါင်မိုးထပ်မှာအမြဲပူဇော်တာ​တွေလုပ်တာ​ပေါ့ ကိုအဲကတခါမှမကြည့်ဖူးဘူးငယ်​သေးတာလဲပါ​တော့အ​ဆော့ဘဲမက်တာ တ​နေ့သူ​ကျောင်းကပြန်​တော့မင်းကြီးမင်း​​လေးပင့်​နေတဲ့ကိုအဲဦး​လေးကို​​တွေ့တယ်အဲ့တာနဲ့သူငြိမ်ငြိမ်​လေး​ချောင်းကြည့်​နေတာ​ပေါ့ အဲ့ချိန်မှာကိုအဲ့ရဲ့ဦး​လေးကတကိုယ်လုံးတုန်တက်လာတယ် အဲ့တာနဲ့ကိုအဲ့လည်းလန့်ပြီး​အောက်ထပ်ကိုဆင်း​ပြေး​ရော သူတို့အိမ်ရဲ့​လှေကားကအရမ်းမတ်​စောက်တယ် ပြေးဆင်းရတာမလွယ်ဘူး ဒါမယ့်အဲ့ချိန်ကိုအဲဘာမှမစဥ်းစားမိ​တော့ဘဲ​လှေကားတစ်အတိုင်းတလိမ့်တလိမ့်နဲ့ဆင်းတာ အဲ့လို​ပြေးဆင်းတဲ့အချိန်အ​နောက်က​နေ ကိုအဲရဲ့ဦး​လေးက ကျားခုန်သလို​လှေကားတစ်​တွေကို​ကျော်ပြီး ကိုအဲအနား​ရောက်လာတယ်အသံကလဲရှူးရှူးရှူးမြည်​နေပြီးတ​ကောင်​ကောင်ဝင်စီး​နေသလို​ကြောက်စရာအရမ်း​ကောင်း​နေတာ ကိုအဲလည်းငယ်သံပါ​အောင်​အော်ပြီးအကူညီ​တောင်းပါ​ရော အဲ့ကျမှကိုအဲရဲ့အဖိုးက​လှေကားတစ်​ပေါ်​ပြေးတက်လာပြီး သူ့သားရဲ့​ခေါင်းကိုဖိချတယ်ပါးစပ်က​နေလည်းတခုခုကိုအသဲသန်ရွတ်​နေပြီးအားနဲ့ဖိချသပ်ချနဲ့​ပေါ့ ခန​လောက်ကြာကြာကျ​​တော့ ငြိမ်ကျသွားပြီးလူစိတ်ပြန်ဝင်လာတာ အဲ့ကျမှကိုအဲ့လည်းစိတ်​အေးနိုင်ပြီးအားရပါးရငိုချလိုက်​တော့တာ​ပေါ့ အဘိုး​တွေအ​ဖေ​တွေကပရိတ်​ရေ​တွေဘာ​တွေတိုက်အစုံလုပ်​ပေးမှကိုအဲ့ခမျာအငိုတိတ်​တော့တယ် နောက်​နေ့ကြ​တော့အ​ကြောက်လွန်ပြီးဖျားတာ​ပေါ့ သူ​နေပြန်​ကောင်းတဲ့အချိန်သိလိုက်ရတာကအဲ့ဒီကျားဟာမင်းကြီးမင်း​​လေးကို​စောင့်ရှောက်တဲ့နတ်​တွေဆိုတာဘဲ ဒါကသူတို့ကိုပင့်ဖိတ်​နေတဲ့အချိန်ကိုအဲ​ ချောင်းလိုက်တာကမထိ​လေးစားလုပ်သလိုဖြစ်သွားတာ​ကြောင့်လို့အကုန်လုံးက​ကောက်ချက်ချလိုက်တယ် အဲ့​နောက်ပိုင်းကိုအဲက​တော့မစပ်စု​တော့ပါဘူးတဲ့ ဒါက​တော့​ဖေ​ဖေကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်ပျက်တခုပါ ဒီအ​ကြောင်းအရာကိုကြည့်ရရင်​တော့နတ်​တွေဟာတကယ်ရှိပါတယ်အ​စောင့်​ရှောက်ကျား​တောင်ရှိပြီဆိုမှနတ်​တွေဆိုတာရှိလို့ဘဲမဟုတ်လား စာဖတ်သူတို့​ရောဘယ်လိုထင်လဲ ကျွန်မက​တော့ကိုယ့်မျက်စိနဲ့မမြင်ရလို့မယုံဘူးဆိုတာမရှိပါဘူး ငယ်ငယ်ထဲကဘုရားကိုလည်းအရမ်းယုံကြည်ခဲ့တယ်ဆု​တောင်းတိုင်းလည်း​ဖြည့်​ပေးတာကြီးဘဲမပြည့်ဘူးဆိုတာမရှိဘူး အဓိဌာန်တခုကိုစွဲစွဲမြဲမြဲလုပ်ကြည့်ပါ​နော်စာဖတ်သူတို့ ကျွန်မ​ရေးထားတဲ့ဆု​တောင်း​လေးတခုပြည့်ခဲ့ပြီဆိုတဲ့​ဆောင်းပါး အတိုင်းလုပ်ကြည့်ပါအရမ်းကိုယုံကြည်စရာ​ကောင်းပြီးကြည်ညိုစရာ​ကောင်းတဲ့မြတ်စွာဘုရားမို့ကျွန်မက​တော့ယုံကြည်ပါတယ် စာဖတ်သူတို့နဲ့​တော့စိတ်ချင်ဘယ်တူပါ့မလဲ​နော် လူမှမတူဘဲ​လေ။

ချစ်​သောreaders လေး​တွေ?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်