ခင်ဗျား Marketing လုပ်နေတယ်ဆိုရင် ဒါက ခင်ဗျားအတွက်ပဲ။ ဒီအပိုင်းက စာအုပ်ထဲမှာ လက်တွေ့အကျဆုံးနဲ့ အသုံးဝင်ဆုံး အပိုင်းလို့ ပြောလို့ရတယ်။
အနှစ်ချုပ်ပြောရရင်— ကျွန်တော်တို့ Marketing သမားတွေဟာ နေ့တိုင်း စာရေးနေရတာပဲ၊ ဘလော့ဂ်တွေ၊ အီးမေးလ်တွေ၊ Facebook ပို့စ်တွေ၊ Website စာမျက်နှာတွေ... အစုံပဲ။
အဲ့ဒီစာရေးတဲ့အခါ ရှင်းရှင်းလင်းလင်း၊ ရည်ရွယ်ချက်ရှိရှိနဲ့ ဖတ်မယ့်သူအပေါ် စာနာပြီး ရေးတတ်ရင် စာကြောင်းတိုင်းဟာ ကိုယ့် Brand အတွက် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားတာပဲ။
လူသားဆန်တဲ့ Content တွေနဲ့ ရလဒ်ကောင်းတွေ ဘယ်လိုယူရမလဲဆိုတာ သူက အသေးစိတ် ပြောပြထားတယ်။
Ann Handley က Marketer တွေရေးကြတဲ့ စာအရေးအသား ပုံစံအမျိုးမျိုးအတွက် လမ်းညွှန်ချက်တွေ ပေးထားတယ်။
၁။ Blog Post တွေအတွက်:
- အရှည်: ဖတ်မယ့်သူ စိတ်ဝင်စားမှု မပျက်ခင် အထိတော့ တိုပါစေ၊ ဒါပေမယ့် လိုအပ်တဲ့ အချက်အလက် အကုန်ပါပါစေ။
- ခေါင်းစဉ်ခွဲတွေ၊ မျက်နှာလွတ်တွေ များများသုံး၊ ပြီးတော့ ဇာတ်လမ်းပြောပြသလို ရေးပါ။
- အစမှာ လူတွေကို ဆွဲဆောင်မယ့် "Hook" တစ်ခုနဲ့ စပြီး၊ အဆုံးမှာတော့ ဘာဆက်လုပ်ရမယ်ဆိုတဲ့ CTA (Call to Action) ဒါမှမဟုတ် စဉ်းစားစရာလေးတစ်ခုနဲ့ နိဂုံးချုပ်ပါ။
- သူပြောတဲ့စကား: "လိမ္မာပါးနပ်တာထက် ရှင်းလင်းပြတ်သားတာက အမြဲတမ်း ပိုကောင်းတယ်!"
၂။ Social Media ပို့စ်တွေအတွက်:
- Platform တစ်ခုစီ (Facebook, LinkedIn, Twitter) မှာ ကိုယ်ပိုင် Character ရှိတယ်၊ အဲ့ဒါနဲ့လိုက်အောင် ကိုယ့် Tone ကို ပြောင်းရမယ်။
- ကော်ပိုရိတ်ပုံစံကြီး မဟုတ်ဘဲ သူငယ်ချင်းချင်း စကားပြောသလို ရေးပါ။
- ဟာသဉာဏ်လေးတွေ သုံးလို့ရပေမယ့်၊ ဖတ်မယ့်သူကို ဘယ်တော့မှ မထိခိုက်စေနဲ့။
- Hashtag တွေကို အပျော်သက်သက် မသုံးပါနဲ့၊ ရည်ရွယ်ချက်ရှိရှိနဲ့ နည်းနည်းပဲ သုံးပါ။
၃။ Email တွေအတွက်:
- Subject Line ဟာ ခင်ဗျားရဲ့ ခေါင်းစီးပဲ၊ အရေးကြီးဆုံးပဲ။
- စာပိုဒ်တွေကို တိုတိုလေးတွေပဲ ရေးပါ။ CTA တစ်ခုပဲ ထည့်ပါ။
- ခင်ဗျားရဲ့ အီးမေးလ်က လူတစ်ယောက်တည်းဆီ ပို့နေတဲ့ စာလို ဖြစ်နေရမယ်။
- သူ့ရဲ့ အကြံပေးချက်: "အခက်အခဲရှိရင် 'မေမေသို့' လို့ စိတ်ကနေ စရေးလိုက်ပါ၊ ပိုပြီး Personal ဆန်လာလိမ့်မယ်။"
၄။ Landing Page တွေအတွက်:
- စာမျက်နှာတစ်ခုမှာ ပန်းတိုင်တစ်ခုတည်းပဲ ထားပါ။
- Feature တွေ မပြောခင်၊ ဖောက်သည်အတွက် ဘယ်လို အကျိုးကျေးဇူးရမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြပါ။
- အနှောင့်အယှက်ဖြစ်စေမယ့် စကားလုံးတွေ၊ အာရုံပျံ့လွင့်စရာတွေကို ဖယ်ရှားပစ်ပါ။
- ဖတ်မယ့်သူရဲ့ ပြဿနာ (Pain) ကို အာရုံစိုက်ပြီး ခင်ဗျားရဲ့ Solution က ဘယ်လိုကူညီမယ်ဆိုတာ ပြောပြပါ။
၅။ Headline (ခေါင်းစီး) တွေအတွက်:
- လျှို့ဝှက်ဆန်းကြယ် မနေပါနဲ့၊ တိကျပါစေ။
- တန်ဖိုး (Value) ဒါမှမဟုတ် သိချင်စိတ် (Curiosity) ကို ကတိပေးပြီး Content ထဲမှာ အဲ့ဒါကို ပေးနိုင်ရမယ်။
- "ဘယ်လိုလုပ်ရမလဲ" နဲ့ ဂဏန်းတွေပါတဲ့ ခေါင်းစဉ်ပုံစံတွေက အလုပ်ဖြစ်တယ်။
- Tip: "ခေါင်းစီး ၂၅ ခု ရေးလိုက်ပါ။ ပထမ ၂၀ ကတော့ အမြဲတမ်း ညံ့တယ်။"
၆။ Website Page တွေ (Home, About, Product) အတွက်:
- Home Page: မင်းဘယ်သူလဲ၊ ဘာလုပ်တာလဲ၊ ဘာလို့အရေးကြီးတာလဲဆိုတာကို အမြန်ဆုံး သိစေရမယ်။
- About Page: ကိုယ်ရေးရာဇဝင်ကြီးလို မဖြစ်စေနဲ့၊ စကားပြောနေသလို ပုံစံမျိုး ဖြစ်ရမယ်။
- Product Page: Specification တွေထက် အကျိုးကျေးဇူးကို အဓိကထားပါ။
၇။ တခြား Content ပုံစံတွေ:
- Infographics: Data တွေကို မြင်သာအောင်၊ အသုံးဝင်အောင် လုပ်ပါ။
- Annual Report/Wrap-ups: ဂဏန်းတွေချည်း မဟုတ်ဘဲ တိုးတက်မှုနဲ့ လူတွေအကြောင်း ဇာတ်လမ်းပြောပြပါ။
- LinkedIn Profile: မင်းရဲ့ ရာထူးတွေထက် မင်းရဲ့ သက်ရောက်မှု (Impact) ကို အာရုံစိုက်ပါ။
အဓိက အနှစ်သာရ:
သူပြောချင်တာက "မင်းထုတ်တဲ့ စာလုံးတိုင်းက ဆက်သွယ်ဖို့၊ သင်ပေးဖို့၊ စိတ်အားတက်ကြွစေဖို့ ဒါမှမဟုတ် ကူညီပေးဖို့ အခွင့်အရေးပဲ။" Marketing စာရေးတာဟာ အတင်းအကြပ် တွန်းပို့တာ မဟုတ်တော့ဘူး၊ နေရာတိုင်းမှာ ယုံကြည်မှုနဲ့ ပျော်ရွှင်မှု ဖန်တီးပေးဖို့ ဖြစ်လာပြီ။
လက်တွေ့ လေ့ကျင့်ခန်း (၃) ခု
လေ့ကျင့်ခန်း ၁ – ခေါင်းစီး ဖန်တီးခြင်း
- ပန်းတိုင်: ခေါင်းစီးကောင်းတွေ ရေးနိုင်ဖို့။
- ဘယ်လိုလုပ်မလဲ: ကိုယ်ရေးချင်တဲ့ ခေါင်းစဉ်တစ်ခု (ဥပမာ- အလုပ်မှာ Creative ဖြစ်နေအောင် ဘယ်လိုနေမလဲ) ကို ယူပါ။ ပြီးရင် အောက်ပါ ပုံစံ ၅ မျိုးစလုံးနဲ့ ခေါင်းစီး ၁၀ ခု ရေးကြည့်ပါ။
- “ဘယ်လိုလုပ်ရမလဲ…”
- “ဘာကြောင့်…”
- နံပါတ်စဉ်စာရင်း ပုံစံ
- မေးခွန်း ပုံစံ
- ရဲရင့်တဲ့ ထုတ်ပြန်ချက် ပုံစံ
- ပြီးရင် အကောင်းဆုံး ၂ ခုကို ရွေးပြီး သူငယ်ချင်းတွေကို စမ်းပြကြည့်ပါ။
- သင်ခန်းစာ: ခေါင်းစီးကောင်းတွေဟာ အဓိပ္ပာယ်ကို ဖော်ထုတ်ရမဲ့ အရာ မဟုတ်ဘူး၊ သူတို့က ကတိ ပေးရတဲ့ အရာ။
လေ့ကျင့်ခန်း ၂ – စာကြောင်း ၃ ကြောင်း အီးမေးလ်
- ပန်းတိုင်: တိုတိုနဲ့ ထိထိမိမိ ရေးနိုင်ဖို့။
- ဘယ်လိုလုပ်မလဲ: ဖောက်သည်တစ်ယောက်အတွက် ပစ္စည်းအသစ် ဒါမှမဟုတ် ကမ်းလှမ်းချက် အသစ်တစ်ခုကို ရှင်းပြတဲ့ အီးမေးလ်တိုလေး တစ်စောင် ရေးကြည့်ပါ။ စာကြောင်း ၃ ကြောင်းပဲ သုံးရမယ်။
- ပထမစာကြောင်း: ဘာအသစ်လဲ။
- ဒုတိယစာကြောင်း: သူတို့အတွက် ဘာကြောင့် အရေးပါတာလဲ။
- တတိယစာကြောင်း: ဘာဆက်လုပ်ရမလဲ (CTA)။
- အသံထွက်ဖတ်ကြည့်ပါ။ လူသားဆန်သလား။ မဆန်ရင် ပြန်ပြင်ပါ။
- သင်ခန်းစာ: တိုတို၊ ရှင်းရှင်းနဲ့ Personal ဖြစ်တာက ရှည်ပြီး Sale ဆန်တာထက် အမြဲအနိုင်ရတယ်။
လေ့ကျင့်ခန်း ၃ – About Page ပြန်ရေးခြင်း
- ပန်းတိုင်: ကိုယ့်ဇာတ်လမ်းကို စစ်မှန်ပြီး ဆက်စပ်မှုရှိအောင် ရေးဖို့။
- ဘယ်လိုလုပ်မလဲ: ကိုယ့်ရဲ့ ဒါမှမဟုတ် ကိုယ့်ကုမ္ပဏီရဲ့ "About" Page ကိုရှာပါ။ ပြီးရင် အဲဒီစာကို သူငယ်ချင်းတစ်ယောက်ကို ကိုယ်ဘာလုပ်လဲဆိုတာ ပါးစပ်နဲ့ ပြောပြသလိုမျိုး ပြန်ရေးကြည့်ပါ။
- စကားပြောသလိုမျိုး၊ ရိုးသားပြီး တိကျပါစေ။ "ငါ" (ဒါမှမဟုတ် "ငါတို့") ဆိုတဲ့ စကားလုံးတွေ သုံးပါ။
- ကိုယ့်ရဲ့ ရည်မှန်းချက်ကို ပြသနိုင်မယ့် လူသားဆန်တဲ့ ဇာတ်လမ်းအသေးစိတ်လေးတစ်ခု ထည့်ပေးပါ။
- မူရင်းစာနဲ့ ကိုယ်ပြန်ရေးထားတဲ့ စာကို ယှဉ်ဖတ်ကြည့်ပါ။ ဘယ်ဟာက ကိုယ့်ကို ပိုကိုယ်စားပြုလဲ?
- သင်ခန်းစာ: လူတွေက ကုမ္ပဏီတွေနဲ့ မဆက်သွယ်ဘူး၊ သူတို့က လူတစ်ယောက်ချင်းစီရဲ့ စရိုက်လက္ခဏာ (Personality) တွေနဲ့ ဆက်သွယ်ကြတာ။
အကယ်လို့ ဒီစာက မိတ်ဆွေအတွက် အကျိုးရှိတယ်၊ အသုံးဝင်တယ်ဆို စာရေးတာကို စိတ်ဝင်စားတဲ့ တခြားသူတွေလည်း ဖတ်ရှုလေ့လာနိုင်အောင် ပြန်ညွှန်းပေးပြီး ကူညီပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။ အဆုံးထိ အချိန်ပေး ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ယခု လက်တွေ့ အသုံးချစာအုပ်ကို Ann Handley ရဲ့ Everybody Writes စာအုပ်မှ ကောက်နှုတ်ပြီး ReadAct အဖွဲ့သားများမှ ပြင်ဆင်၊ တည်းဖြတ်ပါတယ်။
ReadAct: တကယ်ပြောင်းလဲဖို့ ဖတ်ပြီးရင် ထလုပ်