အံ့မော်ကွန်း
"တကယ့်ဘဝ တကယ့်ဇာတ်လမ်း"တွေက တကယ့် ဖြစ်ရပ်မှန်တွေပေါ့။
စုံစီလွန်းတဲ့ ဇာတ်ကောင်တွေရဲ့ ဘဝရဲ့ ခါးသီးမှုတွေ ၊ နာကျည်းစရာတွေ၊ ရင်မောစရာတွေ၊ ပူလောင်ရမှုတွေ၊ မပျော်ရွှင်ရခြင်းတွေ ကို တစုတစည်းတည်းဖတ်ခွင့်ရမယ့်စာအုပ်။
တဆက်ထဲမှာပဲ ခေတ်ရယ် စနစ်ရယ်ရဲ့ အကျိုးဆက်တွေပါသိခွင့်ရမယ့် စာအုပ်လေးတစ်အုပ်။
တော်တော်ကြိုက်မိသော်လည်း အကြိုက်ဆုံးထဲကတစ်ပုဒ်ကတော့ " ပင်တိုင်နန်းမှာ ပျော်မြန်းရသော်လည်း" ထဲက လင်းလင်းလေးလိုအဖြစ်မျိုးက မြန်မာနိုင်ငံမို့ ဒီလိုဖြစ်ရတယ်လို့ပဲထင်ပါရဲ့။ လူဖြစ်တာတောင်မှ ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ်နေခွင့်မရတဲ့ဘဝများ တရားတွေလည်းရရပါတယ်၊ ပညာတွေလည်း ရရပါတယ်။
" အငှားခန္ဓာမြှောင်ရတယ် " အဓိကကတော့ ဆင်းရဲခြင်းရဲ့ ပြယုဂ်များပါပေါ့။
ခန္ဓာအစစ်ရှိပါရဲ့နဲ့ ကိုယ့်ခန္ဓာကိုယ်မပိုင်ရခြင်းဟာ ကြားလို့မှ ကောင်းတဲ့ မတရားမှုများလား။
တွေးကြည့်လေ ဝမ်းနည်းလေပါပဲ။ ဖတ်ရင်းနဲ့ဆို့နင့်နေရတာချည်းပါပဲ။
နောက်...
ဆရာမခက်ရိပ်ညိုရဲ့ ပက်ကြားအက်တဲ့ ပိုးဖလံ ဝတ္ထုတိုလေးကိုတော့ သဘောအကျဆုံးပါပဲ။ ရှေ့မှာ ကြားခဲ့ ဖတ်ခဲ့ဖူးတာက ညဥ့်ငှက်မယ်လေးတွေအကြောင်းကိုး၊ အခုက ဆရာမက
ညဥ့်ငှက်မောင်လေးတွေအကြောင်းကို လှလှပပလေး တင်ပြထားတာ တကယ်သဘောကျမိတယ်။ ဖတ်ရင်းနဲ့တော့ စိတ်မကောင်းဖြစ်ရတာပေါ့လေ။
ဒီစာအုပ်လေးထဲမှာပါတဲ့ ဝတ္ထုတစ်ပုဒ်ချင်းစီဟာ ရသတစ်မျိုးစီခံစားရစေသလို အတိုတစ်ပုဒ်ဟာ လုံးချင်းတစ်အုပ်နဲ့ ညီမျှတယ်လို့တောင်ထင်မိရဲ့။
ဆရာနဲ့ဆရာမရဲ့ အရးအသားကြောင့်လည်း တကယ့်ဘဝများဟာ ပိုပြီး ပေါ်လွင်နေတာ ထင်ပါရဲ့။
ဒီစာအုပ်ကလေးကတော့ စာမျက်နှာ ၁၅၉မျက်နှာပါပြီး၊ ရွှေလမ်းသာသာစာပေကထုတ်ဝေထားပြီး စာပေရွှေခေတ်က ဖြန့်ချီထားပါတယ်။
စာအုပ်ရဲ့တန်ဖိုးကတော့ ၄၅၀၀ကျပ် ဖြစ်ပါတယ်။
#အံ့မော်ကွန်း
4.8.2022
Keep Reading