Noble
သင် သောက်နေတဲ့ ဆေးတွေ အကုန်လုံးက ရိုးရှင်းတဲ့ အဖြူရောင် ပုံစံတူတွေပဲ ဖြစ်နေမယ်လို့ တွေးကြည့်ဖူးလား??
တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆေးအများစုဟာ ပုံစံတူ အရောင်တူ ရိုးရှင်းတဲ့ ပုံစံအတိုင်းသာ ရှိနေခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ အရောင်စုံ၊ ပုံစံစုံတဲ့ ဆေးလုံး ဆေးပြားလေးတွေအပြင် သောက်ဆေးအရည်၊ ထိုးဆေးအရည်တွေမှာပါ အရောင်တွေ ရှိနေပြီ ဖြစ်ပါတယ်…
? ဆေးတွေရဲ့ အရောင်တွေဟာ ဆေးသောက်သူတွေအတွက် မျက်စိပဿဒ ဖြစ်စေတယ် ဆိုတာ မှန်ပေမယ့် ဒီထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ရှိပါသေးတယ်။ ကဲ…… ဘယ်အချက်တွေ ဖြစ်မလဲ?
(၁) ခွဲခြားရ လွယ်ကူစေတယ်
ဆေးတွေအများကြီးကို တစ်ချိန်ထဲ သောက်ရတဲ့ အခါမှာ အရောင်ကွဲ ဆေးလုံးလေးတွေဟာ ဘာဆေးလဲ ဆိုတာ ခွဲခြားရ လွယ်ကူစေပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ အဘိုး အဘွားတွေနဲ့ ဆေးတွေကို အလွယ်တကူ မမှတ်မိ နိုင်တဲ့ သူတွေနဲ့ အမြင်အာရုံ အားနည်းတဲ့သူတွေမှာ ဆေးလုံးတွေရဲ့ အရောင်တွေနဲ့ ပုံစံကွဲတွေက အများကြီး ကူညီပေးနိုင်ပါတယ်။
(၂) ခံစားမှုကို ပြောင်းလဲစေတယ်
ဆေးတွေရဲ့ အရောင်တွေဟာ ဆေးသောက်သူတွေရဲ့ ခံစားချက် အပေါ်မှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သက်ရောက်မှု ရှိနေပါတယ်။ ဥပမာ အပြာရောင်က ငြိမ်သက်တဲ့ အိပ်ဆေးတွေနဲ့ လိုက်ဖက်သလို အရေးတကြီး သောက်ဖို့လိုတဲ့ ဆေးတွေကတော့ အနီရောင်နဲ့ နီးစပ်သလိုမျိူးပေါ့။ တခါတရံမှာ အရသာမကောင်းတဲ့ ဆေးတွေကို အရောင်အရ ဆေးသောက်ချင်စိတ် ဖြစ်လာစေတဲ့ သက်ရောက်မှု တချို့လဲ ရှိနေတာကိုလည်း ငြင်းမရနိုင်ပါဘူး။
(၃) ဆေး company တွေရဲ့ အမှတ်သင်္ကေတ ဖြစ်တယ်
ဆေးတွေရဲ့ အရောင်တွေဟာ ဆေးထုတ်လုပ်တဲ့ company တွေကနေ သတ်မှတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ တခြား company တွေနဲ့ ကွဲပြားစေဖို့ ထူးခြားမှု ရှိစေဖို့နဲ့ လူနာတွေ သတိထားဝယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး တချို့ ဆေး company တွေရဲ့ သူတို့ရဲ့ ထုတ်ကုန် ဆေးဝါးတွေကို သီးသန့်အရောင်နဲ့ ပုံစံတွေ သတ်မှတ်ထားလေ့ ရှိပါတယ်။
(၄) အလင်းကြောင့် ပျက်စီးမှုကို တားဆီးပေးနိုင်တယ်
အလင်းမဖောက်နိုင်တဲ့ တချို့သော အရောင် အပိတ်တွေဟာ အလင်းကြောင့် ဆေးရဲ့ အာနိသင် ပျက်စီးမှာကို တားဆီးပေးနိုင်ပါတယ်။ ဒါတင်မကပဲ ဆေးဝါးတွေ ပျက်စီးတဲ့အခါ ဖြစ်လာနိုင်တဲ့ အရောင်ပြောင်းလဲခြင်းကို သိသိသာသာ မြင်နိုင်တာကြောင့် ဆေးပျက်စီးခြင်း ရှိမရှိကို သိနိုင်ပါတယ်။
?⚕️ ဆေးတွေမှာ အရောင်ပါတာဟာ ကောင်းတဲ့အချက်တွေ ရှိပေမယ့် တခါတရံမှာ လူနာအနေနဲ့ သောက်နေကျ ဆေးအရောင် မဟုတ်ရင် မသောက်ချင်တာ၊ ဆေးအရောင်တူနေတဲ့ ဆေးနှစ်မျိုးကို မှားသောက်တာ စတဲ့ ဆိုးကျိုးတွေလည်း ရှိနိုင်သေးတာကြောင့် သတိပြု ဆင်ခြင်ကြဖို့ ရည်ရွယ်ရင်း ဆေးတွေရဲ့ အရောင်တွေအကြောင်းကို မျှဝေလိုက်ရပါတယ်။
နောက် post တွေမှာလည်း ဆေးဝါးနဲ့ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ တွေကို ဆက်လက် မျှဝေသွားပါမယ်……
Pharmacist Noble
#HealthKnowledgeSharing
#Pills&Colours
#PharmacistNoble
Reference
https://koelcolours.com/colouring-agents-added-medicines/#:~:text=The%20primary%20function%20ofcolour%20is,same%20size%2C%20colour%20and%20shape.
Keep Reading