Author's Profile Photo

အယ်မွန်းသော်တာ (မြို့သာ)

29/07/2025

ပန်းကောင်းလေး တစ်ပွင့်သို့

1 min read
General Knowledge
Culture
18 Again

ညီမလေးရေ
မင်းရဲ့လှပတဲ့မျက်နှာကလေးကြောင့်
အလှဂုဏ်မမောက်ပါနဲ့ညီမလေးရယ်
မင်းရဲ့လှပမှူကတစ်ချိန်ချိန်ကျရင်
ဇရာထောင်းမှာဘဲလေ။
ဒါကြောင့် အလှဂုဏ်မက်နေမယ့်အစား
အချိန်ကိုအကျိုးရှိစွာအသုံးချပါ
ညီမလေးရယ်.....

ညီမလေးရေ
မင်း onlineထက်ကမသေချာမရေရာတဲ့
Message တစ်ကြောင်းကို
အရမ်းကြီးမျှော်လင့်ချက်ထားနေသလား...?
မျှော်လင့်ထားမိသူဟာအရှုံးကွဲ့။
အချစ်တစ်ခုကိုမျှော်လင့်နေမယ့်အစား
ဝါသနာပါတဲ့ ပညာရပ်တစ်ခုကို
အသုံးချလိုက် ညီမလေးရေ။
လောကကြီးအလယ်မှာ
ခေါင်းမော့ရင်ကော့လာနိုင်မှာပါလေ။

ညီမလေးရေ
သိပ်တော် သိပ်ထက်မြက်တဲ့မိန်းမတစ်ယောက်
ဖြစ်ချင်နေပါသလား..?
သိပ်တော်သိပ်ထက်မြက်တဲ့မိန်းမ‌တစ်ယောက်ထက်
အရင်ဆုံး လူတစ်ဖက်သားအပေါ်မှာ
ကိုယ်ချင်းစာတရားနဲ့‌ မေတ္တာထားလိုက်ပါ။
ထက်မြတ်တဲ့မိန်းမတိုင်းလည်း
ကိုယ်ချင်းစာတရားထားတတ်မှမဟုတ်ပါဘဲလေ။
ညီ‌မလေး ကိုယ်ချင်းစာတရားထားတတ်တော့
ပိုကောင်းတာပေါ့။

ညီမလေးရေ
ဆိုင်ကယ် ဝယ်နိုင်တိုင်း၊ကား‌အကောင်းစာဝယ်နိုင်တိုင်း
မကြွားဝါးနဲ့။အခြားသူတွေအပေါ်ကိုမနှိမ့်ချနဲ့။
ကံဆိုတာမမြင်ရဘူးကွဲ့။
ကားအကောင်းစားဝယ်စီးနိုင်သူတစ်ယောက်
ကောက်စရာမရှ်ိလောက်အောင်ဆင်းရဲမွဲတေ
သွားနိုင်သလို ဆင်းရဲသားတစ်ယောက်ကလည်း
ချမ်းသာလာနိုင်ပါတယ်။အဓိကကံပါဘဲညီမလေးရေ။
လူတိုင်းအပေါ်မှာစိတ်ကောင်းထားပေးဖို့ကတော့
ပိုအရေးကြီးတယ်ညီမလေးရေ။

ညီမလေးရေ
မိန်းမတစ်ယောက်ဆိုတာ
အိမ်ထောင်မှုနိုင်နင်းရမယ်ကွဲ့။
အိမ်ထောင်မှုနိုင်နင်းမှုမရှိတဲ့မိန်းမသားတစ်ယောက်ဟာ
ကိုယ့်လင်ရဲ့ငြိုငြင်မှုကိုလည်းခံရမဲ့အပြင်
ပတ်ဝန်းကျင်ရဲ့ သပုတ်လေလွင့်ပြောစကားကိုလည်း
ခံရပါလိမ့်မယ်။
မိန်းမသားတစ်ယောက်ရဲ့ အရေးကြီးဆုံးအရာကတော့
အိမ်ထောင်မှုနိုင်နင်းခြင်းပါဘဲ ညီမလေးရေ။

ညီမလေးရေ
တစ်ဖက်လူက ညီမလေးကို ဖရုဿဝါစာနှစ်လိုဖွယ်မရှိတဲ့အောက်လုံးစကားတွေ သုံးပြီးပြောနေ ဝေဖန်နေလည်း
အပြုံးနဲ့ဘဲပြန်ရင်ဆိုင်ပါညီမလေးရယ်...
ညီမလေးရဲ့တောက်ပရဲ့အပြုံးတစ်ပွင့်က
လောကကြီးကိုအလင်းဆောင်နိုင်ပါလိမ့်မယ်။

ညီမလေးရေ
အလုပ်မရသေးလို့ဘာမှအားမငယ်ပါနဲ့
ညီမလေးမှာအခွင့်အရေးများစွာရှိနေပါသေးတယ်။
စိတ်ရှည်ပါ။စိတ်ရှည်ခြင်းဟာ
အောင်မြင်မှုရဲ့လမ်းစပါဘဲ။

ညီမလေးရေ
မိန်းမတစ်ယောက်မှာမာနရှိလို့ရပါတယ်။
လိုတာထက်ပိုမထားမိစေနဲ့ပေါ့။
လိုတာထက်ပိုထားမိရင် ညီမလေးကို
လူတိုင်းက ဝေဖန်ကဲ့ရဲ့တာခံရပါလိမ့်မယ်။

ညီမလေးရေ
အတတ်ပညာတတ်တိုင်း
ပညာရှိတယ်လို့မထင်လေနဲ့
ပညာရှိတယ်ဆိုတာက အသိညဏ်ရှိတဲ့သူတွေကို
ခေါ်တာကွဲ့။
ညီမလေးတစ်ခုခု စဉ်းစားတိုင်းအကြံမပေါ်ရင်
စာဖတ်ပါ။
စာအုပ်တိုင်းကညီမလေးကို
လမ်းပြပေးပါလိမ့်မယ်။

ညီမလေးရေ
လောကမှာအရေးကြီးဆုံးက
ပိုက်ဆံမဟုတ်ဘူးကွဲ့။
လောကမှာအရေးကြီးဆုံးက
အနန္တာ ငါးပါးဘဲကွဲ့။
ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာသမားဆိုတဲ့
ပုဂ္ဂိုလ်ငါးပါးကိုရိုသေကိုင်းရှိုင်းပါ။
ညီမလေးအတွက်အကျိုးရှိပါလိမ့်မယ်။

တောက်ပပြီးထက်မြက်လှပတဲ့
ပန်းကောင်းတစ်ပွင့်နဲ့တူတဲ့မိန်းမကောင်းတစ်ယောက်
ဖြစ်လာနိုင်ပါစေညီမလေးရေ💜

ကြိုက်နှစ်သက်တယ်ဆိုရင်တော့
ကျွန်တော့်ရဲ့အကောင့်လေးကို
Follow လေးလုပ်သွားပေးတော့နော်

#အယ်မွန်းသော်တာ
#ညီမလေးအတွက်
#motivation
#အဖိုးတန်စာစုလေးများ

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels