Author's Profile Photo

Noble

7/04/2024

‘သားယောကျာ်းလေးမရတာ မေမေ့ကြောင့်လား?’

1 min read
Health
‘သားယောကျာ်းလေးမရတာ မေမေ့ကြောင့်လား?’'s photo


ဟိုးအရင်က ကြားဖူးခဲ့တာ သားမွေးတဲ့ မိခင်နဲ့ သမီးမွေးတဲ့မိခင် ကြမ်းတပြေးတည်း မထိုင်ရဘူးတဲ့?

အခုဆိုရင်လည်း…. မိန်းကလေး၊ ယောကျာ်းလေး မွေးတာနဲ့ ပတ်သက်ပြီး မေမေတို့ အပြစ်မကင်းဘူးလို့ ယူဆနေတုန်းပါပဲ…. ?? ဆေးပညာအရ ပြောရမယ်ဆိုရင်တော့…သား ၊ သမီးဆိုတဲ့ ဖြစ်တည်မှုက မေမေတို့နဲ့ လုံးဝကို မဆိုင်တာပါ…?‍⚕️.

? သန္ဓေသားလေး စဖြစ်ဖို့ဆိုရင် ဖေဖေ့ရဲ့ sperm သုတ်ပိုးနဲ့ မေမေ့ရဲ့ ? egg (သားဥ) ကလေး နှစ်ခု အတူတူ ပေါင်းစပ်ဖို့ လိုပါတယ်။ ဒီလိုပေါင်းစပ်ဖို့ ဖေဖေရဲ့ sperm များစွာထဲက တစ်ခုထဲသော ရွေးချယ်ခံရတဲ့ သုတ်ပိုး sperm လေးကပဲ မေမေ့ရဲ့ မျိုးဥ (egg) လေးနဲ့ ပေါင်းဖက်ခွင့်ရတာပါ။

? တကယ်လို့…? ဂေါ်စွံသွားတဲ့ ?ဖေဖေ့ရဲ့ sperm လေးမှာ X ဆိုတဲ့ Chromosome လေးပါလာရင် ??‍♀️မေမေ့ရဲ့ X Chromosome လေးနဲ့ပေါင်းပြီး (XX) ဆိုတဲ့ သန္ဓေသားလေး ?(မီးမီးလေး) ဖြစ်လာပြီးတော့ ?ဖေဖေ့ဆီမှာ Y Chromosome လေးပါလာရင်တော့ ??‍♀️မေမေ့ရဲ့ သားဥလေးက သယ်ဆောင်ထားတဲ့ X Chromosome နဲ့ ပေါင်းစပ်ပြီး (XY) ဆိုတဲ့ သန္ဓေသားလေး? (သားသားလေး) ဖြစ်လာမှာပါ။

? သားယောကျာ်းလေးဖြစ်ဖို့ လိုအပ်တဲ့ Y Chromosome က ?‍♂️ဖေဖေ့ဆီမှာပဲ ရှိနေတာဖြစ်ပြီး ??‍♀️မေမေကနေ သား (သို့မဟုတ်) သမီး အတွက် X ဆိုတဲ့ Chromosome ကိုပဲ ပေးနိုင်တာပါ။ ဖေဖေ့ဆီကနေ X သို့မဟုတ် Y ကို ပေးနိုင်တဲ့ အခွင့်အရေးက ၅၀ ရာခိုင်နှုန်းပဲ ရှိတာဖြစ်လို့ ယောကျာ်းလေး ၊ မိန်းကလေး ဖြစ်နိုင်ချေက တစ်ဝက်စီလို့ အကြမ်းဖျဉ်း သတ်မှတ်လို့ ရပါတယ်။

? ဒါကတော့ ဆေးပညာအရ မပြောင်းလဲနိုင်တဲ့ အမှန်တရား တစ်ခုပဲ ဖြစ်ပါတယ်။ တခြားသော ရိုးရာနည်းလမ်းတွေ၊ ? ရက်လ တွက်ချက်တာတွေ ကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒီတော့…. သားသားလေးလား? မီးမီးလေးလား? ဆိုတာ ဖေဖေ့ရဲ့ ? gene နဲ့ အဓိက သက်ဆိုင်တာဖြစ်ပြီး ဖေဖေရော မေမေပါ ရွေးချယ်ခွင့်မရှိတဲ့ အရာတစ်ခုပါ။

??‍♀️ ဒါကို ပတ်ဝန်းကျင်က ခွဲခြားပြောဆိုတာ၊ နှိမ့်ချတာတွေက မေမေ့ရဲ့ စိတ်ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်နိုင်ပါတယ်။ မေမေတွေဟာ ?ကိုယ်ဝန်ဆောင်ချိန်ကစလို့ မီးဖွားချိန်နဲ့ ကလေးကို ပြုစုစောင့်ရှောက်ရတဲ့ ကာလတွေမှာ စိတ်ဖိစီးမှု၊ ပင်ပန်းမှုတွေနဲ့ ခက်ခက်ခဲခဲ ဖြတ်သန်းရသူတွေပါ။ ဒါကို စာနာထောက်ထားသောအားဖြင့် မေမေတွေကို စိတ်သောကတွေ မပေးမိစေဖို့ အရေးကြီးပါတယ်။

? ဒီလိုပဲ မေမေတို့ ဖေဖေတို့ အနေနဲ့လည်း သားသားနဲ့ မီးမီးဆိုတာ ကြိုတင်ရွေးချယ်ပိုင်ခွင့် မရှိသလို ကိုယ့်ရဲ့ ရင်သွေးလေးက ဘာလေးဖြစ်ဖြစ် ကိုယ်ရင်ဝယ်ပိုက်ပြီး ကျွေးမွေးပြုစုရတဲ့ သွေးသားလေး ဖြစ်တာကြောင့် မလျှော့တဲ့ အချစ်တွေနဲ့ ချစ်ကြစေဖို့ ရည်ရွယ်ပြီး မျှဝေလိုက်ရပါတယ်။

#PharmacistNoble
#KnowlegeSharing
#SharingMyPassion
#BoyOrGirl&XYChromosome

Reference

https://utswmed.org/medblog/it-boy-or-girl-fathers-family-might-provide-clue/

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)