Author's Profile Photo

Maru

26/07/2025

17နှစ်တာအရွယ်

1 min read
Book Review
18 Again
Creative
17နှစ်တာအရွယ်'s photo

အသက် ၁၇ နှစ်အရွယ်ဆိုတာက ဘဝတစ်လျှောက်မှာ အကောင်းဆုံးအရွယ်တစ်ခုပဲ။ဒီအရွယ်က ဘဝတက်လမ်းအတွက် အစပြုတဲ့အချိန် ဖြစ်သလို၊ အကောင်အထည်ဖော်ဖို့အတွက် အရေးကြီးဆုံးအချိန် တစ်ခုဖြစ်တယ်။

ဒီအရွယ်မှာ အမှားများတတ်တယ် စူးစမ်းလေ့လာမှု အခက်ခဲတွေ ရှိတယ်။နောက်ပြီး အနာဂတ်ကိုပဲ တည်ဆောက်သွားမယ့်အချိန်လည်းဖြစ်တယ်။

လူတိုင်းရဲ့ရှေ့မှာ ဘဝရတနာသိုက်ကြီးတစ်ခုရှိနေတယ်။တချို့ကတော့ ဖြုန်းတီးရင်းနဲ့ အချိန်တွေကုန်ဆုံးကြတယ်။ တချို့ကတော့ ရယူရင်းနဲ့အချိန်တွေကို အသုံးချတယ်။

မင်းတို့ကရော အချိန်ကို ကုန်ဆုံးတာလား အသုံးချတာလား။ ဘဝရဲ့အတွေ့အကြုံတွေကိုလေ့လာရမှာ ကိုယ်တိုင် လေ့လာတာထက် အတွေ့အကြုံရှိတဲ့သူစီကနေ လေ့လာတာကပိုခရီးရောက်တယ်။ ဘာလို့ဆို သူကြုံတွေ့ဖူးတဲ့အမှားတွေ သင်ခန်းစာတွေကို ကိုယ့်အလှည့်ကြ ကောင်းကောင်းအသုံးချနိုင်လို့ပါပဲ။ခရီးပိုတွင်စေပါတယ်။

It's Before But Now (အရင်ကတော့.... ဒါပေမဲ့ အခုတော့) ဆိုတဲ့စာအုပ်လေးထဲမှာ သံယောင်ဖမ်း ဆိုတဲ့အခန်းလေးကို တနေ့ကဖတ်မိတယ်။ လူငယ်အများစုဟာ ဘာတွေကို လုပ်ဆောင်တာအများဆုံးလို့ ထင်ပါသလဲ။ ခေတ်ရေစီး ကြောင်း Trend နောက်လိုက်ပြီး လုပ်တာတွေ အများဆုံးပါပဲ။ သူများကကောင်းရင် ကိုယ်ပါကောင်းတယ် သူများဆိုးရင် ကိုယ်ပါဆိုးတယ်။ သူလုပ်သလို ကိုယ်ပါလုပ်တယ်။ ကိုယ်ပိုင် အစွမ်းအစနဲ့ အတွေးအခေါ်တွေက ခေတ်ရေစီး ကြောင်းကိုလိုက်ပြီး ပျောက်ဆုံးလာကြတယ်။

စာအုပ်လေးက လူငယ်စာရေးဆရာအက္ခရာ ရေးသားထားတဲ့ စာအုပ်ဖြစ်တယ်။ သူရဲ့ အသက်က စာဖတ်သူ လေးတို့ရွယ်ပါပဲ။ ဒီစာအုပ်ထဲ ၁၇နှစ်တာ လူငယ်တစ် ယောက်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ ၁၇ ခုကို ထည့်သွင်း ရေးသားပြထားတယ်။

လက်ရှိလူငယ်တွေရဲ့ ဘဝတွေကို ပုံဖော်ရေးပြထားတဲ့အလားပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်မိချင်တဲ့သူတွေအနေနဲ့ ဒီစာအုပ်လေးကသင့်တော်တယ်လို့ထင်တယ်။ အဓိက,ကတော့ လူငယ် တွေပါပဲ။ လူငယ်တစ်ယောက်အနေနဲ့ ဖတ်သင့်တဲ့ စာအုပ်စာရင်းထဲပါတယ်။

ကိုယ့်ဘဝကိုယ် ဖြစ်သလို ပုံမဖော်ပါနဲ့။ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။စာဖတ်ပါ။

ကျန်းမာရွှင်လန်းပါစေရှင်❤️

Maru
Sat, 26 Jul( 9:27)

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲတောရိုင်းမြေသုံးနှစ်သုံးမိုးErnest Hemingway ဘဝဟာသများမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်