Author's Profile Photo

Reviews by Benevolent

24/07/2025

ရောမဘုရင်တွေ ဘာကြောင့်ရူးနေကြတာလဲ

1 min read
Book Review
General Knowledge
History
ရောမဘုရင်တွေ ဘာကြောင့်ရူးနေကြတာလဲ's photo

ရောမအင်ပါယာကြီးဟာ နှစ်ပေါင်းငါးရာကျော်ကြားအောင် တည်တံ့ခဲ့ပါတယ်။ ရောမအင်ပါယာရဲ့ တန်ခိုးအဏာစက် အထက်မြက်ဆုံး.. အကြီးကျယ်ဆုံးအချိန်မှာ အဘက်ဘက်သို့ အာဏာစက် ဖြန့်ကျက် ပျံ့နှံ့ခဲ့ပါတယ်။ တောင်ဖက်မှာဆိုရင် အီဂျစ်ပြည်ထိ၊ မြောက်ဘက်မှာဆိုရင်ဗြိတိသျှကျွန်းစုထိ အနောက်ဘက်မှာဆို စပိန်နိုင်ငံ၊ အရှေ့ဘက်မှာဆိုရင် ကက်စပီယံပင်လယ်ထိ သြဇာအာဏာဖြန့်ကျက် သက်ရောက်ခဲ့ပါတယ်။

တစ်ခါတစ်ရံ အဲဒီအင်ပါယာကြီးကို ဆီးနိတ် လွှတ်တော်က အုပ်ချုပ်တယ်။တစ်ခါတစ်ရံမှာတော့ စစ်ဗိုလ်ချုပ်ကြီးတွေက အုပ်ချုပ်တယ်။ ပထမဦးဆုံး ဧကရာဇ် ဘုရင် အဖြစ် အမည်ခံပြီး အုပ်ချုပ်ခဲ့သူကတော့ သြဂတ်စတပ်ဆီဇာ ဖြစ်ပါတယ်။ ဂျူးလိယက်ဆီဇာနှင့် ဩဂတ်စတပ်ဆီဇာက ဂျူးလိယက်ဆီဇာ၏တူတော်ဖြစ်တယ်။ သွေးရင်းသားရင်းချာ ဆက်နွယ်ခဲ့သူလည်းဖြစ်တယ်။ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီးနောက် ဩဂတ်စတပ်က ဆီဇာ၏အမည်၊ နှင့် စစ်အင်အားများကို အမွေဆက်ခံနိုင်ခဲ့တယ်။နောက်ဆုံးတွင် အာဏာစုစည်းကာ ရောမအင်ပါယာကို တည်ထောင်နိုင်ခဲ့တယ်ပေါ့ဗျာ။ရောမသမိုင်းတွင် ဒီအချက်က သြဇာလွှမ်းမိုးမှုအတွက် အရေးပါသော အကြောင်းရင်းတစ်ခုဖြစ်ခဲ့တယ်။

သူက ရောမမြို့တော်ကို ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး မြို့တော်ကြီး ဖြစ်အောင် ပြုလုပ်ခဲ့တယ်။ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ လက်အောက်ခံ နိုင်ငံတွေကနေ ရောမမြို့တော်သို့ လမ်းမကြီးတွေ ဖောက်လုပ်ဆက်သွယ်စေတဲ့ စနစ်တစ်ခုကိုချမှတ်ခဲ့တယ်။ သူမရှိတော့တဲ့နောက်ပိုင်းသူ့အရိုက်အရာကိုဆက်ခံတဲ့ ဧကရာဇ်တိုင်းကတော့ သူ့လောက် ကြီးကျယ်မြင့်မြတ်မှု အားနည်းလာကြတယ်။အဲ့နောက်မှာတော့ ရောမဘုရင်တွေ ရူးနှပ်လာကြတယ်၊ရောမဘုရင်‌တွေ ဘာလို့ဂေါက်နေကြတာလဲ မေးခွန်းကစလာတယ်။ရောမအင်ပါယာရဲ့ သမိုင်းမှာ "ဘုရင်ဆိုး" (Bad Emperors) လို့ သတ်မှတ်ခံရတဲ့ ဘုရင်တွေ အများအပြားရှိပါတယ်။ ဒီဘုရင်တွေဟာ သူတို့ရဲ့ ရက်စက်မှုတွေ၊စိတ်ကျန်းမာရေးအ‌ခြေအနေ၊ရူးသွပ်မှုတွေ၊ အာဏာလွန်ဆွဲမှုတွေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားကြတယ်။

Caligula (ကာလီဂူလာ)

အေဒီ ၃၇-၄၁ မှ အုပ်ချုပ်ခဲ့တယ်။သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးလို့ ယူဆခဲ့သူတစ်ယောက်သာဖြစ်တယ်။
ကမ္ဘာမှာ အကြီးဆုံးဖြစ်တဲ့ ရောမအင်ပါယာရဲ့ တတိယမြောက်ဧကရာဇ် ဖြစ်လာမယ့် ကာလီဂူလာဟာ ရောမသမိုင်းမှာ နီရို ဘုရင်ထက် ဆိုးဆွမ်းယုတ်မာသလို ၊ ကလေးဆန် လှတဲ့ အပြုအမူတွေကို လုပ်လေ့ရှိတဲ့ အရူးဘုရင်တစ်ပါး‌ ပါ။သူ့ရဲ့မြင်းကို ဆီနိတ်တာအဖြစ် ခန့်အပ်ဖို့ အထိတောင်စီစဉ်ခဲ့သူတစ်ယောက်ဖြစ်တယ်။ရောမပြည်သူ‌တွေချစ်တဲ့ စစ်ဗိုလ်ချုပ် ဂျာမေးနီးကပ်ဟာ သူ့သားလေးကို စစ်ယူနီဖောင်း ဝတ်ဆင်ပေးထားစဉ် တပ်သား‌တွေကြားမှာ ဘွတ်ဖိနပ်ကလေး (ကာလီဂူလာ) လို့ ချစ်စနိုးနဲ့ခေါ်ကြရင်း အဲ့နာမည်တွင်သွားခဲ့တယ်။ တကယ်တော့ သူ့နာမည်အရင်းက ဂိုင်းယပ် ဆီဇာ ဂျာမေးနီးကပ် ( Gaius Caesar Germanicus ) ပါပဲ။
အရူးဘုရင်တို့ ထုံစံအတိုင်း လုပ်ချင်တာ လုပ်လို့ရပြီးဆိုရင် ဧကရာဇ်တစ်ပါးအနေနဲ့တင်မကတော့ပဲ သက်ရှိဘုရားအဖြစ်နဲ့ပါ သတ်မှတ်ခံချင်လာကြတယ်။ကာလီဂူလာကလည်း ဂျူပီတာတို့ ၊အပိုလိုတို့လို ဝတ်စားပြီး သူ့ကိုယ်သူ ဗီးနပ်စ်အဖြစ် သရုပ်ဆောင် လေ့ရှိတယ်။ လကို ပိုင်ဆိုင်ဖို့ ၊ ကောင်ကင်ကို သမုဒ္ဒရာထဲနစ်ပစ်ဖို့ ၊ သေခြင်းတရားရဲ့ လျှိုဝှက်ချက်ကို လည်း ရှာဖွေဖော်ထုတ်ဖို့ ကြုံးဝါးခဲ့တယ်။အစ်မအရင်း‌ တွေ၊ ညီမတွေကို ချစ်ကြိုက်ခဲ့ပြီး သိမ်းပိုက်ခဲ့တယ်။ကောက်ကျစ်တဲ့အပြုအမူကြောင့် လူသိများပါတယ်။ ကာလီဂူလာအရမ်းချစ်ကြိုက်ရတဲ့ ညီမဒရူဆယ်လာကိုရဖို့ ခင်ပွန်းဖြစ်သူကိုသတ်ခဲ့တယ်။နောက်ဆုံးညီမပါ ဒရူဆယ်လာ သေဆုံးခဲ့တယ်။ အဲ့အချိန်ကစပြီး လောကကြီးအပေါ် စိတ်ပျက်မုန်းတီးလာကာ လူများကိုသတ်ခြင်း၊ တန်ဖိုးထားမှုများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့တယ်။ နောက်ဆုံးတွင် သူ၏ ဒဏ္ဍာရီလာ လုပ်ရပ်များကြောင့် သူ့ပတ်ဝန်းကျင်ရှိ လူများက သူ့အား လုပ်ကြံ သတ်ဖြတ် ပေးခဲ့ရတယ်။

နီရို (Nero)

နောက်ထပ် အလွန်ဆိုးတဲ့ တစ်ယောက်ကတော့ နီရို ဘုရင် ပါပဲ။မိခင်အရင်းကိုတောင် ကြင်ယာတော်မြှောက်ခဲ့သည် အထိ ဆိုးခဲ့သူပါ။ လက်အောက်ငယ်သားတွေကိုလည်း ကြက်ကလေး ငှက်ကလေးလို အလွတ်တကူသတ်ဖြတ်ပစ်တတ်သူလည်း ဖြစ်ပါတယ်။ နီရိုးအသက် ၁၇နှစ်အရွယ်မှာပင် ပထွေးတော်ကလောဒီးယပ်စ်ရဲ့ထီးနန်းကို ဆက်ခံခဲ့ပါတယ်။ အဲဒီအချိန်ကရောမအင်ပါယာရဲ့ အင်အားဟာ တဖြည်းဖြည်းအားလျော့လာတဲ့အချိန်ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ ဘုရင်ဖြစ်လာတဲ့ နီရိုးဟာ အလွန်ဆိုးသွမ်းရက်စက်ခဲ့သူဖြစ်တယ်။
အေဒီ ၅၄-၆၈ တွင် အုပ်ချုပ်ခဲ့တယ်။ရောမမြို့ကြီး မီးလောင်နေတာတောင် တယောထိုးမပျက်တဲ့ နီရိုးဘုရင်ဆိုတဲ့ စကားကိုကြားဖူးကြမှာပါ။ တကယ်တော့ နီရိုးဘုရင်တယောမထိုးခဲ့ပါ ၊ သူ၏ ရံရွှေတော်များနှင့်အတူ သီချင်းများ အော်ဟစ်သီဆိုခဲ့ခြင်းသာ ဖြစ်ပါတယ်။ မီးလောင်နေတဲ့ မြို့ကြီးထဲ ပြည်သူများ ကြောက်လန့်တကြားပြေးလွှားနေတဲ့ မြင်ကွင်းကို အရသာခံကြည့်နိုင်လောက်တဲ့အထိ ကြောက်စရာကောင်းတဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရောမပြည်ကြီးကို ပျက်စီးစေခဲ့သော မင်းဆိုးမင်းညစ်အဖြစ် သမိုင်းမှာထင်ရှားခဲ့သူဖြစ်တယ်။တချို့ကမူ နီရိုးဘုရင်အား တိရစ္ဆာန်စိတ်ပေါက်နေသူဟု ဆိုကြပါတယ်။ ခြင်္သေ့ ၊ ဝံပလွေရေများကို ခြုံကာ လှောင်အိမ်ထဲတွင်နေတတ်သလို လှောင်အိမ်မှ ထွက်သည့်အခါတွင်လည်း လက်ပြန်ကြိုးတုပ်ထားတဲ့ ကျွန်ငယ်များကို ဓားဖြင့် အစိတ်စိတ်အမွှာမွှာ ခုတ်ထစ်သတ်ဖြတ်တတ်သူဖြစ်ပါတယ်။ သူ့ကိုသူ အလွန်ထူးချွန် ထက်မြက်သူဟု အထင်ကြီးလေ့ရှိပါတယ်။ လက်အောက်အမှုထမ်းတွေနဲ့ ရထားပြိုင်တာလုပ်တဲ့အခါ သူ့ကိုအမြဲအနိုင

တထောင့်ကိုးရာရှစ်ဆယ့်လေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်ရောမဘုရင်တွေ ဘာကြောင့်ရူးနေကြတာလဲအချစ်ဦးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များစစ်ပွဲဟာ လူငယ်တစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေသလားနိဂုံး၏အဓိပ္ပါယ်မှော်ရုံတောမှာမောလှပြီတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်သည်းခြေကြိုက် စာအုပ် ၆ အုပ်

Unlock to read this premium article with 100 points.