Nway Oo Maung
ဖွင့်ထားသော စိတ်နှလုံထားဟာ ဘာသာရေးဆိုင်ရာစာပေ,စိတ်ပညာ,အတွေးအခေါ်ဒဿန,ဆိုင်ရာတွေမှာသာ လိုအပ်တာမဟုတ်ပါဘူး။ နေ့စဉ်လူမှုဘဝဆက်ဆံရေးမှာလည်း ဖွင့်ထားသောစိတ်နှလုံးထားဟာ အရေးကြီးတယ်။ ကိုယ်နဲ့ပေါင်းတဲ့ငယ်သူငယ်ချင်းဟာ ကြီးလာလို့ ကိုယ့်လိုအရက်မသောက်တဲ့ အခါ "သားကြီးချကွာ မခင်ဘူးလား"ဆိုတာမျိုးတွေပေါ့၊ ကိုယ်ကအရက်ကြိုက်ပေမဲ့ သူကအရက်ရှောင်ကြဉ်တဲ့ သူမျိုးဆိုရင် "အော် သူက ကိုယ့်လိုစိတ်အလိုမလိုက်ပဲ စောင့်ထိန်းနိုင်သူပါလားလို့"ဖွင့်ထားစိတ်နှလုံးထားဖြင့် နားလည်ပေးနိုင်ရမယ်။ နားလည်မပေးနိုင်တဲ့သူမျိုးဆိုရင် "ပိတ်ထားသော စိတ်နှလုံးထား"ရှိသူလို့ဆိုရမှာပေါ့။ ကိုယ့်အယူအဆ အတွေးအခေါ်က တခြားသူနဲ့ထပ်တူကြဖို့ဆိုတာ မလွယ်ပါဖူး။ ဘဝဖြတ်သန်းမှု,ပတ်ဝန်းကျင်,ပညာသင်ခဲ့ရတဲ့နယ်ပယ်,တွေဟာ မတူညီခဲ့တာကြောင့် မြင့်တဲ့ရှု့ထောင့်က ပိုပြီးကွဲပြားနိုင်ပါတယ်။ အရင်ကဘောပွဲတွေကို လဖက်ရည်ဆိုင်မှာဖြစ်ဖြစ် ဘောပွဲပြတဲ့ရုံမှာဖြစ်ဖြစ်သွားကြည့်တဲ့အခါ ကိုယ်အားပေးတဲ့အသင်းနဲ့ တခြားလူကြိုက်များတဲ့ မန်ယူလိုအသင်းမျိုး ပွဲချိန်က တစ်ချိန်တည်းဖြစ်နေရင် ဆိုင်ရှင်က သူဆိုင်လူပြည့်အောင် မန်ယူပွဲပဲပြတယ်၊ ကိုယ့်အားပေတဲ့ အသင်းပွဲမပြဖူးဆိုရင် ဖွင့်ထားသောစိတ်နှလုံးထားဖြင့် အဲ့ချိန်ကမမြင်ခဲ့ဘူး။ပိတ်ထားသော စိတ်နှလုံးထားဖြင့် ဆိုင်ရှင်ကို စိတ်ထဲကဆဲနေခဲ့တာပဲ။ဆိုင်ရှင်နေရာကဝင်မှမခံစားတတ်ပဲကိုး၊
"ဖွင့်ထားသောစိတ်နှလုံးထားနှင့် အနန္တသူရိယအမတ်"
၁၊သူတည်းတစ်ယောက်၊ကောင်းဘို့ရောက်မူ၊ တစ်ယောက်သောသူမှာ၊ ပျက်လင့်ကာသာ-ဓမ္မတာတည်း။
၂၊ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်,ဗိုလ်ရံ၍၊ပျော်စံရိပ်ငြိမ်၊စည်းစိမ်မကွာ၊မင်းချမ်းသာကား၊သမုဒ္ဒရာ၊ရေမျက်နှာထက်၊ခဏတက်သည် ၊ရေပွက်ပမာ၊ တစ်သက်လျာတည်း။
၃၊ကြင်နာသနား၊ ငါ့အားမသတ်၊ယခုလွှတ်လည်း၊ဝိပါက်ကြမ္မာ၊လူတကာတို့၊ခန္ဓာခိုင်ကျည်၊အတည်မမြဲ၊ဖောက်လှဲတတ်သည်၊မချွတ်စသာ သတ္တဝါတည်း။
၄၊ရှိခိုးကော်ရော်၊ပူဇော်အကျွန်၊ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါက်၊သံသာစက်၌၊ကြိုက်လတ်တွန်မူ၊တုန့်မယူလို၊စိတ်မြဲသို၍၊ကြည်ညိုလွတ်ပြန်၊သခင်မွန်ကို၊ချန်ဘိစိစစ်၊အပြစ်ဖယ်ရေး၊ခွင့်
လျှင်ပေး၏၊သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။
(မှတ်ချက်၊မူကွဲများရှိသည်။)
အထက်ပါအမျက်ဖြေလင်္ကာလေးပိုဒ်ကို အနန္တသူရိယအမတ်ဟာ သူ့ကိုသတ်အဲ့ဆဲဆဲမှာ ဖွင့်ထားသောစိတ်နှလုံးထားဖြင့် ရဲဝဲံ့တည်ကြည်စွာရေးသားခဲ့တာဖြစ်ပါတယ်။
နောင်တော်မင်းယဉ်နရသိင်္ခကိုလုပ်ကြံ၍ မင်းဖြစ်လာသူ နရပတိစည်သူက နောင်တော် မင်းယဉ်နရသိင်္ခကို ငယ်စဉ်ကပင် သွန်သင်ဆုံးမခဲ့သော အနန္တသူရိယအမတ်ကိုလည်း ကွပ်မျက်ရန် သူသတ်တို့အား ခိုင်းစေခဲခြင်းဖြစ်၏။ အနန္တသူရိယအမတ်ဟာ သူ့ခေတ် သူ့စနစ်၏ နန်းတွင်းလုပ်ကြံမှုတွေကို သံဝေဂရဖွယ် ရေးသားသွားတာဖြစ်တယ်။ပဒေသရာဇ် ခေတ်မှာ" သူတစ်
ယောက်ရှင်ဘုရင်ဖြစ်ဖို့ အခြားသူတွေကို သတ်ရတာဟာဓမ္မတာပဲ၊ ခေတ်စကားနှင့်ပြောရရင်တော့ "သတ်မလား သေမလား"ဆိုတဲ့အဓိပ္ပါယ်ရမည်ထင်တယ်။ မင်းစည်းစိမ်ဆိုတာ သံသရာနဲ့ယှဉ်ကြည့်ရင် ပင်လယ်ရေမျက်နှာပြင်ထက်က ရေပွက်ထသလောက်သာ အချိန်တိုလွန်းပါတယ်။ ဒီစည်းစိမ်ကိုခံစားဖို့ သတ်ရဖျက်ရတဲ့အကုသိုလ်ဟာ သံသရာမှာ အတော်
ကြောက်စရာကောင်းတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ သူဟာသေရမှာမကြောက်ပါဖူး ရှင်ဘုရင်ဟာ သနားလို့သူ့ကိုလွှတ်ခဲ့ရင်တောင် နောင်တချိန်သေရမှာပါပဲ၊ခန္ဓာကိုယ်ဟာမမြဲခြင်း သဘောရှိတာကို သူတရားသဘောဖြင့် ဆင်ခြင်နိုင်၏။နောက်ဆုံးသေခါနီးမှာအရှင်ကိုကန်တော့ခဲ့ပြီး ကံ ကံ၏အကျိုးအရ သံသရာမှာ သူကသတ်ခွင့်ကြုံရင်တောင် ခွတ်လွှတ်ခဲ့ပါ၏"တဲ့ တကယ်ဖွင့်ထားသော စိတ်နှလုံးထားနဲ့ပြည့်စုံခဲ့တဲ့ ပညာရှိအမတ်ဖြစ်ပါတယ်။သူခေတ်သူ့အခါက သာသာရေးအသိမျိုး လက်ရှိအုပ်ချုပ်သူတွေဆီမှာ ရှိရင်ကောင်းမယ်နော်။
နေ့စဉ်ဘဝ ဆက်ဆံရတဲ့နယ်ပယ်အသီးသီးမှာ ကိုယ့်ထက်သာရင်မုဒိတာ, ကိုယ့်ထက်နိမ့်ရင်ကရုဏာ,တန်းတူဆိုရင် မေတ္တာနဲ့ ဆက်ဆံနိုင်တာဟာ ဖွင့်ထားသော စိတ်နှလုံးထားရှိသူလို့ ဆိုရမည်ဖြစ်၏။ "ကျားကျားမီးယပ်"မြန်မာစကားပုံတစ်ခုရှိ၏၊ စကားပုံအဓိပ္ပာယ်က ကိုယ့်အယူအဆ ကိုယ့်အမြင်ရှု့ထောင့်ကိုပဲ တရားသေဆုပ်ကိုင်ထားတဲ့သူကို ရည်ရွယ်ပြီးပြောထားတာဖြစ်ပါတယ်။တခါတုန်းက ရွာတစ်ရွာမှာ မြန်မာဆေးဆရာတစ်ယောက်ရှိသတဲ့၊ဆရာက အမျိုးသမီးတွေကို ဆေးကုတဲ့အခါ အမြဲမီးယပ်ရောဂါလို့ပြောပြီး ဆေးပေးတာပေါ့၊ ရွာသားတွေက အမျိုးသမီးတွေသွားပြတိုင်း ဘာရောဂါဖြစ်ဖြစ်မီးယပ်လို့ပြောပြီး ဆေးကုတာကိုမကျေနပ်ကြဖူး။ နောက်တစ်ရက်ကြ ယောကျာ်းတစ်ယောက်မိန်းမအယောင်ဆောင်ခိုင်းပြီး ဆေးသွားပြစေတယ်၊ ထုံးစံအတိုင်း ဆရာကမီးယပ်ပဲပေါ့၊ ရွားသာတွေက ဟာ ဆရာ ဒါကယောကျာ်းကြီး မီးယပ်မဖြစ်နိုင်ဖူးပေါ့၊ ဆရာကလည်း မရဘူး ကျားကျားမီးယပ်ပဲဆိုသတဲ့။ အဲ့ဒီလိုပါပဲ ကိုယ့်အယူအဆ အမြင်ရှု့ထောင့်ကို တရားသေးဆုပ်ကိုင်ထားပြီး ဘယ်လိုမှရှင်းပြမရတဲ့ သူတွေကို "ကျားကျားမီးယပ်"လို့ ခေါ်ကြတာဖြစ်မယ်။အချုပ်အားဖြင့်တော့ ကိုယ်နဲ့အမြင့်မတူတဲ့သူ၏ ခံစာချက်ကိုနားလည်ပေးခြင်း၊ ကိုယ်အယူအဆက မှားနေတာကိုထောက်ပြတဲ့အခါ မာနမထားပဲ သည်းခံနိုင်ခြင်းဟာ "ဖွင့်ထားသောစိတ်နှလုံးထား"လို့မြင်မိပါတယ်။
မောင်နွေ
#ကိုးကား
1-ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း(ဆန်းလွင်)
2-ဝီကီးပီးဒီးယား
3-မဟာရာဇဝင်ကြီး(ဦးကုလား)
Keep Reading