Author's Profile Photo

SarPhat Official

18/07/2025

အာဇာနည်နေ့ရဲ့ လူသိနည်းသော သမိုင်းစာမျက်နှာ

1 min read
General Knowledge
History
အာဇာနည်နေ့ရဲ့ လူသိနည်းသော သမိုင်းစာမျက်နှာ's photo

"၁၉ ဇူလိုင် မမေ့နိုင်" ဆိုသလိုဘဲ ဒီနေ့မှာ အာဇာနည်နေ့က (၇၈) နှစ် ပြည့်မြောက်ခဲ့ပါပြီ။

အောက်မေ့လွမ်းမောရတဲ့ အာဇာနည်နေ့မှာ လူတိုင်းမသိနိုင်တဲ့ သမိုင်းထဲကစာမျက်နှာတွေလည်း ရှိပါသေးတယ်။

ဒါကြောင့် SarPhat ကနေ အာဇာနည်နေ့ရဲ့ ဗဟုသုတ၊ သမိုင်းစာမျက်နှာတချို့ကို ပြောပြပေးသွားမှာပါ။

ပထမဆုံး အာဇာနည်နေ့ကို ဗိုလ်အောင်ကျော်ကြေးရုပ်ဖွင့်ပွဲနေ့ဖြစ်တဲ့ ၁၉၄ဝ၊ ဒီဇင်ဘာ ၂ဝ မှာ သတ်မှတ်ကျင်းပခဲ့ပြီး ကြေးရုပ်လုပ်ဖို့ ကောက်ခံထားတဲ့ရန်ပုံငွေကို ရဲဘော်သုံးကျိပ်အား ဂျပန်လွှတ်နိုင်ဖို့ ကြေးရုပ်အစား သစ်သားကိုရွှေမင်သုတ်ကာ ဖွင့်လှစ်ခဲ့ရပါတယ်။


ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည်ကုန်း စတင်ဖြစ်ပေါ်လာတာက ဂျပန်ခေတ်မှာ အသက်ပေးသွားခဲ့ရတဲ့ လူမျိုးဘာသာမရွေး ခေတ်သစ်အာဇာနည်တွေအတွက် ရွှေတိဂုံမြောက်ဘက် ကုန်းမြင့်မှာ အာဇာနည်ဗိမာန်ဆောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ကြီးမှူးခဲ့ပြီး ဒီဓလေ့က ဂျပန်ပြည်မှာ ကျဆုံးစစ်သည်တွေကို နတ်ကွန်းဆောက်ပေးတဲ့ဓလေ့နဲ့ နီးစပ်ပါတယ်။


ရန်ကုန်အာဇာနည်ကုန်းမှာ ဝန်ကြီး ဦးရာဇတ်နဲ့ သူ့သက်တော်စောင့် ကိုထွေး တို့ကို မြှုပ်နှံထားခြင်းမရှိဘဲ တာမွေ မွတ်ဆလင်သင်္ချိုင်းမှာ သီးသန့်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့ ရုပ်ကလာပ်ကိုလည်း သူ့ဇာတိ ရှမ်းပြည်၊ မိုင်းပွန်မှာ မီးသင်္ဂြိုဟ်ကာ အရိုးပြာတွေကို ရန်ကုန်နဲ့ မိုင်းပွန်မှာ ခွဲထားပါတယ်။


လုပ်ကြံမှုကြီးဖြစ်ခဲ့တဲ့ ဇူလိုင်၊ ၁၉ရက်၊ မနက် ၁၀နာရီ၊ ၃၇မိနစ် မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်းနဲ့ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့ ကွယ်လွန်ခဲ့ပေမဲ့ သက်တော်စောင့် ကိုထွေးကတော့ ၁ဝ နာရီ ၄၅ မိနစ်၊ ဒီးဒုတ်ဦးဘချိုက မွန်းလွဲ ၁ နာရီ ၄၅ မိနစ်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းကတော့ ဇူလိုင်လ ၂ဝ ရက်နေ့မှ ကွယ်လွန်သွားတာဖြစ်ပြီး တစ်ချိန်တည်း ကျဆုံးတာမဟုတ်ပါဘူး။


ဒီလိုမျိုး နိုင်ငံတော်လုပ်ကြံမှုကြီးမှာ ဂဠုန်ဦးစော နှင့် အပေါင်းအပါတွေကို ပြစ်ဒဏ်တွေချမှတ်ခဲ့ပေမဲ့ ဗြိတိသျှဝန်ထမ်းတစ်ဦးက စစ်သုံးကိရိယာတွေ ထောက်ပံ့တပ်ဆင်ပေးခဲ့ပြီး ပစ်ခတ်မှုအပြီး ဦးစော အိမ်ဘေးမှာရှိတဲ့ ရေကန်မှာ ပြန်လည်သိမ်းဆည်းရမိတာကြောင့် ဗြိတိသျှတို့လက်ချက်မကင်းကြောင်းလည်း ဖော်ပြထားပါတယ်။


Ref : Wiki, Internet

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ အာဇာနည်နေ့ရဲ့ လူသိနည်းသော သမိုင်းစာမျက်နှာ ချေးများစေ့စပ်တဲ့သူမက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦးဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါမရိုးတရိုးရှောင်တာက ကြောက်ခြင်းမဟုတ်