Author's Profile Photo

တင်ညွန့်

20/11/2025

လွတ်မြောက်ရာလမ်း

2 mins read
Life Style
General Knowledge
လွတ်မြောက်ရာလမ်း's photo

“To live is to suffer” ဆိုသည့် စာသားလေးတစ်ခုကို အမှတ်မထင်ဖတ်မိပြီး အတွေးပွားမိသည်။
“ဘဝတွင်အသက်ရှင်နေထိုင်ရခြင်းသည် ဒုက္ခဝေဒနာ ခံစားဖို့လား”
“အသက်ရှင်ရခြင်းသည် ဆင်းရဲခြင်းလား”
ထိုသဘောတရားကိုပြောသူမှာ ဗစ်တာ ဖရန်ကယ် (Viktor Frankl) ဆိုသည့် စိတ်ပညာရှင်တစ်ဦးဖြစ်ပါသည်။

ကျွန်တော်ကတော့ အသက်ရှင်ရခြင်းသည် ဒုက္ခတစ်ခုအနေဖြင့် မတွေးမိပါ။ သေရခြင်းထက် ရှင်ရခြင်းက ပိုပြီးအဓိပ္ပာယ်ရှိသည်ဟုသာမြင်ပါသည်။ ကျွန်တော်တို့ ရှင်သန်နေခြင်းကြောင့်သာ တိုက်ပွဲဝင်နိုင်ကြသည်။

ကျွန်တော်တို့သည် လူဖြစ်နေသောကြောင့် နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နေကြ ရသည်။ ကျွန်တော်တို့ မလွဲမသွေရင်ဆိုင်ကျော်ဖြတ်ကြရမည့်အရာများဖြစ်သည်။ လူသည် ရုပ်ခန္ဓာရှိခြင်း ကြောင့်ပင် ဖျားနာခြင်းဒုက္ခကို ခံစားကြရသည်။ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း ပူပန်မှု၊ စိုးရိမ်မှု၊ အိပ်မက်တွေ ပျက်ဆီးမှု၊ ချစ်ရသူနှင့်ကွေကွင်းရမှုအတွက် ဆင်းရဲဒုက္ခများကိုလည်း ခံစားကြရသည်။

Viktor Frankl ၏ အသက်ရှင်ရခြင်းမှာ ဒုက္ခဆင်းရဲသို့ရောက်ရန်လားဆိုသည့်အဆိုမှာ အဆိုးမြင်သဘောနှင့် ပြောခြင်းမဟုတ်ပါ။ ဖြစ်တတ်သည့်လူ့သဘာဝကို ပြောခြင်းသာဖြစ်ပြီး ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်ကြရန် နှိုးဆော်ထားခြင်းသာဖြစ်သည်။

သူက
“အသက်ရှင်အောင် နေထိုင်ပြီး ထိုဒုက္ခဆင်းရဲတွင် ဘဝအဓိပ္ပာယ်ကို ရှာဖွေနိုင်အောင်ကြိုးစားမှသာ လူပီသမည်” ဆိုသည့်သဘောကို‌ပြောခြင်းဖြစ်သည်။

ကျွန်တော်တို့ ဒုက္ခကိုရင်ဆိုင်ပြီး ရှင်သန်နိုင်အောင်ကြိုးစားကြရန်သာဖြစ်သည်။ အဘယ်ကြောင့်နည်း
“လူဖြစ်နေသောကြောင့်ပင်”
ဤနေရာတွင် အတွေးအခေါ်ပညာရှင် Fredrich Nietzche ၏ အယူအဆတစ်ခုကို ပြောချင်သည်။

နစ်ချေးက
“What doesn’t kill us makes us stronger.” ဟူ၍ဆိုခဲ့သည်။
သူပြောချင်သည့်သဘောမှာ
မသေစေသည့်အရာက ကျွန်တော်တို့ကို ပိုပြီးသန်မာအောင် လုပ်ပေးသည်ဆိုသည့်သဘောဖြစ်သည်။
ကျွန်တော်တို့ဘာကိုမှုရမည်နည်း။

ကိုဗစ်ကပ်ရောဂါဘေးကို ကျွန်တော်တို့ ဆိုးရွားစွာရင်ဆိုင်ခဲ့ကြရသည်။ ထိုကပ်ရောဂါဘေးကြီးက ကျွန်တော်တို့ လွတ်မြောက်ပြီး ရှင်သန်နေခဲ့ကြပြီးပြီ။

ကျွန်တော်တို့ အသက်မသေခဲ့ခြင်းက ဒုက္ခဝေဒနာများကို ပိုပြီးရင်ဆိုင်နိုင်စေရန် ကြံ့ခိုင်သန်မာစေခဲ့သည်။ ကျွန်တော်တို့ အသက်ရှင်ကျန်နေခဲ့ခြင်းထက် ဘာကများပိုပြီးအဓိပ္ပာယ်ရှိနိုင်ပါအံ့နည်း။ ဒုက္ခပေါ် ဒုက္ခဆင့်လာ တော့လည်း ရင်ဆိုင်တိုက်ပွဲဝင်ရန်သာဖြစ်သည်။

ကျွန်တော်တို့ရင်ဆိုင်နိုင်ရမည်
ကျွန်တော်တို့ကျော်ဖြတ်နိုင်ရမည်။
ဗုဒ္ဓကလည်း “ဒုက္ခသစ္စာ” ကို ဟောကြားတော်မူခဲ့သည်။
ဗုဒ္ဓက မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့ကို ဒုက္ခဆင်းရဲခြင်းအဖြစ် ဟောကြား ခဲ့သည်။

ဗုဒ္ဓဟောကြားသည့် ဒုက္ခသစ္စာ၏ သဘောတရား (The Truth of Suffering) မှာ
မချစ်မနှစ်သက်သူတွေနှင့် တွေ့ဆုံနေရခြင်းကြောင့် ဆင်းရဲခြင်း
ချစ်ခင်နှစ်သက်သူတို့နှင့် ကွေကွင်းရခြင်းကြောင့် ဆင်းရဲခြင်း
လိုချင်တာမရခြင်းကြောင့် ဆင်းရဲခြင်း
မလိုချင်တာရခြင်းကြောင့် ဆင်းရဲခြင်းတို့ဖြစ်သည်။

ဗုဒ္ဓ၏ “The Truth of Suffering” နှင့် ဒဿနအမြင်ဖြစ်သည့် "To live is to suffer" တို့သည် တူမယောင်နှင့် မတူပါ။

ဗုဒ္ဓက ဒုက္ခကိုသာမက ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်အကြောင်းတရားကိုလည်း ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓ အယူအဆတွင် ဆင်းရဲခြင်း၏ အကြောင်းတရားသည် “တဏှာ” ကြောင့်ဖြစ်သည်။ တဏှာကိုပယ်သတ် နိုင်လျှင် ဆင်းရဲခြင်းက လွတ်မြောက်နိုင်မည်ဖြစ်သည်။ ဗုဒ္ဓဘာသာက ဒုက္ခကိုတွေ့ရုံမျှမက ဒုက္ခမှလွတ်မြောက် နိုင်မည့် လမ်းစဉ် “မဂ္ဂသစ္စာ” ကိုပါ ပြသလမ်းညွှန်ပေးပါသည်။

Viktor Frankl တို့လို ခေတ်သစ်ဒဿနပညာရှင်များကမူ ဆင်းရဲဒုက္ခတို့ကို ကျော်လွှားလွတ်မြောက်နိုင်စေရန် ကြိုးစားမည့်အစား ထိုဆင်းရဲခြင်းကို ရင်ဆိုင်ပြီး၊ ဘဝအဓိပ္ပာယ်ကို ထိုဒုက္ခဆင်းရဲထဲတွင်သာ ရှာဖွေရန် အားပေး သည်။

မိမိနှစ်သက်သလို ရင်ဆိုင်ကြရန်သာဖြစ်သည်။

တင်ညွန့်
၂၁.၉.၂၀၂၅

Keep Reading

လွတ်မြောက်ရာလမ်း မသေမချင်း လူငယ်နှင့် အောင်မြင်မှု...စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေရွာရိုးကိုးပေါက်‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်သူဌေးဝါဒ (၂၃)